George Floyd ရဲ့ သမီး ပညာရေး အတွက် ထောက်ပံ့ပေးမယ့် Kanye West

Image:IG/Kim

လူမည်း အမျိုးသား George Floyd  သေဆုံးခဲ့တဲ့ ဖြစ်ရပ် ရဲ့ နောက်ဆက်တွဲ ဂယက် တွေ က တော့ တော် တော် လေး ဆိုးရွား နေပါတယ်။ ငွေတု သတင်း ပေး တာကို ရပြီး နောက် George Floyd ကို Derek Chauvin ဆိုတဲ့ ရဲ အရာရှိက လည်ပင်းကို ဒူးနဲ့ ထောက်ပြီး ဖမ်းခဲ့ရာ က နေ အသက်ရှု လို့ မရ တော့ပဲ သေဆုံးခဲ့တာပါ။ဒီ သေ ဆုံး မှု ရဲ့ နောက်ဆက်တွဲ ကြောင့် လူမျိုးရေးခွဲ ခြားမှု အတွက် ဆန္ဒ ပြ ပွဲ တွေ ပေါ် ပေါက်လာခဲ့ပါတယ်။တကယ်ပဲ လူဖြူ လူ မည်း တန်းတူ အခွင့် အ ရေးကို လိုလားလို့ ဆန္ဒပြ သူတွေ ရှိသလို ဆန္ဒပြ တယ်ဆိုတာကို ဗန်းပြ ပြီး လုယက် ဆူပူ မှုတွေ လုပ် နေကြသူတွေ လည်းရှိပါတယ်။ အ မေရိကန် ရက်ပ် ပါ အဆိုတော်  Kanye West က တော့ ကျန် ရစ် ခဲ့တဲ့ George Floyd  ရဲ့ သမီး လေး ပညာရေး အတွက် ငွေ လှူဒါန်း ပေးခဲ့ ပါတယ်။ဒီ အ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

A post shared by Kim Kardashian West (@kimkardashian) on

Kanye West ကတော့  အမေရိကန် ဒေါ်လာ (၂)သန်း ကို ကွယ်လွန်ခဲ့တဲ့ George Floyd, Ahmaud Arbery ၊ Breonna Taylor တို့ရဲ့ ကျန်ရစ်သူ မိသားစု တွေကို လှူခဲ့တယ်လို့ West ရဲ့ ကိုယ်စားလှယ် တစ်ဦးက ဆိုပါ တယ်။ဒီ  ပိုက် ဆံ တွေ ထဲမှာတော့ Arbery နဲ့ Taylor မိသားစု အတွက် ရှေ့ နေ ငှားရမ်းခ  အပါအ၀င် ချီကာဂို နဲ့ တခြားမြို့ တွေ က လူမည်းတွေရဲ့  စီးပွားရေး လုပ်ငန်းတွေ အတွက် လည်း ပါပါတယ်။ George Floyd ရဲ့ (၆)နှစ်အရွယ် သမီးလေး Gianna Floyd အတွက် တက္ကသိုလ် အဆင့်ထိ ပညာ ရေး အတွက် ထောက်ပံ့ ပေးမယ့် အစီအစဉ် လည်း ပါ တယ်လို့ West ရဲ့ ကိုယ်စားလှယ်ကေ ပြာပါတယ်။

READ
ဖခင်ဖြစ်သူကို လွမ်းဆွတ် တမ်းတနေတဲ့ Meadow Walker
Image:IG/Kim
George Floyd  သေဆုံးမှု က နေ အစပြု လို့ သူအပါအ၀င် တခြား လူမည်း  Arbery ၊Taylor တို့ရဲ့ သေဆုံး မှုတွေ နဲ့  ပတ်သက်ပြီး ဆန္ဒပြ ပွဲတွေ ဖြစ်ပေါ် နေပါတယ်။လူမျိုးရေး ခွဲခြားမှု တွေ ကို ဆုံး သတ် ပေးဖို့ နဲ့ ရဲ တပ်ဖွဲ့ ရဲ့ ရက်စက်တဲ့ လုပ်ရပ်  တွေ ကို ရပ်တန့် ပေးဖို့ ဆန္ဒပြေ တာင်းဆို သံ တွေ ကတော့ အ မေရိကန် တစ်ဝန်း မှာ ဆူ ညံ နေပါတယ်။George Floyd ရဲ့ သေဆုံးမှု အတွက် Minneapolis  ရဲ အရာရှိ (၃)ဦး ကိုတော့ ဖမ်းဆီး ထားပါ တယ်။Floyd  လည် ပင်း ပေါ်မှာ (၉)မိနစ် ကြာ အောင် ဒူးထောက် နေခဲ့တဲ့ ရဲအရာရှိ ဟောင်းDerek Chauvin ကိုတော့ လွန်ခဲ့တဲ့ သီတင်းပတ် တည်းက ဖမ်းဆီး ထားခဲ့ပါတယ်။
Image:IG/Kim
Arbery က တော့ လူမည်း အမျိုးသား ဖြစ်ပြီး ဖေဖော်ဝါရီ (၂၃)ရက်နေ့ တုန်းက Brunswick မှာ လမ်းလျှောက် ထွက် နေတုန်း ပစ် သတ် ခံခဲ့ရ သူပါ။သူ အသတ် ခံရမှု အတွက် လူဖြူ (၃)ယောက်ကို ဖမ်းထားပါတယ်။Taylor  ကလည်း ပြီးခဲ့တဲ့ မတ်လ တုန်းက သူ နေ တဲ့ အခန်းကို အရာရှိ (၃) ယောက်က အတင်းဝင်ရောက်ပြီး သေနတ် နဲ့ (၈) ချက် ပစ်သတ်တာကို ခံ ခဲ့ရသူပါ။သူမ ရဲ့ သေဆုံးမှု အတွက် တော့ FBI က စုံစမ်းစစ်ဆေးနေပါတယ်။

 

View this post on Instagram

 

Flashback

A post shared by Kim Kardashian West (@kimkardashian) on

#SHWEMOM
SHARE