
Hollywood ရုပ်ရှင်လေကရဲ့ နာမည်ကျော် မင်းသမီးကြီးတစ်ယောက်ဖြစ်တဲ့ Kate Beckinsale ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ သိရှိကြပြီး ဖြစ်မှာပါ။ Pearl Habor, Total Recall, Click, The Only Living Boyin New York အစရှိတဲ့ နာမည်ကြီး ဇာတ်ကားတွေနဲ့ နာမည်ကြီးလာခဲ့တဲ့ မင်းသမီးကတော့ Kate ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Kate ကို Underworld ဇာတ်ကားတွေရဲ့ ပင်တိုင်မင်းသမီးအဖြစ်နဲ့လဲ လူသိများလှပါတယ်။
View this post on Instagram
ပြီးခဲ့တဲ့ တင်္နလာနေ့(၁.၂.၂၀၂၁)တုန်းကလည်း Kate ဟာ သူမရဲ့ သမီးဖြစ်သူ Lily Mo Sheen ရဲ့ အသက် ၂၂ နှစ်ပြည့်မွေးနေ့ကို မွေးနေ့ဆုတောင်းပေးခဲ့ပြီး သမီးဖြစ်သူကို သူမရဲ့ ပို့စ်မှာ mention ခေါ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပရိသတ်အများစုဟာ Lily လေးတစ်ယောက် ကြီးပြင်းလာတဲ့ အပေါ်မှာ အံ့သြမှင်သက်ခဲ့ရပါတယ်။ ပုံထဲမှာဆိုရင်လည်း Lily လေးရဲ့ ငယ်ငယ်တုန်းက ပုံထက် အသက်ငယ်တုန်းက အရမ်းကို ချောမလှပခဲ့တဲ့ Kate ရဲ့ ပုံကိုလည်း ပရိသတ်တွေက ချီးမွမ်းခဲ့ကြပါတယ်။Lily ကိုတော့ Kate နဲ့ သူမရဲ့ ရည်စားဟောင်းဖြစ်သူ နာမည်ကြီးမင်းသား Micheal Sheen တို့က မွေးဖွားခဲ့တာ ဖြစ်ပြီး Lily ကို မွေးဖွားပြီး သိပ်မကြာခင်အချိန်မှာတော့ Kate နဲ့ Micheal တို့ဟာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။
View this post on Instagram
“Lily တစ်ယောက် အရွယ်ရောက်လာတဲ့ အပေါ်မှာ ဝမ်းသာကြည်နူးမိသလို တစ်ချိန်က ၁၀ နှစ်တာ Micheal နဲ့ ပျော်ပါခဲ့ရတဲ့အချိန်တွေမှာလည်း အရမ်းပျော်ခဲ့ရပါတယ်။ Micheal ဟာ ကျွန်မဘဝမှာ ဘယ်တော့မှ အစားထိုးပြီး ပြန်မရနိုင်တဲ့ ယောကျာ်းတစ်ယောက်ပါ။ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်အထိ Micheal နဲ့ အတူတူ ရှိခဲ့တဲ့ အချိန်တွေကို သတိရမိပါတယ်။ ကျွန်မနဲ့ Micheal ဟာ ကွာရှင်းထာတာ ဖြစ်ပေမာ့် ဒီနေ့ဒီအချိန်အထိ ကျွန်မတို့ အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ Micheal ဟာ ကျွန်မအတွက်ကော၊ Lily အတွက်ကော အရမ်းကို အရေးပါတဲ့ ယောကျာ်းတစ်ယောက်ပါ”လို့ Kate က Telegraph သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw