သမ္မတအဖြစ် ၀င်အရွေးခံမယ့် ရက်ပ်ပါ Kanye West ကို Elon Musk ထောက်ခံ

Instagram- @kanye.west

အမေရိကမှာ သမ္မတအသစ်ရွေးကောက်ပွဲတွေ စတင်တော့မှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ ရွေးကောက်ပွဲကိုတော့ Kanye West ကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မနေရာဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိထားရပါတယ်။

 

ဒီအကြောင်းကိုတော့ သူ့ရဲ့ Twitter မှာ တင်လာခဲ့တာပါ။ အမေရိကန်နိုင်ငံကို ဘုရားသခင်ရဲ့ကောင်းချီးပေးမှုတွေနဲ့ ပြည်လည်ကောင်းအောင် ပြုပြင်ပေးဖို့ သူ့အနေနဲ့ သမ္မတအရွေးခံတော့ပါမယ်တဲ့လေ။

Kanye West ဟာ အမေရိကန် ရက်ပ်ပါတစ်ဦးဖြစ်ပြီး celebrity တစ်ဦးဖြစ်တဲ့ Kim Kardashian နဲ့လည်း လက်ထပ်ထားသူတစ်ဦးပါ။ သားသမီး ၄ ယောက်ရှိနေပြီး သူရောဇနီးသည်ရောကပါ ဘီလီယံနာတွေဖြစ်ကြပါတယ်။ Kanye West ကို အနုပညာရှင်အဖြစ် လူသိများတဲ့အပြင် Adidas နဲ့ ပူးပေါင်းထားတဲ့ Yeezy ဆိုတဲ့ အဝတ်အထည် brand ပိုင်ရှင်အဖြစ်လည်း သိထားခဲ့ကြပါတယ်။

View this post on Instagram

Happy Birthday to my King

A post shared by Kim Kardashian West (@kimkardashian) on

သူ့အနေနဲ့ အခုလိုမျိုး သမ္မတဝင်အရွေးခမယ်ဆိုတော့ နည်းပညာကုမ္ပဏီသူဌေးဖြစ်တဲ့ Elon Musk ကလည်း Kanye West ကို အပြည့်အဝထောက်ခံတယ်ဆိုပြီး ပြောလာခ့ပါတယ်။ Trump ထောက်ခံသူတစ်ဦးအနေနဲ့ အခုလိုမျိုး သမ္မတပါ ဝင်အရွေးခံတော့မယ်ဆိုတော့ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

READ
ရင်သားတွေကြီးလွန်းလို့ ကိုယ့်ဖိနပ်ကြိုးတောင် ကုန်းမချည်နိုင်တော့ဘူးဆိုတဲ့မော်ဒယ်

 

Penny

SHARE