Kardashian မိသားစုရဲ့ မြင်သူတကာ လည်ပြန်ငေးစေတဲ့ Met Gala ဖက်ရှင်

Met Gala ပွဲကိုတော့ မေလ (၆)ရက်နေ့က နယူးယော့ခ်က The Metropolitan Museum of Art မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ဒီနှစ်ရဲ့ Theme ကတော့ Camp: Notes on Fashion ပါ။ဒီနေရာမှာ ပြောချင်တဲ့ Camp ကတော့ (outdoor activity) ကို ရည်ညွှန်းတာ မဟုတ်ပါဘူး။အမေရိနက်စာရေးဆရာမ ရေးတဲ့ (၁၉၆၄)တုန်းက အက်ေ ဆးဖြစ်တဲ့ “Notes on ‘Camp’” ကနေ အစပြုတာပါ။ပုံမှန်မဟုတ်တာ၊လှည့်ဖျားတာ၊အလွန်အကြူး ချဲ့ ကား တဲ့ အပိုတွေကို နှစ်သက်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို ရည်ညွှန်းထားတာပါ။နာမည်ကြီးမိသားစု ဖြစ်တဲ့ Kard ashian  လည်း ဒီပွဲကို မိသားစုလိုက်တက်ရောက်ခဲ့ပါတယ်။

dailymail
dailymail
dailymail
dailymail

Corey Gamble, Kris Jenner, Kanye West , Kim Kardashian, Kendall Jenner, Kylie Jenner နဲ့ Travis Scott တို့ စုံစုံညီညီတက်ရောက်ခဲ့ကြပြီး ကော်ဇောနီ ထက်မှာ Pose ပေးခဲ့ကြပါတယ်။Kim Kardashian ကတော့ သူမရဲ့ Body ကောက်ကြောင်းကို အထင်းသားပေါ်လွင်စေတဲ့ Maison Mugler corset ကို ၀တ်ပြီး တက်ရောက်လာခဲ့ပါတယ်။ဝတ်စုံမှာတော့ ပုတီးစေ့လေးတွေကိုပါ အလှဆင်ပေးထားပြီး မိုးစက်လေးတွေ၊မိုးမိလာတဲ့ ပုံ စံမျိုးလေး သရုပ်ဖော်ဖန်တီးထားတာပါ။အသားအရောင်နဲ့ မခြားတဲ့ ကာလာကို ရွေးချယ်ဝတ်ဆင်ထားတာကို တွေ့ရပါ တယ်။မနှစ်တုန်းက မတက်ရောက်ဖြစ်ခဲ့တဲ့ Kanye West ကတော့ ဒီနှစ် Met Gagla ပွဲကို တက်ရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်းဇနီးရဲ့ နောက်မှာပဲ အမြဲနေပြီး သက်တော်စောင့်တစ်ယောက်လို စောင့်ရှောက်ပေးနေတာကို တွေ့ရပါတယ်။

READ
သားမှားသွားပါပြီလို့ မိခင်ကို နောင်တတွေနဲ့ တောင်းပန်လိုက်တဲ့ အိစိကွေး
dailymail
dailymail
dailymail
dailymail

Kylie Jenner ကတော့ ဒီနှစ်ပွဲမှာတော့ Versace ဖက်ရှင်ကုမ္ပဏီရဲ့ ဂါဝန်ကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့ပါ တယ်။ခရမ်းနုရောင်လေးပါ။ဝတ်စုံနဲ့လိုက်အောင် ဆံပင်ကိုပါ ၀တ်စုံရဲ့ ကာလာမျိုးနဲ့ ပုံစံတူ ပြင်ဆင်ပြီး တက်ရောက် လာခဲ့ပါတယ်။

dailymail
dailymail
dailymail

Kendall Jenner ကတော့ လိမ္မော်ရောင် ငှက်မွှေးဝတ်စုံကို ၀တ်ပြီး တက်ရောက်လာခဲ့ပါတယ်။သူမရဲ့ ၀တ်စုံက လည်း Versace က ၀တ်စုံပါ။Kris Jenner ကတော့ tommy Hilfiger jumpsuit ကို ၀တ်ဆင်ပြီး တက်ရော က်လာခဲ့ပါတယ်။

dailymail
dailymail
dailymail

Source Dailymail

SHARE