ဇနီးဖြစ်သူ Kim ကိုဂုဏ်ပြုခဲ့တဲ့ Kanye West ရဲ့ အငြင်းပွားဖွယ်ရာ ဓာတ်ပုံ

[email protected]_official

ရက်ပါအဆိုတော် Kanye West ကိုတော့ တော်တော်များများ သိကြမှာပါပဲ။ Kanye West နဲ့ သူ့ရဲ့ မိန်းမ Kim Kardashian ဆိုရင် အနုပညာရှင်တိုင်း အားကျရတဲ့ စုံတွဲဖြစ်ရုံသာမက နှစ်ယောက်စလုံးက သက်ဆိုင်ရာ နယ်ပယ်တွေထဲမှာ အောင်မြင်နေတဲ့ စီးပွားရေးသမားတွေချည်းပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Kim တစ်ယောက် သူမရဲ့ အလှအပ ကုမ္ပဏီ KKW Beauty ရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းရောင်းချခဲ့ရလို့ ဘီလီယံနာစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။

https://www.instagram.com/p/B9HDCWQhBlO/

Kim တစ်ယောက် ဘီလီယံနာစာရင်းဝင်သွားတဲ့ အပေါ်မှာ သူမရဲ့ ခင်ပွန်းဖြစ်သူ Kanye က Twitter မှာ ဂုဏ်ယူကြောင်း ပို့စ်တင်ခဲ့ပါတယ်။ စာထဲမှာတော့ သူ့မိန်းမအရမ်းတော်ကြောင်း၊ ဒီလိုမျိုး ဘီလီယံနာတစ်ယောက်ဖြစ်သွားတဲ့အတွက်ကြောင့် သူ့အနေနဲ့ ဂုဏ်ယူမိကြောင်း၊ ရှေ့လျှောက်ပြီးလည်း ဒီထက်မက အောင်မြင်ပါစေကြောင်း အစရှိသဖြင့် စာရေးဂုဏ်ပြုခဲ့ပါတယ်။ ဒါကိုတော့ လူတိုင်းနားလည်ပါတယ်။ ဒါပေမယ့် လူတွေနားမလည်ပဲ ဒွိဟဖြစ်နေတဲ့ ကိစ္စကတော့ အဲဒီစာအောက်ကပုံ ဖြစ်ကြောင်း Billboard သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အပေါ်မှာ မြင်တွေ့ရတဲ့အတိုင်း အဲဒီပုံထဲမှာ ရွှေဖရုံသီးတစ်လုံး၊ ငရုတ်ပွတစ်လုံး၊ နှင်းဆီပန်းတစ်ပွင့်နဲ့ Lavender ပန်းတစ်ခက်ပါဝင်ခဲ့ပါတယ်။ ဘယ်လို အကြောင်းကြောင်းကြောင့်နဲ့ ဒီလိုမျိုးပုံတင်ခဲ့သလဲဆိုတာကိုတော့ ပရိသတ်အများစုက အငြင်းပွားနေကြသလို ဘယ်သူမှလည်း အခုထိ ဒီပုံရဲ့ အဓိပ္ပာယ်ကို ပုံမဖော်နိုင်သေးပါဘူး။ ဒီအဓိပ္ပာကို သိတဲ့ လူကတော့ Kanye West နဲ့ သူ့မိန်းမကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေရော… ဒီပုံရဲ့ အဓိပ္ပာယ်ကို ဖော်နိုင်ကြလားဗျ။

View this post on Instagram

The West Family Christmas Card 2019

A post shared by Kanye West (@kanyewestt_official) on

Pyi Hein Kyaw

SHARE