ဧရာမသင်္ဘောကြီးကို ဦးဆောင်နေတဲ့ အမေရိကရဲ့ ပထမဆုံးအမျိုးသမီး မာလိန်မှုးကြီး

Instagram/captainkatemccue

ကိတ်မက်ခရူးဆိုသူ အမျိုးသမီးဟာ Celebrity Edge အမည်ရ ဧရာမဇိမ်ခံသင်္ဘောကြီးရဲ့မာလိန်မှုးကြီး ဖြစ်ပါတယ်။ ကိတ်ဟာ ခရီးသည်ပေါင်း (၂, ၉၁၈) ယောက် ဆန့်ဝင်တဲ့ သင်္ဘောကြီးတစ်ခုလုံးကို ကြီးကြပ်ရတဲ့ အမေရိကန်ရဲ့ ပထမဆုံးသော အမျိုးသမီးမာလိန်မှုးခေါင်းဆောင်လည်း ဖြစ်ပါတယ်။

Insider သတင်းအရတော့ ကိတ်က သူမဟာ အလုပ် ပင်ပင်ပန်းပန်းလုပ်ချိန် သိပ်မရှိဘူးလို့ ဆိုပါတယ်။ “ကျွန်မတို့က သုံးလခရီးထွက်ပြီး သုံးလနားတယ်။ ဒီတော့ သုံးလတစ်ကြိမ် အနားရနေတာပေါ့…” လို့  ဆိုခဲ့တဲ့အပြင် “ကျွန်မအတွက်တော့ ငါးလအလုပ်လုပ်ပြီး နှစ်ပတ်လောက် နားရရင်ပဲ လုံလောက်ပါတယ်..” လို့ ဖြေခဲ့ပါသေးတယ်။

Instagram/captainkatemccue

 

သူမဟာ (၂၀၁၅) ခုနှစ်မှာတော့ အခုသင်္ဘောထက် အနည်းငယ်ပိုသေးပြီး ခရီးသည် (၂,၁၅၈) ယောက် ဆန့်ဝင်တဲ့ Celebrity Summit သင်္ဘောမှာ အလုပ်လုပ်ခဲ့ပါတယ်။ ထိုစဉ်ကတည်းက စလို့ ကိတ်ဟာ Celebrity Summit ဧရာမဇိမ်ခံ သင်္ဘောကြီးတစ်ခုလုံးကို အမိန့်ပေးဖို့ တာဝန်ယူထားတဲ့ ပထမဆုံး အမေရိကန်အမျိုးသမီးဖြစ်လာခဲ့တာပါ။ ကိတ်ကတော့ ဇိမ်ခံသင်္ဘောကြီးတွေဟာ အသားတင်တန်ချိန်ပေါင်း (၈) သောင်းနဲ့ (၈) သောင်းအထက် ရှိနိုင်တယ်လို့ ဆိုပါတယ်။ အခု သူမစီမံခန့်ခွဲနေတဲ့ Celebirty Edge ကတော့ အသားတင်တန်ချိန်တင် (၁၃၁,၀၀၀) ရှိနေတာ ဖြစ်ပါတယ်။

READ
အောက်ပိုင်းသေနေတဲ့မိခင်ကို ကျောင်းတစ်ဖက်နဲ့ ပြုစုပေးနေရှာတဲ့ (၁၀)နှစ်သားလေး
Instagram/captainkatemccue

ကိတ်ဟာ သူမငယ်ငယ် အသက်(၁၂) နှစ်ကတည်းကစလို့ အပျော်စီးဇိမ်ခံသင်္ဘောကြီးတွေကို စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ အခုလို သင်္ဘော မာလိန်မှုးတစ်ယောက် ဖြစ်လာဖို့ ကိတ်ဟာ လွယ်လွယ်ကူကူတော့ ရှိခဲ့တာ မဟုတ်ပါဘူး။ ငှက်ပျောသီးတွေ သယ်တဲ့ လှေတစ်စင်းမှာ စတင် အလုပ်လုပ်ခဲ့ပြီး အောက်ခြေအဆင့်ကနေ လုပ်ငန်းသင်လာခဲ့ရတာပါ။

သူမက ကုန်တင်သင်္ဘောတွေထက်စာရင်တော့ ဇိမ်ခံသင်္ဘောကြီးတွေမှာ အလုပ်လုပ်ရတာ ပိုကြိုက်တယ်လို့ ဆိုပါတယ်။ “ကျွန်မတို့အလုပ်လည်း လေယာဉ်မှုးတွေလိုပါပဲ။ အချိန်တွေကို ကြိုပြီး ခန့်မှန်းတွက်ချက်ရတယ်။ ပင်လယ်ထဲမှာ ဘယ်နှစ်ရက်ကြာနိုင်မလဲ ဆိုတာမျိုးတွေပေါ့။ ကျွန်မ အခုလို အနေအထားမျိုး ရောက်ဖို့ အတွက် (၁၉) နှစ်လောက် ကြိုးစားလာခဲ့ရတာပါ…”လို့လည်းပြောပြခဲ့ပါတယ်။ ကိတ်ဟာ ခရီးထွက်တဲ့အခါတိုင်း သူမရဲ့ ကြောင်ကလေး ဘတ်ဂ်နာကစ်ဒ်ကို အမြဲခေါ်သွားလေ့ရှိကာ ရေကူးဖို့ ရေသူမအမြီးတစ်စုံကိုပါ မပါမဖြစ် သယ်သွားတတ်တယ်လို့လည်း သိရပါတယ်။

READ
စုတ်တံလုံးဝမသုံးဘဲ မိနစ်ပိုင်းအတွင်း လက်ရာမြောက်ပန်းချီတွေ ဖန်တီးပြသွားတဲ့အမျိုးသား
Instagram/captainkatemccue

လင်းလင်း (ShweMom)

SHARE