မြို့ထဲကျိုင်းကောင်တွေတက်လာတဲ့ပြဿနာကို ဖြေရှင်းဖို့ ဒံပေါက်နဲ့တွဲစားဆိုတဲ့ ဝန်ကြီး

[email protected], Pixabay-yanivmatza

Story Pick ရဲ့ ဖော်ပြချက်အရ ပါကစ္စတန်နိုင်ငံ၊ Karachi ဟာ လက်ရှိအချိန်မှာ တစ်မြို့လုံးအတိုင်းအတာနဲ့ ကျိုင်းကောင်တွေရဲ့ ကျူးကျော်ခြင်းကိုခံနေရပါတယ်။ ဘယ်လောက်တောင်များနေသလဲဆိုရင် ရုပ်ရှင်ထဲက မြင်ကွင်းတစ်ခုလားလို့တောင် ထင်မှတ်ရမှောပဲဖြစ်ပါတယ်။

ဒါတွေကတော့ မြို့မှာနေထိုင်သူတချို့ရိုက်ကူးထားတဲ့ ဗီဒီယိုတွေပါပဲ။ ကောင်းကင်အပြည့်နေရာလပ်မကျန်အောင်များပြားလှတဲ့ ကျိုင်းကောင်တွေကို မြင်တွေ့ရမှာပါ။

ဒီလိုထောင်၊ သောင်းမကတဲ့ကျိုင်းကောင်တွေ ဝင်ရောက်လာမှုကြောင့် မြို့နေပြည်သူများဟာ သွားရေးလာရေး၊ နေထိုင်ရေးကစလို့ အစစအရာရာ ဒုက္ခတွေနဲ့တွေ့ကြုံနေခဲ့တာပါ။ ဒါကို သက်ဆိုင်ရာဖက်မှ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုလည်း အများပြည်သူတွေ စိတ်ဝင်တစားနဲ့စောင့်ကြည့်နားစွင့်နေခဲ့ကြပါတယ်။

READ
အမေရိကန်သမိုင်းမှာ အခုအချိန်ထိ ဖြေရှင်းမရသေးတဲ့ နာမည်ကျော်လူသတ်မှု
[email protected]

အဲဒီလိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် စိုက်ပျိုးမွေးမြူရေးဝန်ကြီးဖြစ်တဲ့ Ismail Rahu ကနေပြီး အခုလိုပြောလာခဲ့ပါတယ်တဲ့။ ဗီဒီယိုကိုတော့ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Naila Inayat ရဲ့ ကိုယ်ပိုင် Twitter account မှာ တင်ထားခဲ့တာပါ။ ပြောသွားတာကတော့ ကျိုင်းကောင်တွေအများကြီးဆိုတော့လည်း ဒံပေါက်နဲ့တွဲစားလိုက်ပေါ့တဲ့လေ။ ဗီဒီယိုအရ ကျိုင်းကောင်တွေဟာ ပရိုတင်းဓာတ်လည်း အပြည့်အဝရှိပြီး ကင်ကင်၊ ကြော်ကြော်၊ ချက်ချက် ဘယ်လိုစားစား စားလို့ရနေတဲ့ အကောင်တွေဖြစ်တာကြောင့် ပြဿနာကိုအလွယ်တကူပဲ ဖြေရှင်းနိုင်မှာပါတဲ့လေ။

ပြည်သူတွေကတော့ ဒီလိုစကားမျိုးပြောတဲ့ ဝန်ကြီးကို comment တွေမှာ လှောင်ပြောင်ရယ်မောနေခဲ့ကြပါတယ်။

Penny

SHARE