မီလီယံနာခင်ပွန်းနဲ့ ကွာရှင်းကြောင်း မကြေညာခင် ဘီလီယံနာနဲ့ ပုံတွေ ထွက်လာတဲ့ မင်းသမီး

Miss Hong Kong second runner-up အလှမယ်ဟောင်းတစ်ယောက်ဖြစ်သလို TVB  မင်းသမီးချော ဖြစ်တဲ့  Katherine Ho  ကတော့ သူမရဲ့ မီလီယံနာ ခင်ပွန်းWu Zhichen နဲ့ ကွာရှင်းကြောင်း အတိအလင်း ကြေညာ ခဲ့ပါတယ်။ လက်ထပ်တာ (၉)လအကြာမှာပဲ ကွာရှင်းကြောင်းကြေညာခဲ့တာပါ။ ကွာရှင်းကြောင်းမကြေညာခင်တစ် ရက် အလိုမှာတော့ သူမနဲ့ ဘီလီယံနာ Anson Chan (55) နဲ့ နမ်းနေတဲ့ ပုံတွေ ထွက်လာခဲ့ပါတယ်။ မီလီယံနာသူဌေး ခင်ပွန်း ဖြစ်သူ နဲ့ မကွာရှင်းခင်မှာ ဘီလီယံနာသူဌေးနဲ့ Kissing ဆွဲနေတဲ့ ပုံတွေ ထွက်လာတယ်ဆိုတော့ သူမဟာ ဘီလီ ယံနာနဲ့ ချစ် ကြိုးသွယ်နေတာကြောင့် လက်ရှိခင်ပွန်းနဲ့ ကွာရှင်းဖို့ ကြေညာတာလားဆိုပြီး သတင်းတွေ လည်း ထွက်ေ ပါ် နေပါတယ်။

Katherine Ho IG
Katherine Ho IG
Katherine Ho IG
Katherine Ho ကတော့ (၂၀၁၄)ခုနှစ်မှာ Miss Hong Kong အလှမယ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရင်းနဲ့ second runner-up ဆုရခဲ့တာပါ။ သူမဟာ Deep in the Realm of Conscience ဆိုတဲ့ TVB ဒရမ်မာ ဇာတ်ကား တွေမှာ မထင်မရှားနေရာကနေ ပါဝင်သရုပ်ဆောင်ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အသက် (၂၇)နှစ် အရွယ် Katherine Ho  ဟာ သူမထက် အသက်အများကြီးပိုကြီးတဲ့ အသက် (၆၇)နှစ်အရွယ် မီလီယံနာ Wu Zhicheng နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ သုံးနှစ်လောက် တွဲခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်က မှ လက်ထပ် ခဲ့တာပါ။ ဒါပေမယ့် အိမ်ထောင်ရေးက (၉)လအကြာမှာပဲ ပြိုကွဲ သွားပြီလို့ သူမက ဆိုရှယ်မီဒီယာက တစ်ဆင့် အတိ အလင်း ကြေညာခဲ့ပါတယ်။ မေ(၁)ရက်နေ့က သူမရဲ့ Instagram ပေါ်မှာ အခုလို ကြေညာခဲ့တာပါ။ ” နောက်ဆုံး မှာတော့ ကောင်းသောလမ်းခွဲခြင်းနဲ့ လမ်းခွဲ ဖို့ ကျမတို့ ဆုံးဖြတ်လိုက်ကြတယ်။ ကျမတို့ နှစ်ယောက် မိတ်ဆွေ ကောင်း တွေ အဖြစ် ဆက်ပြီးရှိနေကြအုံးမှာပါ။ အားလုံးရဲ့ ပံ့ပိုးအားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ တစ်ယောက် ချင်းစီတိုင်း ကိုလည်း ကျမတို့ က ဆုတောင်းမေတ္တာ ပို့ပါတယ်..” ဆိုပြီး မီလီယံနာ ခင်ပွန်းနဲ့ လမ်းခွဲ ကြောင်း ကြေညာခဲ့တာပါ။
Katherine Ho IG
theindependent
Katherine Ho IG

Mr Wu  နဲ့ Katherine တို့ဟာ(၂၀၁၄)တုန်းက သူ့ရဲ့ ကုမ္ပဏီပွဲတစ်ခုကို တက်ရင်းနဲ့ ဆုံတွေ့ ခဲ့ကြတာပါ။ Kath erine ကို မြင်မြင်ချင်းချစ်မိသွားခဲ့ပြီး စင်ကာပူဒေါ်လာ ( S$3)သန်း တန်တဲ့ အိမ်ကို Katherine ရဲ့ နာမည်နဲ့ လွှဲပေးခဲ့ပြီး စိန်လည်ဆွဲတွေ ၀ယ်ပေးတဲ့ အထိ အပေးအကမ်းရက်ရောခဲ့သူပါ။ သုံးနှစ်လောက်တွဲခဲ့ပြီး (၂၀၁၈) ဇူလိုင် မှာ လက်ထပ်ခဲ့တာပါ။ ဒါပေမယ့် အိမ်ထောင်သက်က (၉)လပဲ ကြာခဲ့ပြီး လမ်းခွဲလိုက်ပြီလို့ Katherine  ဘက်ကနေ ကြေညာခဲ့တာပါ။ Wu ကတော့ Macau  လောင်းကစားဘုရင် Stanley Ho ရဲ့ လက်အောက်ခံ ကုမ္ပဏီ Macau slot ရဲ့ CEO တစ်ယောက်ပါ။ သူ့ရဲ့ ပိုင်ဆိုင်မှုကတော့ သန်း(S$520) ရှိပါတယ်။ Katherine တစ်ယောက် ခင်ပွန်း ဟောင်းဆီကနေ  မယားစရိတ်ဘယ်လောက်ရမလဲ..? မကွာရှင်းခင် တစ်ရက်အလိုက ဘီလီယံနာ နဲ့ Anson Chan နဲ့ နမ်းတဲ့ ပုံတွေ ထွက်လာတော့ ဘီလီယံနာနဲ့ရော ဘယ်လိုတွေ ဆက်ပြီး ဇာတ်လမ်းဖြစ်လာအုံးမလဲ ဆိုတာကို အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

READ
"မက်ဒေါနားလို Body မျိုး လိုချင်တယ်" ဆိုတဲ့ သင်ဇာဝင့်ကျော်
Katherine Ho IG
Katherine Ho IG
Katherine Ho IG

Source asiaone/theindependent

SHARE