
Marvel က ထုတ်လုပ်ရိုက်ကူးတဲ့ Gurdians of the Galaxy ဇာတ်ကားထဲက Nebula အဖြစ် ပါဝင်သရုပ်ဆောင်နဲ့ Hollywood မင်းသမီးချောလေး Karen Gillan ကိုတော့ Marvel ပရိသတ်တွေ ကောင်းကောင်းသိကြမှာပါ။ Karen ဟာ Gurdians of the Galaxy ဇာတ်ကားနဲ့သာမကပဲ Jumanji, The Circle, Stuber, Not Another Happy Ending အစရှိတဲ့ နာမည်ကြီး ဇာတ်ကားတွေနဲ့ပါ နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း Karen ဟာ Thor: Love and Thunder ဇာတ်ကားမှာ Nebula ဇာတ်ကောင်အဖြဟ် ပါဝင်သရုပ်ဆောင်မယ့်အကြောင်းကို သူမရဲ့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် အတည်ပြု ပြောကြားခဲ့ပါတယ်။
View this post on Instagram
အခုဆိုရင်တော့ Karen ဟာ Thor ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ရိုက်ကူးရေးရှိရာ သြစတြေးလျနိုင်ငံ ၊Sydney မြို့ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ Karen ဟာ Gurdians of the Galaxy ဇာတ်ကားရိုက်တုန်း တောက်လျှောက်အချိန်မှာလည်း Nebula ဇာတ်ကောင်နေရာကို သရုပ်ဆောင်ဖို့အတွက် သူမရဲ့ ဆံပင်တွေကို ရိတ်ပစ်ခဲ့ရပါတယ်။ အခုလည်း ပရိသတ်တွေဟာ Thor: Love and Thunder ဇာတ်ကားထဲမှာ Nebula ဇာတ်ကောင်အဖြစ် သရုပ်ဆောင်တဲ့ အချိန်မှာ သူမရဲ့ ဆံပင်အရှည်ကြီးကို ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းကို comment တွေမှာ မေးမြန်းခဲ့ပါတယ်။
View this post on Instagram
View this post on Instagram
အဲဒီလို အမေးများပြီး သိပ်မကြာခင်အချိန်မှာပဲ Karen ဟာ ပရိသတ်တွေရဲ့ အမေးကို ဖြေဆိုထားတဲ့ ဗီဒီယိုတစ်ခုကို သူမရဲ့ Instagram story မှာ ပို့စ်တင်ခဲ့ပါတယ်။ “အခုလက်ရှိအချိန်မှာတော့ Thor: Love and Thunder ဇာတ်ကားကို ရိုက်ကူးဖို့အတွက် Sydney ကို ရောက်ရှိနေပါပြီ။ ဆံပင်ကိစ္စကတော့ ဘာမှမပြောရသေးပါဘူး။ အခုလက်ရှိတော့ ဆံပင်ကို တိုအောင် ညှပ်ထားပြီးပါပြီ။ ကျွန်မဆံပင်က ညှပ်မှသိလိုက်ရတာ ဆံပင်အုံက တော်တော်လေးကို ထူနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရလို့ တော်တော်ပျော်မိသလို ပါဝင်ဖို့ အခွင့်အရေးပေးခဲ့တဲ့ Marvel ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ Karen က ပြောကြားခဲ့ပါတယ်။
karen gillan saying she cut her hair to prepare for guardians of the galaxy vol. 3 pic.twitter.com/3ekenFZGqG
— mcu #wandavision era (@mcubestof) January 18, 2021
Pyi Hein Kyaw