ဇနီးဖြစ်သူရဲ့ အနမ်းကို ခပ်ချေချေ ငြင်းပယ်လိုက်တဲ့ Kanye West

Image:IG/Kim Kardashian

Kim Kardashian နဲ့  Kanye West တို့ကတော့ ကမ္ဘာ ကျော် ဆယ်လီ စုံတွဲ ပါ။အရမ်း လည်း လိုက်ဖက်တဲ့ စုံတွဲဖြစ်ပြီး နှစ်ယောက်လုံး ကလည်း သူ့ နေရာ နဲ့ သူ  အောင်မြင် မှု ရ နေကြတဲ့ စုံတွဲပါ။Kim Kardashian က  တော့ ကမ္ဘာကျော် TV Personality ၊social media personality အဖြစ် ရပ်တည်နေပါတယ်။ပုရိသတွေ အသည်းခိုက် လောက်တဲ့ Body အချိုးအစားမျိုး ကို ပိုင်ဆိုင်ထားသူပါ။အသက်(၃၉)နှစ် ရှိနေ ပေမယ့်လည်း အခုထိ နုပျို လှပ နေတဲ့ ဆယ်လီ တစ်ယောက်ပါ။အိမ် ထောင် ဆက်တွေ များခဲ့ဖူးတဲ့ သူမကတော့ အခုနောက်ဆုံး  Kanye West နဲ့ မှ  လက်တွဲ ခိုင်မြဲ နေပါတယ်။

Image:IG/Kim Kardashian

အဲ့လို မိန်းမ ချောကို ပိုင်ဆိုင်ထားတဲ့ Kanye West ကလည်း ကမ္ဘာကျော် ရက်ပါ အဆို တော် တစ်ယောက်ပါ။အသက် (၄၂)နှစ်ရှိပြီး ကမ္ဘာ ကျော် ရက်ပ် ပါ အဆိုတော်ပါ။ထူးခြားတဲ့ Music Style မျိုးတွေ ကြောင့် ရေပန်းစားနေသူ ဖြစ်ပြီး (၂၀၁၄)မှာတော့ Kim Kardashia နဲ့ လက်ထပ် ခဲ့ပါတယ်။ဇနီး ဖြစ်သူရဲ့ နောက်တော် ပါး မှာ အမြဲ လိုက်ပါ စောင့်ရှောက်တတ်သူပါ။သူတို့ စုံတွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ (၁၆) ရက်နေ့က NBA All Star ပွဲကို တက်ရောက်ခဲ့ပါတယ်။အရမ်းတွေ ချစ် အရမ်းတွေ ရို ကြတဲ့ သူတို့ စုံတွဲ ကတော့ ဒီတစ်ခါ ပွဲကျမှ အပေး အယူမမျှ ဖြစ်ခဲ့ ကြပါတယ်။

READ
SBS ပွဲမှာ ကိုရီးယားလိုဆိုပြီး အကောင်းဆုံး ဖျော်ဖြေတင်ဆက်ခဲ့တဲ့ ဖြူဖြူကျော်သိန်း
Image: IG/Kim Kardashian
Image: IG/Kim Kardashian

နှစ်ယောက် အတူ ထိုင်နေတုန်းက ကင်မရာက သူမဆီကို ဦးတည်လာချိန် မှာတော့ Kim က ကင်မရာကို တည့်တည့်ကြည့်ပြီး Pose မျိုးစုံ ပေးခဲ့ပါတယ်။အဲ့ဒီ နောက်မှာတော့ သူမ တစ်ယောက်တည်း Pose ပေး ရတာ အားမရ ပဲ ခင်ပွန်း ဖြစ်သူ ဘက်ကို လှည့်ပြီး နှစ်ယောက် အတူ ကြင်ကြင်နာနာ အနမ်းပေးတဲ့ ပုံမျိုး လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။သူမ ဘက်က တစ်ဖက်သတ်ကြီး နှုတ်ခမ်းဆူ ပြီး နမ်းဖို့ Ready လုပ် ပေမယ့် ခင်ပွန်း ဖြစ်သူ က တော့  မျက်မှန် ကြီးကို တပ်ပြီး ရှေ့ တည့်တည့်ကိုပဲ မျက်နှာ မူ နေခဲ့ပါတယ်။

Image: IG/Kim Kardashian
Image: IG/Kim Kardashian

တော် တော် ကြာတဲ့ အထိ မသိ ချင်ယောင် ဆောင် နေတဲ့ ခင်ပွန်း ရဲ့ အပြု အမူကြောင့် Kim တစ်ယောက် သိသိသာသာ မျက်နှာ ပျက်သွားခဲပါတယ်။ဒါပေမယ့်လည်း Kim က တော့ ဘယ်လို မှ ဇွဲ မလျော့ ပဲ ခင်ပွန်းရဲ့ ပါးကို ရ အောင် နမ်းသွားခဲ့ပါတယ်။နမ်းချင်နေတဲ့ Kim နဲ့ အနမ်းကို မသိချင်ယောင် ဆောင်ပြီး ငြင်းခဲ့တဲ့  Kanye West  တို့ရဲ့ ဗီဒီယိုဖိုင်ကတော့ တွစ်တာ မှာ ဟာသ တစ်ခု အဖြစ် ရေပန်းစားနေပါတယ်။

Source:businessinsider

SHARE