ကိုယ်ဝန်ဆောင်ထားရပြီလို့ အတည်ပြုပြောကြားလာတဲ့ Katy Perry

YouTube/NeverWornWhite

Katy Perry ဟာ သူ့ရဲ့ ပထမဆုံးကလေးကို ကိုယ်ဝန်ဆောင်ထားရပြီဖြစ်တယ်လို့  Instagram live မှာ ပြောကြားခဲ့တာပါ။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ Katy Perry ဟာ မတ်လ ၄ ရက်နေ့တုန်းက သူ(မ)မှာ ကိုယ်ဝန်ရှိနေပြီဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ သူ(မ)နဲ့ အတူနေ ချစ်သူဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် Orlando Bloom တို့ နှစ်ယောက်ဟာ အတူနေတာ ၃ နှစ်အကြာမှာ ဒီလို ပထမဆုံး ကိုယ်ဝန်ရရှိခဲ့တာဖြစ်ပါတယ်။

 

 

View this post on Instagram

 

one year ago I said yes to a life of love and evolution… and definitely never a dull moment

A post shared by KATY PERRY (@katyperry) on

ဒီလို သူ(မ)မှာ ကိုယ်ဝန်ဆောင်ထားရခြင်းနဲ့ ပတ်သက်ပြီးတော့ သူ(မ)ရော Orlando Bloom တို့ နှစ်ယောက်သားဟာ အရမ်းစိတ်လှုပ်ရှားနေရကြောင်း ပြောဆိုခဲ့ပါတယ်။

 “ကြေငြာစရာတစ်ခုရှိပါတယ်။ ဒီနှစ် နွေဦးရာသီမှာတော့ ကျွမအတွက် အများကြီး ကြုံတွေ့လာစရာရှိပါတယ်။ ကျွန်မ ကလေးမီးဖွားတော့မှာပါ”လို့  ဗီဒီယိုဖိုင်မှာ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် သူ(မ)ရဲ့ ကိုယ်ဝန်ဆောင်ထားရတဲ့ ခန္ဓာကိုယ်ကို သူ(မ)ရဲ့ MTV အသစ်ဖြစ်တဲ့ Never Worn White မှာ သွားကြည့်ကြပါလို့တောင် တိုက်တွန်းပြောဆိုခဲ့ပါတယ်။ Never Worn White သီချင်းဟာpowerhouse piano ballad သီချင်းတစ်ပုဒ်ဖြစ်ပြီး Johan Carlsson၊  John Ryan နဲ့ Jacob Kasher Hindlin တို့က သုံးယောက်ပေါင်း ပူးတွဲရေးသားထားကြတဲ့ သီချင်းတစ်ပုဒ်ပါ။ ဗီဒီယိုကိုတော့ Madonna နဲ့ Queens တေးဂီတအဖွဲ့တို့ရဲ့ MTV ကို ရိုက်ကူးခဲ့ဖူးတဲ့ J.A.C.K က ဒါရိုက်တာ အဖြစ် ရိုက်ကူးထားပါတယ်။ 

Katy Perry ဟာ တေးဂီတနယ်ပယ်ထဲမှာ ဆယ်စုနှစ်တစ်စုကျော်ကြာအောင်အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပါ။ သူ့ရဲ့ ဒုတိယမြောက်စတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ One of the Boys အယ်လ်ဘမ်ဟာ ဓာတ်ပြားတိုက်ရဲ့ အဆိုအရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ (၁၃၅)သန်းအထိ ရောင်းချခဲ့ရပါတယ်။ ဒီမှတ်တမ်းဟာ သန်း(၁၀၀) ကျော်အထိ ရောင်းချခံခဲ့ရတဲ့ အဆိုတော်တေးဂီတအဖွဲ့တွေထဲက တစ်ယောက်အဖြစ် Katy Perry အတွက် သမိုင်းဝင်ခဲ့ဖူးသူတစ်ယောက်ပါ။ Katy Perry ရဲ့ အယ်လ်ဘမ်ကို ထုတ်လုပ်ပေးတဲ့ Capitol Records  ကုမ္ပဏီအတွက်လည်း ဒီလိုမှတ်တမ်းရဖူးတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

 

အခုတော့ Katy Perry တစ်ယောက်တော့ သိပ်မကြာခင် ပထမဆုံး ရင်သွေးကို ရရှိတော့မှာဖြစ်ပါတယ်။ ဒီလို ကိုယ်ဝန်ရှိနေတာကို ထုတ်မပြောဘဲ လျှို့ဝှက်ထားရာကနေ အခုမှ ဖွင်ပြောလာခဲ့တာပါ။

“ဒီလို ကိုယ်ဝန်ရှိနေတာ ကျွန်မ သိမ်းဆည်းထားတဲ့ လျှို့ဝှက်ချက်ွေတွထဲက အရှည်ကြာဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်မှာပါ။ ကျွန်မ ဒီ သတင်းကို အကောင်းဆုံးနည်းလမ်းနဲ့ ပြောပြချင်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ သီချင်းထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထည့်သွင်းပေးလိုက်တာပါ။ ရှင်တို့ကို ကျွန်မကိုယ်ဝန်ဆောင်ထားရပါပြီလို့ ပြောချင်တာပါ” လို့ Katy Perry ဟာ သူ(မ)ရဲ့fan တွေကို Live ဗီဒီယိုကနေ တစ်ဆင့်ပြောခဲ့တာပါ။

Ye Yint Kyaw

SHARE