Kim, Khloe, Kourtney နဲ့ Kris တို့ဟာ Keeping Up With The Kardashians ရှိုးအဖွဲ့သားတွေအတွက် နောက်ဆုံး season ရိုက်ကူးခြင်း အမှတ်တရအဖြစ် ရိုးလက်စ်နာရီ အလုံး ၃၀ ဝယ်ပေးခဲ့ကြောင်း screenrant သတင်းအရ သိရပါတယ်။
View this post on Instagram
Keeping Up With The Kardashians စတားတွေကို သူတို့ရဲ့ထင်ပေါ်ကျော်ကြားမှု၊ ချမ်းသာကြွယ်ဝမှုတွေနဲ့ လူသိများကြပါတယ်။ ဒါကြောင့် ရှိုးရဲ့နောက်ဆုံး season ရိုက်အပြီးမှာ အဖွဲ့သားတွေအတွက် အခုလိုလက်ဆောင်တွေဝယ်ပေးတာ အံ့သြစရာတော့မရှိပါဘူး။ နာမည်ကျော် Kardashians မိသားစုဝင်တွေဟာ အလုပ်ကြိုးစားတဲ့ရိုက်ကူးရေးအဖွဲ့သားတွေအတွက် ဒေါ်လာ ၃၀၀,၀၀၀ ဖိုး နာရီတွေဝယ်ပေးခဲ့တာပါ။
Keeping Up With The Kardashians ရှိုးဟာ ၂၀၂၁ခုနှစ်မှာ အဆုံးသတ်မယ့်အကြောင်း လူတော်တော်များများလည်း သိပြီးပါပြီ။ ဒီသတင်းနဲ့ပတ်သက်ပြီး ၂၀၂၀ခုနှစ်က ကြေညာတုန်းမှာ ပရိသတ်တွေရှော့ခ်ရသွားခဲ့ပေမယ့် Kardashians မိသားစုဝင်တွေမှာတော့ ပိုကောင်းမွန်တဲ့အခွင့်အရေးတွေပေါ်လာနေတာဖြစ်ပါတယ်။
View this post on Instagram
သိရတာက Kim Kardashian West အပါအဝင် Kylie Jenner, Kourtney Kardashian တို့က လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက ရှိုးကို အဆုံးသတ်ချင်နေခဲ့တာပါ။ ဒါပေမဲ့ အချိန်ကောင်းမရောက်သေးတဲ့အတွက် စောင့်နေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ Kardashians တွေဟာ streaming platform တစ်ခုဖြစ်တဲ့ Hulu နဲ့ လက်မှတ်ရေးထိုးထားပြီးပါပြီ။ သူတို့ကိုတော့ ၂၀၂၁ နှောင်းပိုင်းမှာ Hulu ပေါ်တွေ့မြင်ရဖို့ရှိပါတယ်။ Keeping Up With The Kardashians ရှိုးနောက်ဆုံးအစီအစဉ်မှာတော့ Kardashians တို့ဟာ ရိုက်ကူးရေးအဖွဲ့ကိုကျေးဇူးတင်ကြောင်း ဆုမွန်ကောင်းတောင်းခဲ့ကာ လက်ဆောင်တွေအသီးသီး ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။
ShweMom