ဘောလီးဝုဒ်မင်းသားမင်းသမီးတွေဆီက Kareena Kapoor လိုချင်တဲ့အရာများ

instagram/goddessbebo

Kareena Kapoor Khan ဟာ ဘောလီးဝုဒ်ရဲ့အထင်ရှားဆုံးမင်းသမီးတွေထဲက တစ်လက်ဖြစ်ပါတယ်။ သူမဟာ ဘောလီးဝုဒ်ရုပ်ရှင်လောကထဲမှာကျင်လည်နေခဲ့တာ ဆယ်စုနှစ်၂စုနီးပါးခန့်ရှိနေပြီဖြစ်ကာ ယနေ့ထက်တိုင်လည်း ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားဆဲဖြစ်ပါတယ်။ Bebo ဆိုတဲ့အမည်ကတော့ Kareena ကိုချစ်စနိုးခေါ်တဲ့နာမည်ဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by KAREENA KAPOOR KHAN✨ (@goddessbebo)

ဒုတိယမြောက် ရင်သွေးလေးလွယ်ထားတဲ့ Bebo ကို လူတွေဆီက ဘာကိုအားကျလဲ၊ ဘာကိုရချင်လဲလို့ Pinkvilla က မေးတဲ့အခါမှာတော့ သူမက အခုလို ပြန်ပြောပါတယ်။ Shah Rukh Khan ဆီကတော့ Bebo က SRK ရဲ့ လန်ဒန်မှာရှိတဲ့အိမ်ကို လိုချင်တယ်ဆိုပါတယ်။ Salman Khan ဆီကတော့ သူ့ပရိသတ်တွေကိုလိုချင်ပါတယ်တဲ့။ သူမအမျိုးသား Saif ဆီကတော့ လူတစ်ကိုယ်လုံးတောင် ရခဲ့ပြီးဖြစ်လို့ ပြည်စုံပြီလို့ဆိုပါတယ်။ ဒါပေမဲ့လည်း ရနိုင်ရင်တော့ Saif ရဲ့စိတ်ကိုလိုချင်ပါတယ်တဲ့။ Saif က ဉာဏ်ကောင်းပြီး ရှင်းရှင်းလင်းလင်းစကားပြောတတ်လို့ လို့ဆိုပါတယ်။

 

View this post on Instagram

 

A post shared by KAREENA KAPOOR KHAN✨ (@goddessbebo)

ပြီးနောက်မှာတော့ Bebo က သူမဟာ Priyanka Chopra ရဲ့အသံ၊ Deepika Padukone ရဲ့ အပြုံး၊ Karan Johar ရဲ့ အဝတ်ဗီရိုနဲ့ သူ့ဂျက်ကတ်တွေ၊ Alia Bhatt ရဲ့အရည်အချင်း စတာတွေကိုလည်း လိုချင်ကြောင်း ပြောပြခဲ့ပါတယ်။ ဗီဒီယာတွေဆီကရော ဘာလိုချင်သလဲမေးတဲ့အခါမှာတော့ သူမက ကင်မရာအားလုံးလိုချင်ပြီး မီဒီယာတွေဆီက သတင်းအားလုံးကိုလိုချင်ပါတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ လောလောဆယ်မှာတော့ Bebo တဖြစ်လဲ Kareena Kapoor ဟာ Aamir Khan နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ Laal Singh Chaddha ရုပ်ရှင်ဇာတ်ကားထွက်ရှိဖို့ စောင့်ဆိုင်းလျက်ရှိနေကြောင်း သိရပါတယ်။

READ
သြစတျေးလျားမှာ အမိုက်စား ဓါတ်ပုံတွေ ရိုက်ခဲ့တဲ့ ချမ်းချမ်း

ShweMom

SHARE