WWE နပန်းပွဲတွေကို ကြည့်ဖူးတဲ့ ပရိသတ်တွေကတော့ နပန်းသမား လူကြမ်းကြီး Kane ကို သိကြမှာပါ။ နပန်း ပွဲတွေမှာတော့ WWE ရဲ့ ဇာတ်ညွှန်းတွေအရကော သူ့ရဲ့ ကြမ်းတမ်းတဲ့ ရုပ်ရည်ကြောင့်ပါ ဗီလိန်ဆန်တဲ့ နေရာ က အမြဲလိုလို အသုံးတော် ခံခဲ့ရပါတယ်။ ဒါကြောင့် ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေထက် မုန်းတီးတဲ့ပရိသတ် ပိုများခဲ့တဲ့ နပန်းသမားတစ်ဦးပါ။

နာမည်ကြီး နပန်းသမား The Undertaker နဲ့ ဖအေတူ မအေကွဲ ညီတော်စပ်သူ Kane ရဲ့ အမည်ရင်းကတော့ Glenn Thomas ဖြစ်ပါတယ်။ သူဟာ အသက်(၅၁)နှစ်အရွယ်ရှိပြီ ဖြစ်တာကြောင့် အရင်လို နပန်းပွဲတွေမှာ မကြာခဏ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပါဘူး။ သက်တူရွယ်တူ နပန်းသမားလိုပဲ Kane ဟာ ကစားတဲ့ အချိန် ထက် နားတဲ့ အချိန်ပိုများနေပါပြီ။ ဒါကြောင့် နပန်းလောကကို ကျောခိုင်းပြီး အခြားနယ်ပယ်တစ်ခုထဲမှာ အခြေ ချဖို့ Kane ပြင်ဆင်နေခဲ့ပါတယ်။
နပန်းသမားအများစုဟာ အနားယူချိန်မှာ သရုပ်ဆောင်လောကထဲကို ၀င်သွားလေ့ရှိပေမယ့် Kane ရွေးချယ်မှု ကတော့ ထူးခြားလွန်းနေပါတယ်။ Kane ပြောင်းရွှေ့အခြေချမယ့် နယ်ပယ်ကတော့ နိုင်ငံရေးနယ်ပယ်ပါ။ လက်ရှိနေထိုင်နေတဲ့ အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်ရဲ့ Knox County မြို့တော်ဝန်ရွေးပွဲမှာ မြို့တော် ၀န်လောင်းအဖြစ် ၀င်ရောက်ရွေးချယ်ခံခဲ့တာပါ။



အောက်ခြေအဆင့် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Kane ဟာ မကြာခင်ယှဉ်ပြိုင်ရတော့မယ် အထွေထွေရွေး ကောက်ပွဲမှာလည်း အနိုင်ရပြီး မြို့တော်ဝန်အဖြစ် အရွေးခံရဖို့ တစ်ပြေးနေပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၇)ခုနှစ် ဧပြီ လတည်းက မဲဆွယ်မှုတွေ မရပ်မနားပြုလုပ်ပြီး အလုပ်ကြိုးစားခဲ့တဲ့ အကျိုးကို သူနဲ့ သူ့အဖွဲ့သားတွေ ပြန်ခံ စားရတာပါလို့ လူကြမ်း နပန်းသမားကြီး Kane ကတော့ ဂုဏ်ယူစွာနဲ့ သူ့အဖွဲ့သားတွေကို ချီးကျူးခဲ့ပါတယ်။

Big Red Machine လို့ နာမည်ပြောင်ပေးခံထားရတဲ့ Kane က သူယှဉ်ပြိုင်ရမယ့် သူ့ရဲ့ ပြိုင်ဘက်တွေနဲ့ ပတ် သတ်ပြီးလည်း “ကျွန်တော့်ပြိုင်ဘက်တွေက လူကောင်းတွေပါ။ သူတို့ လူတော်တွေဖြစ်ပေမယ့် ပြည်သူတွေဟာ ဆန်းသစ်တဲ့ အတွေးအခေါ် ၊ အယူအဆတွေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကျွန်တော့်လို လူသစ်တစ်ဦးကို အားပေးသွားမယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Ref : WWE , The Guradian