Maldives ကမ်းခြေမှာ ဖိုတိုရှုတင်ရိုက်ရင်း လှချင်တိုင်းလှနေတဲ့ Katrina Kaif

[email protected] katrinakaif

Bollywood ရုပ်ရှင်လောကရဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ Katrina Kaif ကိုတော့ Bollywood ရုပ်ရှင်ချစ်သူတော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ Katrina ဟာ Tiger Zinda Hai, Bharat, Bang Bang, Dhoom 3, Sooryavanshi, Namastey London အစရှိတဲ့ နာမည်ကြီး Bollywood ရုပ်ရှင်ဇာတ်ကားတွေနဲ့ အောင်မြင်မှု ရရှိခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က Maldives ကမ်းခြေမှာ ဓာတ်ပုံရိုက်တဲ့နေတဲ့ ပုံတွေ ဆိုရှယ်မီဒီယာပေါ် တက်လာခဲ့ပြီးနောက်မှာတော့ Katrina ရဲ့ ဓာတ်ပုံတွေဟာ တော်တော်လေးကို လှပပြီး အသက်ဝင်လွန်းနေတာကြောင့် ပရိသတ်တော်တော်များများရဲ့ ချီးကျူးအားပေးမှုကို ခံခဲ့ရကြောင်း Pinkvilla သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

So amzinggg to be in Maldives for shoot #lovemyjob #grateful

A post shared by Katrina Kaif (@katrinakaif) on

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ ကူးစက်မှုနှုန်းဟာလည်း တဖြည်းကျဆင်းလာတာကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ အနုပညာရှင်တော်တော်များများဟာ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို တဖြည်းဖြည်း ပြန်လည်လုပ်ဆောင်လာနေပြီပဲ ဖြစ်ပါတယ်။ အပေါ်ကပုံထဲမှာ တွေ့ရတဲ့အတိုင်း Katrina ဟာလည်း ဖိုတိုရှုတင်တစ်ခုကြောင့် Maldives ကမ်းခြေကို ရောက်ရှိနေခဲ့တာပါ။ Katrina ဟာ ကမ်းခြေစတိုင် ရောင်စုံအင်္ကျီလှလှလေးကို ဝတ်ဆင်ထားပြီး တော်တော်လေးကို ကြည့်လိုပကောင်းနေပါတယ်။ သူမရဲ့ ဖိုတို ရှုတင်က ဓာတ်ပုံတွေကိုလည်း သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ပို့စ်တင်ခဲ့တာကြောင့် ပရိသတ်တော်တော်များများကလည်း Katrina ရဲ့ ချောမောလှပနေမှုကို တော်တော်လေး ချီးကျူးခဲ့ပါတယ်။

READ
စစ်မှုထမ်းသွားတဲ့ Ji Chang Wook ကို နှုတ်ဆက်ရင်း ပရိသတ်တစ်ချို့ ငိုကြွေးခဲ့ကြ

 

 

View this post on Instagram

 

Sunday’s with my favourite ☕️ @abheetgidwani

A post shared by Katrina Kaif (@katrinakaif) on

“လက်ရှိမှာတော့ Maldives ကမ်းခြေကို ဖိုတို ရှုတင်တစ်ခုကြောင့် ရောက်ရှိနေတာပါ။ Maldives ကတော့ တော်တော်လေးကို နေလို့ကောင်းပြီး ကျွန်မအတွက်တော့ နိဗ္ဗာန်ဘုံလေးတစ်ခုပါပဲ။ အိမ်ထဲမှာ နေရတာ တော်တော်လေးကြာခဲ့ပြီး အခုလို ပထမဦးဆုံး အပြင်ကို အလုပ်ကိစ္စကြောင့် ရောက်ဖြစ်ခဲ့တာပါ။ မကြာခင်အချိန်မှာလည်း ဇာတ်ကားအသစ်တွေ ပြန်လည်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်”လို့ Katrina က ပြောကြားခဲ့ပါတယ်။

READ
အနီရောင်ဇာအင်္ကျီလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတွေကို ထုတ်ပြလိုက်တဲ့ မိုးမြင့်သဇင်

 

Pyi Hein Kyaw

SHARE