ဂျပန်မှာ တစ်ယောက်တည်း သီးသန့်ဆိုလိုရတဲ့ ကာရာအိုကေတွေ ခေတ်စားလာ

ဂျပန်နိုင်ငံမှာ တစ်ယောက်တည်း Ohitorisama လို့ခေါ်တဲ့ တစ်ယောက်တည်း သွားလာနေထိုင်တဲ့ အမူအကျင့်တွေ အခုဆို တော်တော်လေး ခေတ်စားလာပါတယ်။

စစ်တမ်းများရ ဖော်ပြချက်အရ အလုပ်သိပ်လုပ်တဲ့ ဂျပန်နိုင်ငံရဲ့ အိမ်ထောင်စု သုံးပုံတစ်ပုံမှာ လူတစ်ယောက်က တစ်ယောက်တည်း သီးသန့် နေရတာကို ကြိုက်နှစ်သက်တယ်လို့ သိရတယ်။

AFP

အရင်ကဆို လူအများနဲ့ သွားလာမှ ပျော်စရာကောင်းတဲ့ Karaoke ခန်းတွေနေရာမှာ တစ်ယောက်တည်း သီးသန့်ဆိုလိုရတဲ့ Karaoke တွေလည်းပေါ်လာခဲ့တယ်။ ဒီလိုမျိုး တစ်ယောက်တည်း လာဆိုတဲ့ ပြောင်းလဲမှုဟာ လွန်ခဲ့တဲ့ (၆) နှစ်ကတည်း စတင်ခဲ့တာဖြစ်ကြောင်း အသက် (၃၃) နှစ်အရွယ် Misaki Kitakoga ဆိုတဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်နေသူက ပြောပြပါတယ်။ သူက တစ်ကိုယ်တည်း ခရီးသွားရတာလည်း နှစ်သက်တယ်လို့ ဆိုပါတယ်။

READ
FBI ရဲ့ အလိုရှိဆုံးရာဇ၀တ်ကောင်စာရင်းမှာ ရှားရှားပါးပါးပါဝင်ခဲ့တဲ့ အမျိုးသမီးများ
AFP

တစ်ယောက်တည်းလာရောက်ဆိုကြတဲ့ သူတွေက သူတို့ ဆန္ဒရှိသလို ဆိုချင်ကြတယ်၊ အပေါင်းအဖော်တွေရဲ့ ဖိအားတွေကို မခံစားချင်ဘဲ လွတ်လွတ်လပ်လပ် ရှိချင်ကြတယ်။ ဒါကြောင့်နဲ့ အခုလိုမျိုး တစ်ယောက်တည်း သီးသန့် စိတ်ကြိုက်ဆိုလို့ရတဲ့ Karaoke တွေဟာ တဖြည်းဖြည်း တွင်ကျယ်လာတယ်။

စားသောက်တဲ့နေရာ၊ ရုပ်ရှင်ရုံ၊ ပန်းခြံ၊ ဈေး စတဲ့ နေရာတွေမှာလည်း တစ်ယောက်တည်း သမားတွေအတွက် အစီအစဉ်တွေ ပြုလုပ်လာသလို တစ်ကိုယ်တည်း သွားလာ လှုပ်ရှားနေတဲ့ သူတွေကို တော်တော်တွေ့လာနေရပြီး ခေတ်ရေ စီးကြောင်းတစ်ခုလို ဖြစ်လာနေပါတယ်။

AFP

ပညာရှင်တွေကတော့ ဒီလိုနေထိုင်မှုကို ဆိုရှယ်မီဒီယာတွေက ဓလေ့တစ်ခုဖြစ်အောင် တွန်းအားပေးနေပြီး တကယ်တမ်းမှာ ဒါအလုပ်သိပ်လုပ်တဲ့ လူတွေ ပင်ပန်းမှုတွေအတွက် ဖြေလျှော့မှုတွေ ဖွေရှာတဲ့ နည်းလမ်းတစ်မျိုးမျှသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

READ
ခေတ်အဆက်ဆက် အငြင်းပွားဖွယ်ရာ သရဲဓာတ်ပုံ (၅)ခုအကြောင်း

Source: South China Morning Post

Matthew
SHARE