အားလုံးသိကြတဲ့အတိုင်း လက်ရှိအချိန်မှာတော့ အမေရိကရဲ့ သမ္မတဟာ Joe Biden ဖြစ်သွားခဲ့ပြီးတော့ ဒုတိယသမ္မတအနေနဲ့ကတော့ Kamala Harris ဖြစ်သွားခဲ့ပါပြီ။ Kamala Harris ဟာ အမေရိကရဲ့ပထမဆုံးသော ဒုသမ္မတအဖြစ် ထမ်းဆောင်ခွင့်ရခဲ့တဲ့ အမျိုးသမီးဒုသမ္မတဖြစ်လာခဲ့တာပါ။
View this post on Instagram
Kamala ဟာ သူမရဲ့ စမတ်ကျမှုတွေနဲ့ ထက်မြက်မှုတွေကြောင့် ကျော်ကြားသလိုပဲ လူမှုကွန်ယက်တွေပေါ်မှာ Kamala ဝတ်တဲ့အဝတ်အစားတွေဟာလည်း ခေတ်စားလျက်ရှိနေပါတယ်။ Suit အပြည့်ကိုမှ Converse ဖိနပ်စီးပြီး ပုလဲရတနာတွေဝတ်လေ့ရှိတဲ့ Kamala ရဲ့ ကိုယ်ပိုင်စတိုင်လေးဟာ အမျိုးသမီးထုတွေကြားထဲမှာ ခေတ်စားလာတဲ့အပြင်ကိုမှ မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းကိုလည်း ခံလာခဲ့ရပါတယ်။
View this post on Instagram
Joe Biden သမ္မတကျမ်းကျိန်ပွဲမကျင်းပမှီ ရက်ပိုင်းအလိုလောက်တုန်းကဆိုရင် Joe Biden နဲ့ Kamala Harris တို့ သတင်းတွေဟာ မီဒီယာတွေပေါ်မှာ ပလူပျံနေခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအထဲကမှ မီဒီယာတစ်ခုကတော့ Kamala Harris ကို sexism လုပ်သလိုဖြစ်သွားခဲ့တာဖြစ်ပါတယ်။ အဲဒီမီဒီယာကတော့ ကမ္ဘာကျော် စီးပွားရေးမဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes ပါပဲ။

Forbes ဟာ ဇန်နဝါရီလ ၁၆ ရက်နေ့တုန်းက ကျန်းကျိန်ပွဲပြီးတာနဲ့ Joe Biden အနေနဲ့ အိမ်ဖြူတော်ကိုပြောင်းမှာဖြစ်ပြီးတော့ သမ္မတတာဝန်တွေကို အချိန်မဆိုင်းဘဲ ထမ်းဆောင်တော့မယ်ဆိုပြီး သတင်းတင်ခဲ့ပါတယ်။

ထပ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့၊ ကျမ်းကျိန်ပွဲမတိုင်ခင် တစ်ရက်မှာတော့ Forbes ကပဲ ကျမ်းကျိန်ပွဲကျရင် Kamala Harris တစ်ယောက် ဘာဝတ်မလဲဆိုတဲ့ခေါင်းစဉ်ကြီးနဲ့ သတင်းတစ်ပုဒ် Twitter မှာ တက်လာခဲ့ပါတယ်။ နောက် သတင်း caption ရဲ့ အဆုံးနားလေးမှာလည်းပဲ “ဘွတ်ဖိနပ်လေးစီးပြီး တစ်ကိုယ်လုံပုလဲသီကာ ပွဲခံမှာလား” ဆိုတဲ့ပုံစံမျိုးနဲ့ ရေးလာခဲ့တာပါ။
ဒါကို ပြည်သူတွေကသတိထားမိပြီးတော့ လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ဆံမှုပြုတယ်ဆိုကာ Forbes ကိုဝေဖန်တဲ့ ပိုစ့်တွေကို Twitter မှာ တောက်လျှောက်တင်လာခဲ့ကြပါတယ်။
Oh, hello there sexism. pic.twitter.com/niTdkV7mfb
— Abe Greenspoon (@worldofabe) January 19, 2021
The more things change, the more they stay the same♀️ https://t.co/FcJZNfs5NZ
— Anjana Pillai (@anjanap02) January 21, 2021
အမျိုးသမီးတွေကိုဆိုရင် သူတို့ဘာလုပ်သလဲထက်၊ ဘာဝတ်သလဲ ဘယ်လိုတွေပြင်လာသလဲဆိုတာကိုပဲ ဦးစားပေးဖော်ပြနေတဲ့ မီဒီယာတွေရဲ့ သာမန်အကျင့်တစ်ခုဟာ sexism ဖြစ်နေတဲ့အတွက်ကြောင့် လောကကြီးမှာ ဘယ်လိုမှ ပြင်လို့ရမှာမဟုတ်ပါဘူးလို့ လူတွေကတော့ ပြောနေကြပါတယ်။
Oh yes, what she will wear is definitely more important than what she’ll do… #facepalm pic.twitter.com/FQvqTKQqpK
— Amy Richardson (@Ames_at_Work) January 19, 2021
Oh yes, what she will wear is definitely more important than what she’ll do… #facepalm pic.twitter.com/FQvqTKQqpK
— Amy Richardson (@Ames_at_Work) January 19, 2021
This is Disgusting. Can we please stop treating women in politics like they are on a fashion runway? How about what she’s thinking or what she’s planning to do. Her clothing choice is just not that important.
— John Tartt (@jtartt) January 20, 2021
penny