ကိုယ်ဝန်ကြောင့်ဖြစ်လာခဲ့တဲ့ သူမရဲ့ ထူးထူးဆန်းဆန်း “ချက်” ပုံကိုပြလာခဲ့ Katy Perry

Instagram- @katyperry

Katy Perry ဟာ ရုပ်ရှင်မင်းသား Orlando Bloom နဲ့ ကိုယ်ဝန်ရသွားခဲ့တာကို သူမရဲ့ “Never Worn White” ဆိုတဲ့ music video မှာ ပရိတ်သတ်တွေကို အသိပေးခဲ့ပါတယ်။ ဒီနှစ်ထဲမှာပဲ ကလေးလေးမွေးလာမှာပါတဲ့။ သူတို့ကတော့ သမီးလေးလို့ ခန့်မှန်းထားကြပါတယ်။

https://www.instagram.com/p/CAtTxPNnDZJ/

ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတွေဟာ နည်းပေါင်းစုံနဲ့ သူတို့ရဲ့ခန္ဓာကိုယ်အနေအထားတွေ၊ သွေးသားတွေ၊ စိတ်နေစိတ်ထားတွေ၊ အကျင့်စရိုက်တွေ ပြောင်းလဲတတ်ကြပါတယ်။ ဥပမာ ဟော်မုန်းအပြောင်းအလဲကြောင့် မျက်နှာအသားအရည်တွေ ကြမ်းတမ်းသွားတာမျိုးတို့ဘာတို့ပေါ့။

အခုလည်း Katy Perry က သူ့ရဲ့ ကိုယ်ဝန်ကြောင့် ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအကြောင်း ထုတ်ပြလာခဲ့ပါတယ်။ Instagram story မှာ video တစ်ခု မျှဝေခဲ့ပါတယ်။ သူမရဲ့ယောင်ကို်င်းနေတဲ့ “ချက်” ပါ။

READ
ယခုအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ
Instagram- @katyperry

Katy ရဲ့ ချက်ဟာ တစ်နေ့တစ်ခြားကြီးလာတဲ့ ဗိုက်ကြောင့်ယောင်ကိုင်းနေတာဖြစ်ပါတယ်။ အများစုသောကိုယ်ဝန်သည်အမျိုးသမီးတွေလည်း ဒီလိုပဲချက်ယောင်တတ်ပေမယ့် Katy အတွက်တော့ ပထမဆုံးဖြစ်တာကြောင့် ထူးထူးဆန်းဆန်းဖြစ်နေပုံပါပဲ။ နောက် သူ့ချက်ကိုလည်း ရွံစရာလေးလို့ပြောခဲ့သေးတယ်။

ယောင်ကိုင်းနေတဲ့ ချက်ကို ပရိတ်သတ်တွေကို ချပြခဲ့တဲ့အပြင် ချက်ကရွံစရာကောင်းနေပေမယ့် မျက်နှာလေးကတော့ အရင်ကထက်ပိုလှလာတယ်ဆိုပြီးလည်း သူ့ပုံလေးနဲ့တကွတင်ခဲ့ပါသေးတယ်။ တကယ်လည်းတော်တော့်ကို လှလာတာ။

Instagram- @katyperry

 

Penny

SHARE