Texas က အကျဉ်းထောင်တစ်ခုမှာ မမျှော်လင့်ပဲ ဖျော်ဖြေပွဲပွဲလုပ်ခဲ့တဲ့ Kanye West

Facebook/HCSOTexas

Kanye West ဟာTexasပြည်နယ်၊ Hustonမြိုးရဲ့ Harris County အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသားတွေကို suprise show ပွဲတစ်ပွဲ လုပ်ပြီး မျက်ရည်တွေနဲ့ထားခဲ့ပါတယ်။ Kanye Westဟာ ဂရမ်မီဆုရ ရက်ပ်အဆိုတော်တစ်ဦးဖြစ်သလို သူရဲ့နောက်ဆုံးထွက်ထားတဲ့ ခရစ်တော်ကျမ်း Albumတစ်ခုလို့တောင် ပြောလို့ရတဲ့ “Jesus is King” Albumထဲက သီချင်းတွေနဲ့ အကျဉ်းထောင်ထဲမှာ ဖျော်ဖြေခဲ့ပါတယ်။ “ကျွန်တော်အတွက်တော့ ဒါဟာစစ်ဆင်ရေးတစ်ခုပါ။ showပွဲတစ်ခု မဟုတ်ပါဘူး”လို့ Kanye က ပြောပြခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အကျဉ်းထောင်ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Jason Spencerက ” မင်းတို့ Kanye Weatကိုဘာတွေပြောချင်ကြသေးလဲ။သူက ထောင်ထဲမှာရှိတဲ့သူတွေဆီကို အလင်းရောင်ဆောင်ကျဉ်းပေးနိုင်ခဲ့တဲ့သူပဲ”လို့ သူရဲ့ twitterအကောင့်မှာ တင်ခဲ့ပါသေးတယ်။

 

“တခြားအနုပညာရှင်တွေလည်း သူ့လိုလုပ်နိင်ရင် သိပ်ကောင်းမှာပဲ”လို့ Texasရဲ့ အုပ်ချုပ်ရေးမှုး Greg Abboottက မှတ်ချက်ပေးခဲ့ပါတယ်။”Kanye Westက အကျဉ်းကျနေတဲ့သူတွေကို လှုံ့ဆော်မှုတစ်ခုပေးနိုင်ခဲ့ပါတယ်။”ဒီရှိုးပွဲဟာ အမှောင်မိုက်ကျနေတဲ့ အကျဉ်းသားတွေရဲ့ စိတ်ဝိဥာဏ်ကို ကယ်တင်တာပဲ။သူဒီလိုဖျော်ဖြေပေးခဲ့လို့ အကျဉ်းသားတွေရဲ့ စိတ်ဓာတ်တွေဟာ နူးညံ့သွားပြီး အနာဂတ်မှာ နောက်ထပ်အြစ်မုတွေကို ထပ်ကျူးလွန်တော့မှာ မဟုတ်ဘူးလို့ ငါယုံကြာ်တယ်”လို့ ထပ်မံပြောဆိုခဲ့ပါသေးတယ်။

READ
ရင်သားပေါ်နေတဲ့ပုံတင်မရလို့ Instagram ကိုပြဿနာရှာနေတဲ့ Amber Heard

 

ပြီးတော့လည်း Kanye Westဟာ ပြီးခဲ့တဲ့ (၁၇.၁၁.၂၀၁၉) ညနေပိုင်းမှာ Texasပြည်နယ်မှာရှိတဲ့ lakewood church မှာလည်း “Sunday Service”ဆိုတဲ့ ခေါင်းစဉ်နဲ့ တရားဟောပြောခဲ့ပါသေးတယ်။

READ
သီလရှင်အဖြစ်နဲ့ အလှူအတန်းတွေ ပြုလုပ်နိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ နန်းစန္ဒာလှထွန်း

Pyi Hein Kyaw

SHARE