McGregor နဲ့ တွဲနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့တဲ့ ရုရှားကျွမ်းဘားမယ်

[email protected] karolisha.s

ရရှားနိုင်ငံရဲ့ အိုလံပစ် ကျွမ်းဘားမယ်ဖြစ်သူ Karolina Sevastyanova လို့အမည်ရတဲ့ ကောင်မလေးကတော့ ရရှားနိုင်ငံအားကစားလောကမှာ မသိတဲ့ မရှိလောက်အောင်ကို နာမည်ကြီးလှပါတယ်။ အိုလံပစ်ရွှေတံဆိပ်ဆုရရှိထားတဲ့ အမျိုးသမီးဖြစ်တဲ့အပြင် ချစ်စရာကောင်းလွန်းလှတဲ့ သူမရဲ့ မျက်နှာနဲ့ စွဲမက်ဖွယ်ရာ ကိုယ်လုံးကိုယ်ပေါက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ အားကစားမယ်တစ်ယောက် ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း သူမရဲ့ Instagram မှာ တင်ထားတဲ့ ပို့စ်တစ်ခုကြောင့် သူမနဲ့ နာမည်ကြီး MMA ကစားသမား McGregor တို့ တွဲနေကြတယ်လို့ လူအများက ထင်မှတ်ခဲ့ပါတယ်။ အခုတော့ Karolina ဟာ သူမနဲ့ McGregor ဟာ တွဲနေကြတာ မဟုတ်ကြောင်း တရားဝင်ဖြေရှင်းခဲ့ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CC3wJXyhM7w/?utm_source=ig_embed

READ
ရင်သားကင်ဆာတိုက်ဖျက်ရေးအတွက်ပါဆိုပြီး ရင်သားတွေလိုက်နမ်းတဲ့အမျိုးသားအဖမ်းခံရ

အပေါ်မှာ မြင်ရတဲ့ ပို့စ်ကတော့ လူတော်တော်များများ အထင်လွဲခဲ့တဲ့ ပို့စ်ဖြစ်ပါတယ်။ ပုံထဲမှာ တွေ့ရတဲ့အတိုင်း McGregor ဟာ သူမခါးကို ဖက်ထားတဲ့အပြင် Karolina ဟာလည်း ပြုံးပျော်ပြီး ရင်ခုန်နေတဲ့ ပုံစံလေးနဲ့ ပို့စ်ပေးထားပါတယ်။ ဒါ့အပြင် Karolina တင်တဲ့ ပို့စ်မှာ ဘာစာသား၊ ဘာ caption မှ မပါတဲ့အပြင် location ကိုပါ ထည့်မရေးထားတာကြောင့် ပရိသတ်တော်တော်များများက Karolina နဲ့ McGregor တို့ ကြိုက်နေကြကြောင်း စွပ်ဆွဲပြီး comment တွေ ပေးခဲ့ကြပါတယ်။

https://www.instagram.com/p/B_pHqLKpyOP/

“အဲဒီနေ့က McGregor နဲ့ ဒီအတိုင်းတွေ့လို့ အမှတ်တရ ဓာတ်ပုံတွဲရိုက်ထားတာပါ။ ခါးဖက်ပြီး ဓာတ်ပုံအရိုက်ခံတိုင်း တွဲနေတယ်လို့ ထင်ကြေးဆိုရင်တော့ ကျွန်မမှတွဲနေတဲ့လူတွေက နည်းနည်းနောနောမှ မဟုတ်တာ။ ပြီးတော့ အဲဒီနေ့က ကျွန်မ ချစ်သူနဲ့ ညစာသွားစားရင် McGregor နဲ့ အမှတ်မထင်တွေ့ခဲ့တာပါ။ McGregor မှာလည်း သူ့ဇနီး Dee Devlin လည်း ပါပါတယ်။ မဟုတ်တမ်းတရားတွေ လျှောက်မပြောကြစမ်းပါနဲ့ရှင်”လို့ Karolina က ပြောကြားခဲ့ပါတယ်။

READ
Photoshop အပြင်ကောင်းလို့ရယ်စရာဖြစ်ခဲ့ရတဲ့ဆယ်လီတွေရဲ့ဓာတ်ပုံများ

https://www.instagram.com/p/B-elNuyBrNU/

https://www.instagram.com/p/B9y2WrkBRh_/

Pyi Hein Kyaw

SHARE