ဘောလိဝုဒ်အပေါ် ဝေဖန်မှုတွေကို Kareena Kapoor ခုခံပြောဆို

Image:IG/Kareena Kapoor

Kareena Kapoor က တော့ လက်ရှိ ဘောလိဝုဒ် လောကမှာ ရင်ဆိုင် နေရတဲ့  ပြဿနာ နဲ့ ပတ်သက်ပြီး သူမရဲ့ အမြင်ကို ထုတ်ပြောလိုက်ပါတယ်။ဘောလိဝုဒ်မှာ ဆွေမျိုးကောင်းစားရေးဝါဒ ကိုပဲ ကျင့်သုံးနေတယ်၊အနု ပညာ ရှင် တွေ ရဲ့ ဆွေ မျိုး တွေ အချင်းချင်းပဲ ပြန် မြှောက် စားပြီး ဘောလိဝုဒ်ကို လက်ဝါးကြီး အုပ် ထားတယ်လို့ စွပ် စွဲ ပြော ဆိုခံနေရတာပါ။ဒါတွေ နဲ့ ပတ်သက်ပြီး Kareena Kapoor Khan က  ခုခံ ပြောဆို လိုက်ပါတယ်။ဒီ အ ကြောင်းကို တော့ storypick မှာ ဖော်ပြထားတာပါ။

မင်းသား Sushant Singh Rajput ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်တဲ့ ကိစ္စ ကြောင့် ဘောလိဝုဒ်ရဲ့ ဆွေ မျိုး ကောင်းစားရေးဝါဒီ ကို လူတွေ ပို အာရုံစိုက် ခဲ့တာပါ။လက်ရှိ အောင်မြင်နေတဲ့  အနုပညာရှင်တွေ ရဲ့ ဆွေ မျိုးတွေ က တော့ စွပ်စွဲ ပြောဆို မှုတွေ အ ပေါ် ချေပ ခဲ့ပါတယ်။Kareena Kapoor Khan က တော့ မင်းသား Randhir Kapoor နဲ့ Babita တို့ ရဲ့ သမီးပါ။သူမရဲ့ အစ်မ ဖြစ်သူ Karisma Kapoor က လည်း မင်းသမီးပါ။ Kareena Kapoor  ကေ တာ့ လက်ရှိအ ခြေအ နေ ကို နားလည် ကြောင်း နဲ့ အခုဆိုရင် လူတွေ က တိုက်ခိုက် ပြောဆိုတဲ့ ဘက်ကို ရောက်လာပြီလို့ ပြောခဲ့ပါတယ်။၂၁ နှစ်လောက် အနုပညာလောကထဲ ကြိုးစား ရပ်တည်လာ တာဟာ ဆွေမျိုးကောင်းစားရေးဝါဒ ကြောင့်ဆိုတာ မဟုတ် သလို မဖြစ်နိုင်ဘူးကြောင်း.

READ
ခြိမ့်ကေကို ကို အားပေးစကားဆိုရင်း မဆဲကြဖို့ တောင်းဆိုလိုက်တဲ့ ဒိန်းဒေါင်
Image:IG/Kareena Kapoor

အဲ့ဒီလို မျိုး ဒီဝါဒ ကြောင့် ရပ်တည်နိုင်တာ မဟုတ်တဲ့ စူပါစတားတွေ ရဲ့ သားသမီးတွေ ကိုလည်း ထုတ်ပြ  လို့ ရတယ်လို့ ပြောခဲ့ပါတယ်။သူမရဲ့ အနုပညာ လမ်း ကြောင်း ကလည်း သူမရဲ့ မိသားစု ကြောင့် မဟုတ်ပဲ သူမရဲ့ ကြိုးစားမှု ကြောင့် ရခဲ့တဲ့ အ ရာလို့ ပြောခဲ့ပါတယ်။” ထူးဆန်း ကောင်း ထူးဆန်း နေမယ်။ကျမလည်း ဒီေ နရာ မှာ ရုန်းကန် ခဲ့ရတာပဲ။ ပရိသတ် အားပေးလက်ခံလို့ ကျမ တို့ ရပ်တည်နေနိုင်တာ။တခြားဘယ်သူံ ကြောင့်မှ မဟုတ်ဘူး။ လက်ညှိုးထိုးနေတဲ့ လူတွေ ကပဲ ဆွေမျိုးကောင်းစားရေးဝါဒ သမား စတားတွေ ကို ဖန်တီး နေတာ။ရုပ်ရှင် တွေ ကို ရှင်တို့ သွားကြည့်တာပဲ မဟုတ်ဘူးလား။ဘယ်သူက မှ ကြည့်ဖို့ အတင်းတိုက် တွန်းတာ မဟုတ်ဘူးလေ။ ကျမ  တော့ နားမလည်နိုင်ဘူး။

READ
ကြည်နူးစရာကောင်းတဲ့ စုံတွဲပုံရိပ်လေးတွေကို မျှဝေပေးလိုက်တဲ့ မြတ်ရတနာကျော်နဲ့အာဘွိုင်း
Image:IG/Kareena Kapoor

အနုပညာ မိသားစု က လူတွေ လည်း တခြား အပြင်လူတွေ လိုပဲ ကြိုးစားရပါတယ်။နာမည်ကြီး အနုပညာရှင် ဆိုတာ ကလဲ ပရိသတ်တွေ ကပဲ ရွေးချယ်တာ၊Akshay Kumar ၊ Shah Rukh Khan ၊Ayushmann Khurrana ၊Rajkummar Rao တို့ သူတွေ အားလုံးက အပြင်က လူတွေ ကြီးပဲ။သူတို့ အောင်မြင်တယ်။ဘာလို့လဲ သူတို့ကြိုး စားကြလို့။Alia Bhatt ၊Kareena Kapoor သူတို့လဲ ကြိုးစားကြတာပဲ။ရှင်တို့ တွေလ ည်း ကျ မတို့ ဇာတ်ကား တွေကိုကြည့်တာ၊ခံစားတာပဲ လေ။ဒါ ကြောင့် ပရိသတ် ကပဲ ကျမ တို့ ကို နာမည်ကြီးအောင် လုပ်တာ.” လို့ ပြောခဲ့ ပါတယ်။

#SHWEMOM

SHARE