အပြစ်မရှိပဲ ထောင်(၂၃)နှစ်ကျခဲ့ပြီးနောက် လျော်ကြေးဒေါ်လာ(၁.၅)သန်းရခဲ့သူ

Twitter

အမေရိကန်နိုင်ငံ၊ ကန်ဆက်မြို့မှာနေထိုင်တဲ့ လာမွန်တေး ဆိုသူ အမျိုးသားဟာ အသက် (၁၇)နှစ်အရွယ်မှာပဲ လူနှစ်ယောက်ကို သတ်မှုနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ထောင်ထဲမှာ (၂၃)နှစ်ကြာ အချိန်ကုန်ဆုံးခဲ့ရတာပါ။

(၁၉၉၄)ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုမှာ လာမွန်တေး က ဒေါ်နယ် အီဝင်း နဲ့ ဒိုနီယယ် ကွင်း တို့ကို သတ်ဖြတ်ခဲ့တယ်လို့ ရဲတွေက စစ်ဆေးတွေ့ရှိခဲ့ကြပြီး သူ့ရဲ့ DNA က လူသတ်သမားလို့ ကောက်ချက်ချဖို့ လုံလောက်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့် သံတိုင်တွေနောက်မှာ (၈၅၈၃)ရက်ကြာ အချိန်ကုန်ဆုံးခဲ့ရပြီးနောက်မှာတော့ တရားရုံးက သူ့ရဲ့အမှုကို ပြန်လည်စစ်ဆေးပေးဖို့ ဆုံးဖြတ်ခဲ့ပြီး (၂၀၁၇) အောက်တိုဘာ မှာ စစ်ဆေးမှုတွေကို ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။

စစ်ဆေးမှုတွေအပြီးမှာတော့ တရားရုံးက လာမွန်တေး ကို ပြစ်ဒဏ်ကနေ ကင်းလွတ်စေခဲ့ပြီး တရားခံအနေနဲ့ မှားယွင်းပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ပြင်ဆင်ဆုံးဖြတ်ခဲ့တာပါ။

(၂၀၁၉)ခုနှစ်မှာတော့ လာမွန်တေး က သူ့အနေနဲ့ မှားယွင်းပြီး ထောင်ဒဏ်ကျခံခဲ့ရတာကြောင့် ဥပဒေပိုင်ဆိုင်ရာ နစ်နာမှုတွေအတွက် လျော်ကြေးရဖို့ တရားရုံးမှာ ပြန်လည်လျှောက်ထားခဲ့တာပါ။ ဒီအမှုက အမေရိကန်နိုင်ငံတွင်းမှာ နာမည်ကြီးတဲ့ အမှုတစ်ခု ဖြစ်ခဲ့ပြီး ထောင်ထဲမှာ အပြစ်မရှိပဲ (၂၃)နှစ်ကြာအောင် အချိန်ကုန်လွန်ခဲ့ရတဲ့ အမျိုးသားအတွက် တရားမျှတမှုတစ်ခု ပြန်လည်ရသင့်တယ်လို့ အားလုံးက ယူဆခဲ့ကြတာပါ။

READ
လူနာပြုတ်ကျနေခဲ့တာကို (၁၆)မိုင်လောက်မောင်းပြီးမှ သိတဲ့လူနာတင်ကားဆရာ

ဖေဖော်ဝါရီ (၂၄)ရက်နေ့မှာတော့ အမေရိကန်နိုင်ငံရဲ့ ရှေ့နေချုပ်ရုံးက လာမွန်တေး အတွက် လျော်ကြေးငွေ ဒေါ်လာ (၁.၅)သန်း ပေးဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး (၂၀၂၀)နဲ့ (၂၀၂၁)ခုနှစ်တွေမှာ ပြုလုပ်မယ့် ပြည်နယ်ကျန်းမာရေး အစီအစဉ်တွေမှာလည်း ပါဝင်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိမှာ အသက် (၄၁)နှစ်ရှိနေပြီဖြစ်တဲ့ လာမွန်တေး ဟာ သူ့ရဲ့ငယ်ဘ၀ကို ထောင်ထဲမှာ အချိန်ကုန်ခဲ့ရပေမယ့် အခုအချိန်မှာတော့ လျော်ကြေးငွေတွေနဲ့အတူ အေးချမ်းတဲ့ဘ၀တစ်ခုကို ပြန်လည်တည်ဆောက်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

READ
အကြိုက်ဆုံး သီချင်းတွေကို ထုတ်ပြလိုက်တဲ့ အိုဘားမားတို့ ဇနီးမောင်နှံ

Linn

SHARE