Kareena Kapoor နဲ့ Saif Ali Khan တို့ နောက်ထပ် ရင်သွေးလေးရ

Image:IG/Sara Ali Khan & Kareena Kapoor

Kareena Kapoor Khan က တော့ အိန္ဒိယ မင်းသမီးတစ်ယောက်ပါ။သူမက တော့  ဘောလိဝုဒ် ဇာတ်ကားတွေ အများကြီးမှာ ပါဝင် သရုပ်ဆောင် တဲ့ ထိပ် တန်း မင်းသမီး တစ်လက်ပါ။အနုပညာမျိုးရိုးရှိသူ တစ်ယောက်ပါ။ မင်းသား Randhir Kapoor  နဲ့ Babita တို့ ရဲ့ သမီး ဖြစ်ပြီး သူမရဲ့ အစ်မ Karisma Kapoor က လည်း မင်းသမီးတစ်ယောက်ပါ။ Kareena Kapoor တို့ မိသားစု အတွက် တော့ သတင်း ကောင်းတစ်ခု ရှိပါတယ်။ဒီအ ကြောင်းကိုတော့ NDTV မှာ ဖော်ပြထားတာပါ။

Image:IG/Kareena Kapoor

အသက် (၃၉)နှစ်ရှိနေတဲ့ Kareena Kapoor က တော့ နောက်ထပ် ရင်သွေး လေး ထပ် ရ သွားတဲ့ သတင်း သြဂုတ်လ (၁၂) ရက်နေ့က ထွက်ပေါ် လာခဲ့ပါတယ်။သူ မ နဲ့ ခင်ပွန်းဖြစ်သူ Saif Ali Khan တို့ အတွက် တော့ ၀မ်းသာစရာ သတင်း ကောင်းပါ။ နှစ်ယောက်လုံး ကလည်း သူတို့ရဲ့ ပျော်စရာ သတင်းကို ပရိသတ်တွေ လည်း ထပ် တူ ၀မ်းသာနိုင် အောင် ပြန်လည် ဝေမျှ ပေးခဲ့ပါတယ်။“ပရိသတ်တွေကို ကြေညာ စရာ တစ်ခုရှိပါတယ်။ကျမ တို့ မိသားစုထဲကို နောက်ထပ် မိသားစုဝင် အသစ်တိုး တော့ မယ်။ဆုတောင်းကြသူတွေ၊ချစ်ခင်အားပေး ကြသူတွေ ကို ကျေးဇူးတင်ပါတယ်..” လို့ နှစ်ယောက်လုံးက ပူးတွဲ ကြေညာခဲ့ပါတယ်။

 

View this post on Instagram

 

I am not dreaming of beaches… You are! #TakeMeBack ❤️

A post shared by Kareena Kapoor Khan (@kareenakapoorkhan) on

Kareena Kapoor နဲ့ Saif Ali Khan  တို့ က နာမည်ကြီး အနုပညာရှင်တွေ ဖြစ်ပြီး Omkara ,Tashan, Agent Vinod ၊Kurbaan တို့ မှာ အတူ တွဲ သရုပ် ဆောင် ခဲ့ ကြဖူးပါတယ်။(၂၀၁၂)မှာ လက်ထပ်ခဲ့ကြ တာပါ။ပထမဆုံး ရင်သွေးလေး Taimur Ali Khan ကိုတော့ (၂၀၁၆)မှာ မွေးခဲ့တာပါ။(၄)နှစ်ကြာမှ နောက်ထပ် ရင်သွေး လေး ထပ်ရ ခဲ့တာပါ။သူတို့ စုံတွဲရဲ့ ပျော်စရာ သတင်းအတွက် Saif Ali Khan ရဲ့ ညီမ Soha Ali က လည်း ဆိုရှယ်မီဒီယာ ပေါ်မှာ ဂုဏ် ယူ ၀မ်းမြောက် ကြောင်း Post တင် ထားပါတယ်။

 

View this post on Instagram

 

Coming soon!! Couldn’t resist! Congratulations @kareenakapoorkhan be safe and healthy – and radiant as ever ! ❤️

A post shared by Soha (@sakpataudi) on

Saif Ali Khan  က တော့ Kareena Kapoor  က ဒုတိယ အိမ် ထောင်ပါ။အရင်တုန်းက မင်းသမီး Amrita Singh နဲ့ လက်ထပ် ခဲ့ဖူး ပါတယ်။သူတို့ စုံ တွဲ ကေ တာ့ (၁၉၉၁)မှာ လက်ထပ်ပြီး (၂၀၀၄)မှာ ကွာရှင်းခဲ့ ကြပါ တယ်။အရင် အိမ် ထောင်နဲ့ သား Ali Khan နဲ့ သမီး Sara Ali Khan ဆိုပြီး သားသမီး နှစ်ယောက်ရှိပါတယ်။ သမီးဖြစ်သူ ကတော့ မကြာ သေးခင်ကမှ (၂၅)နှစ်ပြည့် မွေးနေ့ ကျင်းပခဲ့တာပါ။

 

View this post on Instagram

 

Raat ki Rani Kissi ki na mani

A post shared by Sara Ali Khan (@saraalikhan95) on

Image:IG/Sara Ali Khan

သူမကလည်း ဘောလိဝုဒ် မင်းသမီး တစ်ယောက်ဖြစ်ပြီး Angrezi Medium ဆိုတဲ့ ဇာတ်ကားမှာ ကွယ်လွန်သွားတဲ့ မင်းသားကြီး Irrfan Khan နဲ့ အတူ တွဲ သရုပ်ဆောင်ခဲ့တာပါ။Ranvir Shorey ၊Dimple Kapadia တို့မှာလည်း ပါဝင် ခဲ့ဖူး ပါတယ်။ Saif Ali Khan က တော့ အလုပ်တွေ အရမ်း များ နေသူပါ။Tanhaji: The Unsung Warrior နဲ့ Jawaani Jaaneman  တို့ မှာ ပါဝင် ခဲ့ပါတယ်။ဒီနှစ်ထဲမှာတော့ Hunter ၊ Bhoot Police ဆိုတဲ့ ဇာတ်ကား သစ်တွေ ရိုက်ဖို့ လည်း ရှိ နေပါတယ်။

 

View this post on Instagram

 

Amore Italy ❤️ My love and I are praying for you all ❤️

A post shared by Kareena Kapoor Khan (@kareenakapoorkhan) on

#SHWEMOM

SHARE