၃၅ မိနစ်စာ Music Video ကြီးကို အခွေသစ်မှာထည့်သွင်းထားတဲ့ Kanye West

[email protected]

ကျွန်တော်တို့ music video တွေတော်တော်များများ ပုံမှန်ကြာချိန်ဆိုရင် ၃ မိနစ်၊ ၄ မိနစ်လောက်ပဲ ရှိတတ်ကြတယ်မဟုတ်လား။ နောက်ပိုင်းခေတ်စားလာတဲ့ ဇာတ်လမ်းတိုပုံစံ music video တွေဆိုရင်တောင်မှပဲ ၈ မိနစ်၊ ၁၀ မိနစ်ပဲ အလွန်ဆုံးကျွန်တော်တော့ကြည့်ဖူးတာပါ။ ဒါပေမဲ့ အခု Insider အပါဝင် မီဒီယာတော်တော်များများမှာတော့ ၃၅ မိနစ်တောင် ကြာမယ့် music video ကြီးတစ်ခုထွက်တော့မယ်ဆိုပြီး ဖတ်နေရပါတယ်။

[email protected]
Twitter-Kim Kardashian

Music video ကတော့ အမေရိကန်ရက်ပ်ပါ Kanye West ရဲ့ music video ပါတဲ့။ Kanye West ဟာ သူ့ရဲ့ album အသစ်ကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ပရိတ်သတ်တွေကြားထဲ တရားဝင်ချပြခဲ့ပါတယ်။ “Jesus is King” ဆိုတဲ့ နာမည်နဲ့အတူတူ ဒီ music video ထဲ Kanye West ရဲ့ ဘာသာတရားအပေါ် သက်ဝင်ယုံကြည်မှု၊ သူ့ရဲ့ခံယူချက်တွေ တော်တော်များများ ပါဝင်နေတာကို နားထောင်ပြီးသားလူတွေ သိကြမှာပါ။

READ
အကယ်ဒမီဆုပေးပွဲရဲ့ ဒါရိုက်တာဆု အတွက် တစ်ပြေးနေကြသူများ
[email protected]

အခု ၃၅ မိနစ်ကြာမယ်ဆိုတဲ့ music video ဟာလည်း album နာမည်ဖြစ်တဲ့ “Jesus is King” သီချင်းအတွက်ပဲဖြစ်ပြီး IMAX theaters ကနေ တာဝန်ယူရိုက်ကူးပေးသွားမှာပါတဲ့လေ။ ဇာတ်လမ်းတိုပုံစံ ရိုက်ကူးထားတဲ့အတွက်ကြောင့် သာမန် music video တွေနဲ့တော့ ကုန်ကျစရိတ်မတူဘဲ ပိုများနေမှာ အသိသာကြီးပါ။ ကုန်ကျစရိတ်များနေပြီဆိုတော့ ပရိတ်သတ်တွေအနေနဲ့ ဝယ်ကြည့်ရမယ်ဈေးကလည်း နည်းမှာမဟုတ်ပါဘူး။ Insider မှာ ဖော်ပြထားတာကတော့ mv ထွက်လာခဲ့ရင် ဝယ်ကြည့်ရမယ့်ဈေးက ၁၀ ဒေါ်လာကနေ ၁၉.၇၅ ဒေါ်လာအထိ ရှိနိုင်တယ်ဆိုပဲ။ ဆိုလိုတာ ၂ မိနစ်ကို မြန်မာငွေနဲ့တွက်ရင် ၂,၀၀၀ လောက်ပေးကြည့်ရမယ်ပေါ့။

[email protected]

ရုပ်ရှင်တွေမှာ trailer ထွက်သလိုပဲ Kanye West ရဲ့ “Jesus is King” music video ဟာလည်း official trailer ဆိုပြီး trailer ကို အောက်တိုဘာလ ၁၈ ရက်နေ့တုန်းကလည်းက IMAX ရဲ့ YouTube Channel မှာ တင်ထားခဲ့တာပဲဖြစ်ပါတယ်။

READ
ရုရှား တင်းနစ်မယ် Maria Sharapova ရဲ့ အမိုက်စားပုံများ

Penny

SHARE