အရမ်းကိုပေါ်လွင်စေလွန်းတဲ့ ဝတ်စုံနဲ့ ပွဲတက်ဖြစ်ခဲ့တဲ့အကြောင်းပြောပြလာတဲ့ Kang Hanna

လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက တောင်ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Kang Hannaဟာ  ရုပ်ရှင်ပွဲတော်တစ်ခုကို အတွင်းသားတွေ ပေါ်လွန်းစေတဲ့ ပွဲတက်ဝတ်စုံနဲ့ ပွဲတက်ခဲ့တာကြောင့် အင်တာနက်ပေါ်မှာ လူရှာဖွေမှုအများဆုံးခံခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။

လတ်တလောမှာ ထုတ်လွှင့်ပြသထားတဲ့ Happy Together 4 အပိုင်းမှာတော့ Kang Hannaဟာ လွန်ခဲ့တဲ့ ၅နှစ်က သူမရဲ့ ထင်ပေါ်လွန်းတဲ့ ပွဲတက်ဝတ်စုံနဲ့ ပတ်သတ်ပြီးပြောပြခဲ့ပါတယ်။ အဲဒီဝတ်စုံကိုတော့ မင်းသမီးတွေကြားမှာ နာမည်ကြီးတဲ့ တံဆိပ်ဖြစ်တဲ့ Maglogan က ဝယ်ယူခဲ့တာဖြစ်ပြီး လူတွေကြားမှာ ပေါ်ထင်စေတဲ့ ဝတ်စုံတစ်ခုတော့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဝတ်စုံဟာ Kang Hannaရဲ့ နောက်ကျောတစ်ခုလုံးကို အထင်းသားကြီးမြင်နေရတာပါ။

Magloganကတော့ အင်္ကျီတွေရဲ့ဟာ အမျိုးသမီးတွေရဲ့ ရင်သားအလှကိုပဲအဓိကဖေါ်ပြလေ့ရှိတာကြောင့် Kang Hannaရဲ့ ဝတ်စုံကိုတော့ တစ်မူထူးခြားသွားအောင် ကျော်ဘက်နဲ့ ခါးကောက်ကြောင်းနေရာအထိပါ ပေါ်လွင်စေတဲ့ ဒီဇိုင်းကို ရေးဆွဲခဲ့တာလို့ kang Hannaကပြောပြခဲ့ပါတယ်။

READ
ကမ်းခြေဓါတ်ပုံရိုက်ကွင်းပေါ်က Kendall Jenner နဲ့ Gigi Hadid တို့ရဲ့ပုံရိပ်များ

kang Hannaကတော့ အဲဒီဝတ်စုံဝတ်ခဲ့တဲ့ အချိန်ကို ပြန်တွေးကြည့်တော့ နည်းနည်းတော့ အမြင်ရိုင်းခဲ့တယ်လို့ ပြောခဲ့ပြီး လူတွေက သူမရဲ့ အောက်ပိုင်းမှာ တက်တူးထိုးထားတယ်လို့လည်း စွပ်စွဲကြသေးတယ်လို့ ပြောခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ Yoo Jae Suk ကတော့ အဲဒီဝတ်စုံကို ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး kang Hannaကို ချီးကျူးစကားပြောခဲ့ပါတယ်။ တော်တော်များများကလည်း သူမရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာကို ချီးကျူးခဲ့ကြပါတယ်။

Source: Koreaboo

SHARE