The Sims 3 ဆိုတဲ့ နာမည်ကြီး ဗီဒီယိုဂိမ်းတစ်ခုမှာ Katy Perry ပါဝင်ထားခဲ့တာ ဆယ်စုနှစ်တစ်ခုလောက်တော့ ကြာခဲ့ပါပြီ။ အဲ့ဒီနောက်ပိုင်းမှာလည်း ဗီဒီယိုဂိမ်းတွေမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ ဗီဒီယိုဂိမ်းလောကနဲ့ မစိမ်းတဲ့ သူမက အခုဆိုရင် Pokemon ရဲ့ နှစ်ပတ်လည် ပွဲတော်တွေမှာလည်း ပါဝင်သွားမယ်လို့ Vulture ကနေ တဆင့် သိရထားပါတယ်။
View this post on Instagram
Pokemon ရဲ့ နှစ်ပေါင်း ၂၅ နှစ်ကြာအောင် သက်တမ်းအတွက် အထိမ်းအမှတ်ပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပြီး ဒီပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့ P25 Music လို့ အမည်ရတဲ့ အစီအစဉ်မှာ Katy Perry ပူးပေါင်း ပါဝင်သွားမှာ ဖြစ်ပါတယ်။
၁၉၉၆ ခုနှစ်မှာ Pocket Monsters အမည်နဲ့ Pokemon Video Games တွေ ဂျပန်မှာ စတင်ထွက်ရှိလာပြီး နှစ်နှစ်ကြာတဲ့နောက်မှာတော့ မြောက်အမေရိကမှာ Pokemon ဆိုတဲ့ အမည်ကို ပြောင်းလဲလိုက်ပြီး ထွက်ရှိကြောင်း ကြေညာခဲ့ပါတယ်။
View this post on Instagram
ဒီလိုမျိုး Katy Perry နဲ့ အလုပ်တွဲလုပ်ကြောင်း ကြေညာချက်တွေမှာ ဘာမှ ထူးထူးခြားခြား မရှိနေပေမယ့် Katy ကတော့ Pokemon နဲ့ အများကြီး အမှတ်တရ ရှိနေခဲ့တဲ့သူ ဖြစ်ကြောင်းကို သူပြောခဲ့ဖူးတဲ့ အကြောင်းအရာတွေကို ကြည့်ရင် သိနိုင်ပါတယ်။
View this post on Instagram
Pokemon ဂိမ်းတွေက သူမရဲ့ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေတဲ့ ဂိမ်းတွေ ဖြစ်ပြီး အချိန်အတော်ကြာအောင် ဆော့နေဖြစ်တဲ့ ဂိမ်းတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Pokemon Go ဂိမ်းကို ဆော့ခဲ့ဖူးပါတယ်။ သူမက ခရီးထွက်တုန်းမှာပဲ ဂျပန်နိုင်ငံက နာမည်ကြီး Pokemon Café ကိုလည်း သွားလည်ခဲ့ဖူးပါတယ်။
Katy ကတော့ ဂျပန်ရိုးရာဓလေ့တွေကို ချစ်မြတ်နိုးပြီး ဗီဒိယိုဂိမ်းတွေကိုလည်း နှစ်သက်တဲ့သူ တစ်ဦး ဖြစ်ပါတယ်။
View this post on Instagram
လက်ရှိမှာတော့ သူမက Pokemon Company နဲ့ Universal Music Group တို့နဲ့အတူ အဓိက တွဲဖက် အလုပ်လုပ်နေပါတယ်။ ဒီအတွက် ပရိသတ်တွေ အံ့သြလောက်မယ့် အစီအစဉ်တွေ အများကြီး ထွက်ရှိသွားမှာ ဖြစ်ပါတယ်။ သူမ ပူးပေါင်းပြီး အလုပ်လုပ်နေတဲ့ ဒီကုမ္ပဏီနှစ်ခုကတော့ သူတို့ရဲ့ အံ့သြဖွယ် အစီအစဉ်တွေဆိုတာ ဘာလိုမျိုးတွေလဲဆိုတာကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် နာမည်ကြီး အနုပညာရှင်တွေလည်း ဒီအစီအစဉ်မှာ ပါဝင်သွားဦးမှာ ဖြစ်ပြီး တစ်နှစ်ပတ်လုံး ကျင်းပသွားမှာ ဆိုတဲ့ အကြောင်းကိုတော့ ထုတ်ပြောထားပါတယ်။
Kham