မကြာသေးခင်တုန်းက Megan ဟာ တော်ဝင်လုပ်ထုံးလုပ်နီးတွေကို ဆန့်ကျင်ကာ ပန်းကန်ဆေးတာတို့ ကားတံခါးကိုကိုယ်တိုင်ပိတ်လိုက်တာတို့လို အပြုအမူတွေကို လုပ်ဆောင်တဲ့အတွက် ပြည်သူတွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေဖြစ်နေပါတယ်။ တစ်ချို့ပြည်သူတွေကတော့ Megan ရဲ့ အပြုအမူတွေဟာ သာမာန်ပြည်သူတွေနဲ့ နီးစပ်တယ်ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။

အခုလည်း မနေ့(၂.၁၀.၂၀၁၈)ကပဲ Cambridge နယ်စားကတော် Kate ဟာလည်း မင်းသားလေး George ကို မီးဖွားပြီးနောက် ပထမဦးဆုံး တော်ဝန်တာဝန်တွေကို စတင်ထမ်းဆောင်ခဲ့ပါတယ်။ Kate ဟာ မင်းသားလေးကို မီးမဖွားခင်တုန်းကလည်း တစ်ပတ်အလိုအထိ တော်ဝင်လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုအခါမှာလည်း ပေးထားတဲ့ မီးဖွားပြီး နားခွင့်ကို အပြည့်အဝအသုံးမချဘဲ တာဝန်တွေကို ပြန်လည်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။


ယခုသွားခဲ့တဲ့ တာဝန်ဟာ လန်ဒန်အနောက်ပိုင်း Pddington Recreation Ground မှာရှိတဲ့ Sayers Croft Forest ကျောင်းနဲ့ Wildlife Garden ကိုပဲဖြစ်ပါတယ်။ Project ရဲ့ရည်ရွယ်ချက်ကတော့ အခုခတ်ကလေးတွေတော်တော်များများဟာ ဘေးပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ရော ကင်းဝေးချက်ရှိတာကြောင့် ကလေးတွေကိုသဘာဝတရားကြီးနဲ့ ငယ်စဉ်ကတည်းက ထိတွေ့စေတာပဲဖြစ်ပါတယ်။

Kate ကို St. Augustine ကျောင်းမှ ကလေးလေးများမှ ဖက်လဲတကင်းကြိုဆိုခဲ့ပြီး နွေးနွေးထွေးထွေးဆက်ဆံခဲ့ပါတယ်။ Kate ဟာ ပတ်ဝန်းကျင်နဲ့ အနုပညာလက်ရာတွေကိုချစ်မြတ်နိုးတဲ့အတွက် ကလေးတွေနဲ့ ပေါင်းကာ သစ်ရွက်လေးတွေခူးပြီး သရဖူတွေကူလုပ်ခဲ့ပါသေးတယ်။ ဒီအပြင် တောထဲမှာတွေ့နိုင်တဲ့ ပိုးကောင်တွေကိုလည်း ကလေးလေးတွေနဲ့အတူတူ ရှာဖွေကာ ဆော့ခဲ့ကြပါတယ်။


Kate ကို ကြည့်ရတာ မီးဖွားခွင့် (၆) ပတ်အတွင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေဟန်တူပါတယ်။ နေလောင်ထားတဲ့ အသားအရည်တွေအရဆိုရင်တော့ Kate တစ်ယောက် နွေရာသီကို တက်တက်ကြွကြွဖြတ်သန်းထားပုံတူပါတယ်။

ဒါပေမဲ့ အခုလို မွေးဖွားခွင့်ကို အပြည့်အဝမယူဘဲ Megan ကားတံခါးကို အပိတ်မခံဘဲကိုယ်တိုင်ပိတ်လိုက်တဲ့ သတင်းတွေ ဟိုးလေးတကျော် ဖြစ်နေကာမှ အခုလို တော်ဝင်လုပ်ငန်းဆောင်တာတွေကို ချက်ချင်းပြန်လုပ်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ပြင်းထန်ချက် ရှိပါတယ်။
Source: Daily Mail
Penny