ခင်ပွန်း Kanye ဆီကနေ ရခဲ့ဖူးတဲ့ Kim Kardashianရဲ့ အလန်းစား စပရိုက်စ်လက်ဆောင်များ

ရပ်ပ်ပါ Kanye West ကတော့ ဇနီးဖြစ်သူ Kim Kardashian အတွက် အချစ်တွေကို နည်းမျိုးစုံနဲ့ ဖော်ပြတတ်သူတစ်ယောက်ဖြစ်ပါတယ်။ သူမကို ရည်ရွယ်တဲ့ သီချင်းစာသားတွေ၊ ဇိမ်ခံကားတွေ၊ အထူးချုပ်ထားတဲ့ ဒီဇိုင်နာ ဝတ်စုံတွေအထိ ဇနီးသည်ကို လက်ဆောင်တွေ တစ်မျိုးပြီးတစ်မျိုး ပေးတတ်သူပါ။

ပြီးခဲ့တဲ့ (၂၀၁၈)အောက်တိုဘာ (၂) ရက်နေ့ကဆိုရင် Kanye က Kim အတွက် ဒေါ်လာ (၁) သန်းတန် ချက်လက်မှတ်တောင် လက်ဆောင် ပေးခဲ့ပါတယ်တဲ့။ အကြောင်းအရင်းလည်း ရှိပါတယ်။ အဝတ်အစားကုမ္ပဏီတစ်ခုက Kim ကို ကြော်ငြာခ ဒေါ်လာ (၁) သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် Kanye က သူ ထောင်ထားတဲ့ Yeezy brand ကို ထိခိုက်မှာစိုးလို့ ကြော်ငြာခွင့် မပေးခဲ့ပါဘူး။ အဲ့ဒီ့အစား ဇနီးသည်အတွက် Mother’s Day အထိမ်းအမှတ်ကို အကြောင်းပြပြီး ဒေါ်လာ (၁) သန်းတန် ချက်ကို လက်ဆောင် ပေးခဲ့တာပါ။ ဘယ်နည်းနဲ့မှ အလစ်ဟာမခံသူပဲနော်။

People

ဒါဆို Kanye က အခုမှ ရိုမန်တစ်တွေ ဆန်တတ်လား.. အရင်ကတည်းကလား.. ဆိုတာ အောက်မှာ တစ်ချက်ကြည့်လိုက်နော်။

READ
Fifty Shades of Greyဇာတ်ကားတွေအတွက် နောင်တရမိတဲ့Dakota Johnson

စေ့စပ်လက်စွပ်

eonline

Kanye က Kim ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ စေ့စပ်လက်စွပ်ဟာ ဒေါ်လာ (၃) သန်းတန်တဲ့ (၁၅) ကာရက် စိန်လက်စွပ်ကြီးဖြစ်ပါတယ်။

လက်ထပ်ခွင့်တောင်းခဲ့ပုံ

eonline

ချစ်သူ Kim ကို လက်ထပ်ခွင့်တောင်းဖို့ ဆန်ဖရန်စ္စကိုက AT&T ဘေ့စ်ဘောကွင်းကြီးကို တစ်ကွင်းလုံး ငှားခဲ့ပါတယ်။ “Please marry me” ဆိုတဲ့ စာသားကို အမှတ်ပြဘုတ်ပေါ်မှာ ရေးထားခဲ့ပြီး လူ (၅၀) ပါတဲ့ တီးဝိုင်းကြီးကိုလည်း ငှားခဲ့ပါတယ်တဲ့။

ဗယ်လင်တိုင်းဒေး စပရိုက်စ်များ

eonline

သူတို့ လက်မထပ်ခင် (၂၀၁၄) ဗယ်လင်တိုင်းဒေးတုန်းက အီတလီမှာ Kanye ရဲ့ ဖျော်ဖြေပွဲကို Kim လာတော့ Kim ကိုင နှင်းဆီ (၁,၀၀၀) နဲ့ စပရိုက်စ်လုပ်ခဲ့ပါတယ်။ (၂၀၁၇) ရဲ့ ဗယ်လင်တိုင်းဒေးတုန်းကဆိုရင် အဖြူရောင် နှင်းဆီနဲ့ သစ်ခွတွေ စီထားတဲ့ နံရံကြီးကို ပို့ပေးခဲ့ပါတယ်။

စိန်တွေ စိန်တွေ ဆိုတာ..

eonline

ပထမ ရင်သွေးလေး မွေးဖွားပြီးတုန်းက Kanye က Kim အတွက် ဒေါ်လာ (၁) သန်းတန် စိန်လည်ပတ် ပေးခဲ့ပါတယ်တဲ့။

READ
ရေသူမလေးအလားသန္တာကျောက်တန်းတွေကြားမှာရေကူးနေတဲ့ပုံတွေမျှဝေလိုက်တဲ့အောန်ဆိုင်း

ဒေါ်လာ (၃) သောင်းခွဲတန် ရွှေနဲ့ စိန်ပါတဲ့ လက်ပတ်နဲ့ ဒေါ်လာ (၈) သောင်းကျော်တန် လက်ပတ်ကိုလည်း ပေးခဲ့ဖူးပါတယ်။

ခရစ္စမတ်လက်ဆောင်တွေ..

eonline

ပြင်သစ်နာမည်ကြီး brand, Hermès က ထုတ်တဲ့ Birkin အိတ်ပေါ်မှာ ကမ္ဘာကျော် ပန်းချီဆရာ George Condo ကို ပန်းချီဆွဲခိုင်းပြီး ဇနီးသည်ကို ခရစ္စမတ်လက်ဆောင်အဖြစ် ပေးခဲ့ဖူးပါသတဲ့။

(၂၀၁၅) ခုနှစ်ကဆို ဇနီးသည်အတွက် ခရစ္စမတ်လက်ဆောင် တစ်ခုတည်းနဲ့ မလုံလောက်ဘူးထင်ခဲ့တဲ့ Ye ဟာ လက်ဆေင် (၁၄၉) ခု ထပ်ပေးခဲ့ပါတယ်။ ဒီလက်ဆောင် (၁၅၀) မှာ Prada နဲ့ Louis Vuitton ဝတ်စုံတွေပါ ပါဝင်ခဲ့ပါတယ်။

eonline

Kanye ရဲ့ ရိုချက်တွေကတော့ ရေးမကုန်တာမို့ အသေးစိတ် မဖော်ပြထားတာတွေ အများကြီး ထပ်ရှိနေပါသေးတယ်နော်။ တန်ဖိုးကြီးကားတွေဆိုလည်း ပေးဖူးတာပါပဲ။ Kim တစ်ယောက်တော့ ရိုမန်တစ်အဆန်ဆုံး ခင်ပွန်းကို ရထားတာပါ..။

Ref: Eonline

SHARE