ကလေးငယ်တွေ ကိုယ်တိုင်တပ်ဆင်ပြီး အသုံးပြုလို့ရမယ့် Kano PC အကြောင်း

Kano Official Website

Kano ကုမ္ပဏီ ဟာ ကလေးတွေအတွက် ကွန်ပြူတာတွေကို သီးသန့်ထုတ်လုပ်တဲ့ လန်ဒန်အခြေစိုက် နည်းပညာ ကုမ္ပဏီတစ်ခုပါ။ သူတို့ ကုမ္ပဏီက ထုတ်လုပ်တဲ့ ကွန်ပြူတာတွေ၊ လက်ပ်တော့တွေဟာ ဈေးနှုန်းသက်သာသလို ကလေးငယ်တွေ အသုံးပြုလို့အဆင်ပြေအောင် အထူးရည်ရွယ် ဖန်တီးထားတာာပါ။ ထူးခြားချက်ကတော့ Kano က ထုတ်လုပ်တဲ့ ပစ္စည်းတိုင်းဟာ ကိုယ်တိုင်တပ်ဆင်ရတဲ့ DIY ပစ္စည်းတွေချည်းဖြစ်တာကြောင့် ကလေးငယ်တွေအတွက် ကစားရင်းနဲ့ နည်းပညာပစ္စည်းတွေ တပ်ဆင်ပုံကိုပါ တစ်ဆက်တည်း သင်ကြားပြီးသား ဖြစ်သွားစေပါတယ်။

ကမ္ဘာကျော် နည်းပညာကုမ္ပဏီဖြစ်တဲ့ Microsoft ဟာ Kano နဲ့ ပူးပေါင်းပြီး Window 10 OS ကို အသုံးပြုထား တဲ့ Kano PC တွေကို မကြာခင်မှာ ထုတ်လုပ်သွားတော့မှာပါ။ Window 10 OS ဆိုပေမယ့် Window 10 S လို့ ခေါ်တဲ့ သီးသန့်ဖန်တီးထားတဲ့ OS တစ်မျိုးကို အသုံးပြုသွားမှာဖြစ်ပြီး လက်ပ်တော့လိုရော၊ တက်ဘလက်လိုပါ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

READ
ဂိမ်းထဲမှာပဲ လေ့ကျင့်ဖူးပေမယ့် လက်တွေ့ပြိုင်ပွဲမှာပါ အံ့အားသင့်သွားစေခဲ့တဲ့ ပြိုင်ကားသမား
Kano Official Website
Kano Official Website

မျက်နှာပြင်ဖန်သားရဲ့ အကျယ်ကတော့ ၁၁.၆ လက်မရှိမှာဖြစ်ပြီး 1.44 GHz Intel Atom Processor ကို အသုံးပြုထားမှာဖြစ်လို့ မြန်နှုန်းအတွက်ကလည်း စိတ်ပူစရာ မရှိပါဘူး။ Ram က 4 GB ရှိမှာဖြစ်ပြီး သိုလှောင်မှု ပမာဏအနေနဲ့ကတော့ 64 GB ကနဦး ပါဝင်မှာဖြစ်သလို SD ကတ်အသုံးပြုပြီးလည်း ပမာဏ ထပ်မံမြှင့်တင်လို့ ရပါတယ်။ ကလေးတွေအတွက် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ထားတယ် ဆိုပေမယ့်လည်း HDMI အပေါက်၊ နားကျပ်ပေါက်၊ မိုက်ကရိုဖုန်းပေါက်၊ USB ပေါက်(၂)ခု ပါဝင်မှာဖြစ်ပြီး WiFi နဲ့ Bluetooth စနစ်တွေကိုလည်း ထည့်သွင်းပေးသွားမှာပါ။ ၂၀၁၉ အောက်တိုဘာလ(၂၁)ရက်နေ့မှာ စတင်ဖြန့်ချီသွားမှာဖြစ်ပြီး ဈေးနှုန်းကတော့ (၂၉၉.၉၉) အမေရိကန်ဒေါ်လာ ကျသင့်သွားမှာဖြစ်ပါတယ်။

READ
သင်မသိလောက်သေးတဲ့ Google ရဲ့ လုပ်ဆောင်ချက်(၁၀)ချက်

Kano ဟာ ယခင်ကတည်းက ကလေးတွေအတွက် DIY နည်းပညာပစ္စည်းတွေ ထုတ်လုပ်မှုကြောင့် နာမည် ကြီးလာခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အခြားလက်ပ်တော့နဲ့ တက်ဘလက်များစွာ ထုတ်လုပ်ခဲ့ဖူးပါတယ်။ Kano က ကိုယ်ပိုင်ထုတ်လုပ်ထားတဲ့ OS ၊ Raspberry Pi 3s OS အသုံးပြုထားတဲ့ လက်ပ်တော့နဲ့ တက်ဘလက်တွေ ထုတ်လုပ်ခဲ့ဖူးပေမယ့် Window OS ကိုတော့ အခုမှ ပထမဆုံးအကြိမ် အသုံးပြုခဲ့တာပါ။ Microsoft နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Kano PC တွေနဲ့ ပတ်သတ်ပြီး “ ၂၁ ရာစု စာသင်ခန်းတွေအတွက် အထူးရည်ရွယ် ထုတ်လုပ် ထားပါသည်” လို့လည်း Kano က ကြွေးကြော်ထားပါတယ်။

Source: The Verge

SHARE