ကောင်လေးငယ်ငယ်လေးတွေနဲ့ တွဲနေလို့ အပြစ်တင်နေတဲ့ လူတွေကို ဝေဖန်လိုက်တဲ့ မင်းသမီး

[email protected]

လူတွေရဲ့ စိတ်ကအမျိုးအမျိုးပါ။ အသက်ကြီးတဲ့လးတွေက ကိုယ့်ထက်အသက်ငယ်တဲ့သူတွေကို တွဲချင်ကြသလို တစ်ချို့အသက်ငယ်တဲ့သူတွေကတော့ ကိုယ့်ထက်အသက်ကြီးတဲ့သူကိုသာ တွဲချင်ကြပါတယ်။ ဒါပေမယ် ဘယ်လိုပဲတွဲတွဲ လောကမှာ ကိုယ်စိတ်ချမ်းသာဖို့က အဓိကပါပဲ။ အခုလည်း အသက်ငယ်တဲ့သူတွေနဲ့သာ တွဲလေ့ရှိတဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်တဲ့ Kate Beckinsale ကို လူအများက အပြစ်တင်ကြလွန်းလို့ အဆိုပါမင်းသမီးဟာ ဖြေရှင်းချက်ထုတ်ခဲ့ကြောင်း Insider သတင်းဌာနရဲက ဖော်ပြချက်အရ သိရှိရပါတယ်။

အဲဒီမင်းသမီးကတော့ တစ်ခြားသူမဟုတ်ပါဘူး။ Kate Beckinsale ပါပဲ။ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ Kate ဟာ Underworld , Underworld: Blood Wars, Underworld: Awakening, Pearl Harbor, Click အစရှိတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့ နာမည်ကြီးလာသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ Kate ဟာ သူမသက်တမ်းတစ်လျှောက်မှာ များသောအားဖြင့် သူမထက် အများကြီးငယ်ရွယ်တဲ့သူတွေနဲ့သာ တွဲခုတ်လွန်းလို့ လူပြောများဆုံး မင်းသမီး တစ်ဦးပဲ ဖြစ်ပါတယ်။ Kate တွဲခဲ့သူတွေထဲကမှ အသက် ၂၆ သာရှိသေးတဲ့ “ Saturday Night Live” ရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Pete Davidson နဲ့ အသက် ၂၂ နှစ်အရွယ်သာ ရှိသေးတဲ့ ဂီတပညာရှင် Goody Grace ကတော့ နာမည်ကြီးပါတယ်။ ဒီလို ၂၀ ကျော်လေးတွေနဲ့ တွဲခုတ်ခဲ့တဲ့ Kate ကို လူတော်တော်များများက ပြစ်တင်ဝေဖန်ရှုံ့ချခဲ့ပါတယ်။

“ တစ်ခါတစ်လေမှာတော့ လူတွေက နားလည်ရတော်တော်ခက်တယ်။ ကျွန်မစိတ်နဲ့ ကျွန်မကိုယ်လေ။ ကိုယ်ချစ်လို့ ကိုယ်တွဲတာကို ကျွန်မကို ဘာလို့ဝိုင်းပြီးတိုက်ခိုက်ချင်နေကြလဲမသိတော့ဘူး။ သူတို့ပတ်ဝန်းကျင်မှာ ဒီလိုတွဲတဲ့လူတွေရှိရင်ကော အခုလို ပေါ်တင်ပြောရဲကြသလား။ ကျွန်မက အနုပညာရှင်မို့လို့ ကျွန်မကို အခုလို ဝိုင်းတိုက်ခိုက်နေကြတာလို့ မြင်ပါတယ်။ ကျွန်မကတော့ ဘယ်သူမှ ဂရုစိုက်ပြီး ပြန်ပြောနေမှာ မဟုတ်ပါဘူး။ ကိုယ်ပျော်ရွှင်တယ်ထင်လို့ ယူဆရတာတွေကိုပဲ လုပ်သွားမှာပါ” လို့ Kate က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE