Kim Kardashian ဆက်စီကျလွန်းတဲ့အခါ သူ့ကိုထိခိုက်လာစေတယ်ဆိုတဲ့ Kanye West

[email protected], @kanyewest

မော်ဒယ် Kim Kardashian နဲ့ ရက်ပ်ပါ Kanye West တို့ဆိုတာဟာ ကမ္ဘာ့လွှမ်းမိုးနိုင်ဆုံး celebrity စုံတွဲများစာရင်းထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။ ဒါပေမဲ့လည်း နှစ်ယောက်သားဟာ သိပ်ချစ်ပြီး သိပ်နွေးထွေးလှတဲ့ ဆက်ဆံရေးတစ်ခုတော့ သိပ်မဟုတ်လှပါဘူး။ အခုလည်း Kaney West တစ်ယောက် ဇနီးရဲ့ ဝတ်ပုံစားပုံဟာ သူ့ကိုဂယက်ရိုက်စေတယ်လို့ ပြောခဲ့ဖူးတယ်ဆိုပြီး The Daily Beast အပါအဝင် မီဒီယာတော်တော်များများမှာ ဖော်ပြထားခဲ့ပါတယ်။

[email protected]

ပြဿနာရဲ့အစကတော့ Kim Kardashian ရဲ့ Met Gala ပွဲ ဝတ်စုံကြောင့်ပါ။ သဲနာရီပုံသဏ္ဍာန် ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းတွေကို ပိုပေါ်လွင်စေမယ့် အသားရောင်ကိုယ်ကြပ်ဂါဝန်ကို ဝတ်စင်ထားကာ ဝတ်စုံတစ်ခုလုံးမှာလည်း ရေစက်လေးတွေအလား ခိုသီးနေတဲ့ ကျောက်တွေ၊ စိုစွတ်နေတဲ့ ဆံပင်ပုံစံတွေဟာ Kim Kardashian တစ်ယောက် ပင်လယ်ထဲကနေ ကုန်းပေါ်ကို လောလောလတ်လတ်တက်လာပြီး ပွဲလာတက်နေတဲ့ ရေနတ်မိဖုရားတစ်ပါးသဖွယ်ပါပဲ။

READ
ချစ်သူနဲ့ပတ်သက်လို့ ခံယူချက်တွေကို အဓိပ္ပာယ်ဖွင့်လာခဲ့တဲ့ ဧငြိမ်းဖြူ
[email protected]
[email protected]
Instag[email protected]

ဒီလို လှပမှုမျိုးနဲ့ Kim ရဲ့ ၂၀၁၉ Met Gala ပွဲကို တက်လာတဲ့ Kim Kardashian ကို ကြည့်ပြီး ရက်ပ်ပါ Kanye West ကြီးတစ်ယောက် က “ဘာမှမဝတ်ထားသလို အတွင်းခံသာသာ အင်္ကျီနဲ့က မိုက်တယ်ပေါ့၊ ဘယ်နားကမိုက်တာလဲ” တဲ့။ ဒါကို ပွဲသွားဖို့အတွက် ပြင်ဆင်နေတုန်းမှာ ပြောခဲ့တာပါ။ ဒါနဲ့ ကြားထဲကနေပြီး Kim ရဲ့ stylist ကနေပြီး ဝင်ဖြန်ဖြေပေးခဲ့ပေမယ့်လို့ Kanye West ဟာ Kim ဟာ သူ့ဇနီးဖြစ်နေတာကြောင့် အရမ်းကို sexy ကျတဲ့အခါ သူ့ရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တယ်ဆိုပြီး ပြတ်ပြတ်သားသားပဲ ပိတ်ပြောခဲ့ပါတယ်လို့လည်း ဖော်ပြထားပါတယ်။

[email protected]
[email protected]

Kanye West ဟာ လက်တလောကမှ ဘာသာရေးဖက်မှာ ပိုအာရုံစိုက်လာခဲ့တာကို သူ့ပရိတ်သတ်တွေအနေနဲ့ သတိထားမိနေကြမှာပါ။ ဘုရားကျောင်းတွေ၊ အလှူအတန်းတွေကိုလည်း အရင်ကဖက် ပိုတက်၊ ပိုလုပ်လာခဲ့တာဖြစ်ပြီး အခုလို ဇနီးဖြစ်သူရဲ့ sexy ကျကျ ဝတ်စားဆင်ယင်ပုံတွေကို သူ့ရဲ့စိတ်ဝိဥာဉ်ကို တိုက်ခိုက်နေမှန်း အခုမှသိခဲ့တယ်တဲ့လေ။ အရင်တုန်းကတော့ Kanye West ဟာ Kim အနေနဲ့ အဖော်အချွတ်ပုံတွေ၊ ကိုယ်ကြပ်ဝတ်စုံတွေဝတ်တဲ့အချိန်တွေမှာဆို သဘောကျကြောင်း၊ Kim နဲ့ လက်ထပ်ပြီးကတည်းက ဇနီးသည်ရဲ့ အဝတ်ဗီရိုကို သူပဲ စီစဉ်ပေး သူပဲ ဘယ်ပွဲမှာ ဘာဝတ်ရမယ်ဆိုပြီး ချုပ်ချယ်ခဲ့ပေမယ့်လို့ ဘာသာရေးလိုက်စားပြီးနောက်ပိုင်း ဘာဝတ်၊ ဘာဆင်ဆိုပြီး ထိန်းချုပ်မှုတွေမရှိတော့ဘဲ ဆွဲဆောင်မှုရှိတဲ့ဝတ်စားဆင်ယင်ပုံတွေအပေါ် ဒီလိုစကားတွေပြောလာတယ်ဆိုတာကတော့ တော်တော်လေးကို ဆန်းကျယ်လွန်းနေပါပြီ။

READ
Sulli နဲ့ရိုက်ခဲ့တဲ့ အိပ်ယာပေါ်က ဇာတ်ဝင်ခန်းတွေအကြောင်း ပြန်ပြောပြခဲ့တဲ့ Kim Soo Hyun

Penny

SHARE