ရက်ပ်အဆိုတာ် Kanye West နဲ့ ဆယ်လီ Kim Kardashian တို့ဇနီးမောင်နှံဟာ လူတိုင်းက အားကျရတဲ့စံပြစုံတွဲအဖြစ်ရှိနေခဲ့တာပါ။
View this post on Instagram
သူတို့ရဲ့ မိသားစုလေးဟာ သားသမီး ၅ ယောက်နဲ့ စီစီကားကား ချမ်းချမ်းသာသာနဲ့ နေနေခဲ့တာပါ။ နောက် Kim နဲ့ Kanye ကလည်း အချင်းချင်းကလည်း ကြင်ကြင်နာနာနဲ့ တစ်ယောက်ကိုတစ်ယောက် supporting အပြည့်ပေးပြီး ချစ်ပေးနေခဲ့ကြတာပါ။
ဒါပေမဲ့ အခုသတင်းတွေတက်လာနေတာကတော့ သူတို့နှစ်ယောက်ဟာ ကွာရှင်းဖို့ အကြိတ်အနယ်ဆွေးနွေးနေခဲ့ကြပါတယ်တဲ့။ CNN ရဲ့ ဖော်ပြချက်အရ Kanye နဲ့ Kim နှစ်ယောက်သားဟာ အတူတူမနေတော့ဘဲ ခွဲပြီးနေနေခဲ့ကြတာ လအတော်ကြာနေခဲ့ပါပြီတဲ့။ Kanye ကတော့ Wyoming မှာ တစ်ယောက်တည်းနေနေပြီးတော့ Kim ကတော့ ကလေးတွေနဲ့အတူတူ California မှာပဲ ကျန်နေခဲ့တာပါ။
View this post on Instagram
View this post on Instagram
နှစ်ယောက်သား ကွာရှင်းဖို့အကြောင်းတွေဖန်နေခဲ့တာ လွန်ခဲ့တဲ့နှစ်တွေကတည်းကဆိုပေမယ့်လို့ Kim တစ်ယောက် သံယောဇဉ်မပြတ်နိုင်လို့ အချိန်ဆွဲနေခဲ့တဲ့အတွက် အခုထိ ကြာသွားခဲ့တာပါတဲ့။ သူမတစ်ယောက်တည်း ကလေးတွေကို အကုန်တာဝန်ယူဖို့ဆိုတာ မနိုင်လို့ပါတဲ့လေ။
View this post on Instagram
အခုတော့ ဘယ်လိုမှမတတ်နိုင်တော့တဲ့အဆုံး ကွာရှင်းဖို့အတွက် အကြိတ်အနယ် counseling လုပ်ပြီးကို ဆွေးနွေးနေခဲ့ကြပါပြီတဲ့။ ဘာကြောင့် ကွာရှင်းရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ အခုထိ ထုတ်ပြောထားခဲ့ခြင်းမရှိပါဘူး။
penny