သမ္မသစ်ကျမ်းကျိန်ပွဲရဲ့ အပိတ်ကို မီးရှူးမီးပန်းတွေနဲ့ အားပါးတရဖျော်ဖြေခဲ့တဲ့ Katy Perry

Instagram- @katyperry

ဇန်နဝါရီလ ၂၀ ရက်နေ့ကတော့ အမေရိကရဲ့ ၄၆ ယောက်မြောက် သမ္မတသစ်ဖြစ်တဲ့ Joe Biden ကို သမ္မအဖြစ် တရားဝင်ခန့်အပ်တဲ့ ပွဲကို လုပ်ခဲ့ပါတယ်။ ကျမ်းကျိန်ပွဲပေါ့။ ကျန်းကျိန်ပွဲတိုင်းလိုလိုမှာ ကမ္ဘာကျော်အဆိုတော်တွေအများကြီး လာပြီးတော့ ဖျော်ဖြေတဲ့ထုံးစံရှိလို့နေပါတယ်။

ဒီတစ်ခေါက်ကျမ်းကျိန်ပွဲမှာ ပါခဲ့တဲ့ သူတွေကတော့ Lady Gaga တို့ Jennifer Lopez တို့လို နာမည်ကြီးတွေအများကြီး ပါဝင်နေခဲ့တာပါ။ စစချင်း အဖွင့်ကိုတော့ Lady Gaga က နိုင်ငံတော်သီချင်းဆိုပြီး ဖွင့်ခဲ့ပါတယ်။ သူ့နောက်မှာတော့ Jennifer Lopez ကနေပြီး ဖျော်ဖြေခဲ့ပါတယ်။

ကျမ်းကျိန်ပွဲအပိတ်ကိုတော့ အရမ်းမိုက်တဲ့ပုံစံမျိုးနဲ့ ပိတ်ခဲ့တာပါ။ Katy Perry ကတော့ အပိတ်သီချင်းဆိုဖို့ ရွေးချယ်ခံခဲ့ရတဲ့ အနုပညာရှင်ပဲဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by KATY PERRY (@katyperry)

မကြာသေးခင်ကမှ သမီးလေးမွေးထားခဲ့တဲ့ Katy Perry ကို စင်ပေါ်မှာ ပထမဆုံး live အနေနဲ့ မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ အဖြုရောင်ဝတ်စုံကို ဝျွှ်ထားပြီးတော့ ဆံပင်ရွှေရောင်အနုလေးနဲ့ ကျက်သရှေိတဲ့ အပြင်အဆင်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ 

 

View this post on Instagram

 

A post shared by KATY PERRY (@katyperry)

အနောက်မှာလည်း မီးရှူးမီးပန်းတွေအပြည့်နဲ့ ကောင်းကင်ကြီးကို မြင်တွေ့ရမှာဖြစ်ပြီးတော့ သူမရဲ့ ၂၀၁၀ တုန်းကhit ဖြစ်ခဲ့တဲ့ Firework သီချင်းကို အပြည့်အဝဖျော်ဖြေခဲ့ပါတယ်။ Katy Perry ကို ဂုဏ်ယူပါတယ်ဆိုပြီး သမီးလေး ဖေဖေ Orlando Bloom ကတောင်မှပဲ post တင်ထားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Orlando Bloom (@orlandobloom)

 

View this post on Instagram

 

A post shared by KATY PERRY (@katyperry)

penny

SHARE