ဒိုင်ယာနာမင်းသမီးရဲ့ သရဖူနဲ့ ဖိတ်ဖိတ်တောက်လှနေတဲ့ ကိတ်မစ်ဒယ်တန်

ဒီဇင်ဘာ(၄) ရက်နေ့ညနေက ဘက်ကင်ဟမ်နန်းတော်မှာ ကျင်းပပြုလုပ်တဲ့ သီးသန့်အခမ်းအနားတစ်ခုမှာ ဒိုင်ယာနာမင်းသမီးရဲ့ သရဖူကိုဆောင်းပြီး သံတမန်ကြိုဆိုပွဲလာတဲ့ ကိတ်မစ်ဒယ်တန်ကို တွေ့ခဲ့ပါတယ်။ ကိန်းဘရစ်ခ်ျမြို့စားကတော်ဟာ ၀ီလျံမင်းသားနဲ့အတူ သံတမန်ရေးရာအရ လက်ခံတွေ့ဆုံပေးဖို့ ရောက်ရှိလာတာဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ သရဖူနဲ့ ပဏာရလွန်းပြီး ပြုံးရွှင်နေတဲ့ ကိတ်ရဲ့ နှစ်လိုဖွယ်ရာပုံရိပ်လေးတွေကို တွေ့ရပါတယ်။

(Image: PA)
(Image: PA)

သူမနှစ်သက်တဲ့ ပစ္စည်းတွေဆိုရင် မကြာခဏပြန်ပြန်ဝတ်တယ်လို့ လူတွေသိကြတဲ့ ကိတ်ဟာ အခုတစ်ခါမှာလည်း သူမရဲ့ အကောင်းဆုံးရတနာပစ္စည်းတွေဖြစ်တဲ့ ဒိုင်ယာနာရဲ့ သရဖူနဲ့ ပုလဲနားဆွဲလေးကို ဆင်မြန်းလာတာပါ။ ဘုရင်မကြီးကလည်း ဒီဇင်ဘာအစောပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်ဧည့်သည်တွေကို ဂုဏ်ပြုခရီးဦးကြိုပြုနေတာကိုလည်း အခုလို တွေ့ရမှာ ဖြစ်ပါတယ်။

PA

အခမ်းအနားဟာ အရေးကြီးတာကြောင့် ကိတ်တစ်ယောက်ဟာ ကျောက်တွေ၊ ပုလဲသီးလေးတွေနဲ့ စီခြယ်ထားတဲ့ ၀တ်စုံကို ကျကျနန၀တ်ဆင်ထားပါတယ်။ ပြီးတဲ့နောက် အောက်တိုဘာလကုန်မှာကတည်းက သူမ ပထမဆုံးဝတ်ဆင်ခဲ့တဲ့ Royal Order အ၀ါရောင်တံဆိပ်လေးတစ်ခုကိုလည်း ၀တ်စုံမှာ တပ်ဆင်ထားတာ တွေ့ရပါသေးတယ်။

READ
အချစ်ဆုံးသူငယ်ချင်းနဲ့ဖောက်ပြန်နေတဲ့ ချစ်သူကိုရိုက်သတ်ခဲ့တဲ့အမျိုးသား
PA

ကိတ်နဲ့ ၀ီလျံတို့ဟာ သံတမန်တွေကို ကြိုဆိုနေတဲ့အခိုက်မှာပဲ မီဂန်မာကယ်နဲ့ ဟယ်ရီတို့မောင်နှံဟာ Henry Van Straubenzee ခရစ္စမတ်ကာရိုးဖျော်ဖြေပွဲအတွက် စိန့်လုကာဘုရားကျောင်းဆီကို ထွက်သွားကြတာကိုလည်း အခုလို မြင်လိုက်ရပါသေးတယ်။ ဆော့စ်ဆက်စ်မြို့စားကတော် မီဂန်ကိုတော့ နက်ပြာရောင်ဝတ်စုံနဲ့အတူ ဆံပင်ကို ပြေလျော့လျော့နဲ့ ထုံးထားတဲ့ပုံနဲ့ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

(Image: GoffPhotos.com)
(Image: Matt Sprake / SplashNews.com)

၎င်းအခမ်းအနားမှာတော့ မီဂန်ဟာ ကဗျာတစ်ပုဒ်ကို ရွတ်ဖတ်ခဲ့ပါသေးတယ်။ မီဂန်တို့စုံတွဲအပြင် ကိတ်ရဲ့ ညီမဖြစ်သူ ပိုင်ပါမစ်ဒယ်တန်နဲ့ ခင်ပွန်းသည် ဂျိမ်းစ်မက်သယူးတို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(Image: Mark Milan / SplashNews.com)

လင်းလင်း (ShweMom)

Ref: Mirror

SHARE