ကမ္ဘာ့ပထမဆုံးသော တွင်းနက်ဓာတ်ပုံရဲ့ နောက်ကွယ်ကပဲ့ကိုင်ရှင် Katie Bourman

National Science Foundation, Times

လပေါ်မှာရှိနေတဲ့ လိမ္မော်သီးတစ်လုံးကို သင်ကကမ္ဘာမြေပေါ်ကနေ စမတ်ဖုန်းကင်မရာကိုအသုံးပြုပြီး ဓာတ်ပုံရိုက်ကြည့်မယ်ဆိုပါစို့။ ဖြစ်နိုင်ပါ့မလား။ အာကာသထဲတွင်းနက်ကြီးတွေရဲ့တကယ့်ပုံပန်းသဏ္ဍာန်အစစ်အမှန်ရဲ့ ပုံကိုဓာတ်ပုံရိုက်ကူးမယ်ဆိုတဲ့ သိပ္ပံပညာရှင်တို့ရဲ့ သုတေသနလုပ်ငန်းကြီးဟာလည်း ထိုနည်းလည်းကောင်းပါပဲ။

National Science Foundation

သို့ပေမယ်လည်း မဖြစ်နိုင်ဘူးဆိုတာ လောကမှာမရှိဘူးဆိုတဲ့ ဆိုရိုးအတိုင်း ၂၀၁၉ ဧပြီလ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့မှာတော့ ကမ္ဘာ့သမိုင်းတစ်လျှောက် ပထမဦးဆုံးအဖြစ် မှတ်ကျောက်တင်နိုင်မယ့် အာကာသထဲက တွင်းနက်ကြီးတစ်ခုရဲ့ပုံရိပ်ကို ကမ္ဘာမြေကနေလှမ်းပြီး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Facebook

နိုင်ငံတကာမှသုတေသီသိပ္ပံပညာရှင်ပေါင်း အယောက် ၂၀၀ လောက်ဟာ ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး အစစ်အမှန်ဖြစ်ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးကလူတွေကို အုပ်အုပ်ထသွားစေလောက်တဲ့ အောင်မြင်မှုကြီးတစ်ခုကို ဟားဗက်ကသုတေသနဌာနမှာ တွေ့ရှိခဲ့ပေမယ့် ဒီတွင်းနက်ကြီးရဲ့ ပုံရိပ်ကိုဖမ်းယူနိုင်ဖို့ အဓိကဦးဆောင်ခဲ့သူကတော့ Katherine Bouman (Katie Bouman) ဆိုတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ Katie Bouman ဟာ အသက် ၂၉ နှစ်သာရှိသေးတဲ့ ကွန်ပြူတာသိပ္ပံကျောင်းဆင်းတစ်ယောက်ပါ။ California Institute of Technology မှာ လက်ထောက်ပါမေက္ခအဖြစ် လုပ်ကိုင်နေပြီး Event Horizon Telescope ဆိုတဲ့ ပရောဂျက်အဖွဲ့အစည်းမှာ သိပ္ပံပညာရှင်သူတေသီတစ်ဦးအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။

READ
မိမိမှာ နှစ်ဖက်ချွန်ဖြစ်တယ်လို့ ဖွင့်ဟခဲ့တဲ့ အမေရိကန်အဆိုတော် အာရွန်ကာတာ
Times Magazine

Katie Bouman ဟာ ဒီပရောဂျက်အဖွဲ့ထဲ လွန်ခဲ့တဲ့ ၆ နှစ်လောက်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး အလုပ်စစဝင်ပြီး တော်တော်ကြာတဲ့အထိ တွင်းနက်တွေအကြောင်းကို သေသေချာချာ မသိသေးပါဘူး။ ကွန်ပြူတာသိပ္ပံဘွဲ့ရတစ်ယောက်ဖြစ်ပြီး လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကိုသာ ရရှိခဲ့သူဖြစ်တာကြောင့် ဒီပရောဂျက်မှာ ပါဝင်ခဲ့တယ်ဆိုတာဟာလည်း ကွန်ပြူတာနဲ့ပတ်သက်တဲ့ PhD ဘွဲ့ကို ယူမှာမို့လို့သာ လိုအပ်တဲ့အတွက် ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။

