Orlando Bloom နဲ့ ခဏတာ လမ်းခွဲခဲ့ချိန်က သတ်သေဖို့ စဉ်းစားခဲ့တယ်ဆိုတဲ့ Katy Perry

instagram @ katyperry

အဆိုတော် Katy Perry ကတော့ (၂၀၁၇) ခုနှစ်တုန်းက ခင်ပွန်းလောင်း  Orlando Bloom  နဲ့  လမ်းခွဲခဲ့တဲ့အကြောင်း၊ အဲဒီအချိန်က သူမခံစားခဲ့ရတဲ့ အကြောင်းတွေနဲ့ ပတ်သတ်ပြီး ပထမဦးဆုံးအကြိမ် ဖွင့်ဟလာခဲ့ပါတယ်။

 

View this post on Instagram

 

one year ago I said yes to a life of love and evolution… and definitely never a dull moment 😜

A post shared by KATY PERRY (@katyperry) on

အသက် (၄၃) နှစ်ရှိပြီဖြစ်တဲ့ မင်းသား  Orlando Bloom  နဲ့ စေ့စပ်ထားတဲ့ Katy ကတော့ သူမတို့ရဲ့ ပထမဆုံး ရင်သွေးလေးကိုလည်း လွယ်ထားရပြီဖြစ်ပါတယ် ။ SiriusXM ရဲ့ CBC Radio One အစီအစဉ်မှာတော့ သူမတို့နှစ်ဦး ၂၀၁၇ တုန်းက လမ်းခွဲခဲ့တဲ့ အကြောင်းကို ပြန်ပြောလာတယ်လို့ people.com မှာဖော်ပြထားပါတယ်။

 

View this post on Instagram

 

i’ve got to shed all this skin if I want the distance let the sun in pull out the weeds and focus my vision

A post shared by KATY PERRY (@katyperry) on

လမ်းခွဲခဲ့တဲ့အချိန်တုန်းက Katy က (၃၅) နှစ်ပါ ။ အဲ့အချိန်တုန်းက သူမရဲ့  Witness ဆိုတဲ့ Album လည်းထွက်ရှိခဲ့အချိန်ဖြစ်ပြီး အခွေကလည်း မအောင်မြင်ခဲ့ပဲ စိတ်ဓာတ်တွေ အရမ်းကျနေတဲ့အချိန်ပါ ။ ” ကျွန်မလုံးဝကို ပြိုလဲသွားခဲ့တာ ၊ သီချင်းခွေထွက်တာကလည်း သိပ်မအောင်မြင်ဘူးလေ၊ လူတွေကတော့ ဒီ Album တစ်ခုမအောင်မြင်တာနဲ့ ဘာမှမဖြစ်လောက်ဘူးထင်ကြပေမယ့် ကျွန်မအတွက်တော့ လှုပ်ခပ်မှုက အတော်လေးကြီးပါတယ် ”

READ
ပရိသတ်တစ်ယောက်ရဲ့ ဝေဖန်မှုကိုအသိအမှတ်ပြုခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

” ကျွန်မ ကလေးရဲ့ ဖေဖေ ဖြစ်လာမယ့်သူနဲ့လည်း လမ်းခွဲခဲ့ရတဲ့ အချိန်ပေါ့ ။ အဆိုးတွေပဲ ဆက်တိုက်ကြုံလာရတော့ ကျွန်မေ အတော်ကြိုးစားပြီး စိတ်ကိုထိန်းခဲ့ရတယ်။ စိတ်ပျက်ဝမ်းနည်းစရာတွေ များလွန်းလို့ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိ ကျွန်မ စဉ်းစားခဲ့ပါတယ်။ ကျွန်မရဲ့ စိတ်ညစ်စရာတွေကို ဖြေဖျောက်ဖို့ နည်းလမ်းကို ကံကောင်းထောက်မစွာနဲ့ ရှာတွေ့ခဲ့လို့ တော်သေးတာပေါ့ ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Katy ရဲ့ မိဘ(၂)ပါးစလုံးဟာ တရားပြဆရာ(Pastor)တွေ ဖြစ်ကြပါတယ်။ ငယ်ငယ်တည်းက ဘာသာရေးနဲ့ အကျွမ်းတ၀င် ရှိခဲ့တဲ့ Katy က ”  လမ်းပျောက်နေတဲ့ အချိန်မှာ ဘာသာရေးက ကျွန်မရဲ့ စိတ်ထွက်ပေါက် ဖြစ်ခဲ့ပါတယ်။ ငါ လူဖြစ်လာရတာ ကံကောင်းလို့ .. ဆိုတဲ့ အတွေးကို အချိန်ပြည့်နီးပါး စိတ်ထဲထည့်ပြီး ကျွန်မကိုယ် ကျွန်မ ပြန်တည်ဆောက်ခဲ့ရတာပါ။  အောင်မြင်မှုကို အငမ်းမရ ရှာဖွေနေတဲ့ ပေါ့ပ်အဆိုတော်တစ်ယောက် ဖြစ်ဖို့ထက် တစ်ခြားပိုပြီး အရေးကြီးတာတွေ ဘ၀မှာ ရှိနေပါသေးလားဆိုတာ ကျွန်မ နားလည်သွားခဲ့ပါတယ်” လို့ ဖွင့်ဟခဲ့တာပါ။

READ
ချစ်သူလေးနဲ့ ပြန်အဆင်ပြေပြီး ပန်းခြံထဲမှာ အမှန်အကန် ကြည်နူးနေတဲ့ ဘရွတ်ကလင်း

Katy Perry နဲ့ မင်းသား Orlando Bloom တို့ဟာ (၂၀၁၆)ခုနှစ်က Golden Globe Awards ဆုပေးပွဲမှာ ဆုံတွေ့ခဲ့ပြီး ချစ်သူတွေ ဖြစ်ခဲ့တာပါ။ မကြာခဏ လမ်းခွဲလိုက်၊ ပြန်တွဲလိုက် ဖြစ်ခဲ့ပေမယ့် (၂၀၁၉)ခုနှစ် ဗယ်လင်တိုင်းဒေးမှာတော့ စေ့စပ်ခဲ့ကြပါတယ်။ (၂၀၂၀)ခုနှစ် မေလမှာတော့ Katy က သူမမှာ ရင်သွေးလေးလွယ်ထားရပြီဆိုတာ ပရိသတ်တွေကို အသိပေးခဲ့ပြီး သမီးလေး ဖြစ်တယ်လို့လည်း သိရပါတယ်။

# ShweMom

SHARE