Facebook

အဖွဲ့ရဲ့ အာကာသနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ၊ အဝေးကြည့်မှန်ပြောင်းအလုပ်လုပ်ပုံတွေနဲ့ အာကာသအကြောင်းတွေကို အဖွဲ့မှာလုပ်ကိုင်ရင်း တီးမိခေါက်မိရှိလာခဲ့ပါတယ်။ နဂိုကတည်းက Katie Bouman ရဲ့ ဗီဇက မရှိဘူးဆိုတဲ့အရာတွေကို လိုက်လံစူးစမ်းရှာဖွေရတာ ကြိုက်တတ်သူတစ်ယောက်ပါ။ ဒါကြောင့်လည်း အဖွဲ့အစည်းနဲ့မဆိုင်ဘဲ သူမတစ်ယောက်တည်း ကြားဖူးနားဝရှိနေတဲ့ တွင်းနက်ရဲ့ ပုံရိပ်ကို ဖမ်းယူနိုင်မယ့် algorithm ကို လွန်ခဲ့တဲ့သုံးနှစ်က ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမဟာ တယ်လီစကုတ်ပညာရှင်တစ်ယောက်မဟုတ်ဘဲ အင်ဂျင်နီယာ-ကွန်ပြူတာသိပ္ပံသမားတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီဖြစ်နိုင်ချေရှိတဲ့ algorithm ကို ပုံဖော်ဖို့ အလုပ်လုပ်နေတဲ့ Event Horizon Telescope က လုပ်ဖော်ကိုင်ဖက်တွေကို အကူအညီတောင်းခဲ့ပါတယ်။

NASA_ESA_Hubble Heritage Team (STScI_AURA)_P. Cote (Herzberg Institute of Astrophysics)_E. Baltz (Stanford University)
Chandra X-ray, Center of M87

ပရောဂျက်အဖွဲ့အစည်းထဲ သိပ္ပံပညာနဲ့သက်ဆိုင်တဲ့နယ်ပယ်လောကသားတွေဖြစ်တဲ့ ရူပဗေဒပညာရှင်ကစလို့ သင်္ချာပညာရှင်တွေအထိ ပါတဲ့အတွက်ကြောင့် သီအိုရီပိုင်းပိုင်ပိုင်နိုင်နိုင်သိပြီး အာကာသနဲ့ပတ်သက်လို့လည်း Katie Bouman ထက်ပိုနီးစပ်သူတွေပါ။ ၃ နှစ်ကြာအောင် Katie Bouman ရဲ့ algorithm ကို ပုံဖော်ဖို့အတွက် အဖွဲ့အစည်းတစ်ခုလုံး အားကြိုးမာန်တက်နဲ့ ကြိုးစားခဲ့ကြပါတယ်။ တွင်းနက်ရှိမယ်လို့ တွက်ချက်မိတဲ့ အလင်းနှစ် ၅၄ သိန်းအကွာက M87 နဂါးငွေ့တန်းတွင်းက တွင်းနက်ရှိကြောင်း သက်သေပြနိုင်မယ့်အချက်တွေကို အချိန် ၂ နှစ်ကျော်ကြာအောင် ရေဒီယိုလှိုင်းကတစ်ဆင့် ဖမ်းယူစုစည်းခဲ့ရပါတယ်။ အဲဒီအချိန်အထိ M87 နဂါးငွေ့တန်းထဲ တွင်းနက်ရှိမရှိဆိုတာ မသေချာသေးပါဘူး။

READ
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်ခံရတဲ့ မိန်းမလှလေး
EHT Collaboration et al 2019

အလင်းနှစ်သိန်းဆယ်ချီကွာဝေးတဲ့နေရာက တွင်းနက်ကိုဓာတ်ပုံရိုက်ဖို့ဆိုတာက ပုံမှန်ဓာတ်ပုံရိုက်သလိုမျိုးလိုချင်တဲ့ပုံရိပ်ကို တစ်ခါတည်းနဲ့စက္ကန့်ပိုင်းအတွင်း ဖမ်းယူနိုင်တာမျိုးမဟုတ်ပါဘူး။ ဒီပထမဆုံးတွင်းနက်ပုံကို အခုလိုမျိုးမြင်ရဖို့အတွက်ဆိုရင် Katie Bouman တွက်ချက်ထားတဲ့ algorithm ကို သုံးပြီး ရေဒီယိုလှိုင်းကပေးပို့လိုက်တဲ့ ပုံတွေအကုန်လုံးကို တစ်ခုချင်းဆက်ပြီးတော့မှ ရုပ်လုံးပေလာခဲ့တာပါ။

Katie Bouman ဟာာ ၃၀% သော ကမ္ဘာ့သိပ္ပံပညာရှင်အမျိုးသမီးတွေထဲကမှ ထူးချွန်ပြောင်မြောက်ပြီး ကမ္ဘာမှာသမိုင်းတွင်စေမယ့် ရှာဖွေတွေ့ရှိမှုကြီးတစ်ခုဖြစ်လာစေဖိွုှ့တွက် လှပတဲ့မီးပွားလေးတစ်ပွင့်ပါပဲ။

Facebook

Source: CNN, Times

Penny

SHARE