မွေးဖွားလာမယ့် ရင်သွေးလေး အတွက် အိမ်တွင်းအောင်းနေတဲ့ Katy Perry

Image:IG/Katy Perry

Katy Perry ကတော့ သူမရဲ့ မွေးဖွားလာမယ့် ရင်သွေး လေး ကို ကာကွယ်စောင့်ရှောက်တဲ့ အပြင်မထွက်တော့ ပဲ အိမ် တွင်းအောင်းနေပါတယ်။လက်ရှိကမ္ဘာ့ နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ ရောဂါ ဘေးကြောင့် အနုပညာ ရှင် တော်တော်များများက အပြင်မထွက်ပဲ အိမ်မှာပဲ နေ နေကြပါတယ်။ဆယ်လီ တစ်ချို့  ကတော့ သူတို့ရဲ့ ပရိသတ် တွေ ကိုပါ အပြင်မထွက်ပဲ အိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။ကပ်ရောဂါ ဆိုး ရင်ဆိုင်နေချိန်မှာ ကိုယ်ဝန် လွယ် ထားရတဲ့  Katy Perry ကတော့ သူမကိုယ်သူမ တော်တော်လေး စောင့်ရှောက် ကာကွယ် နေပုံ ရပါတယ်။

Image:IG/Katy Perry

ကိုယ်ဝန်နဲ့ သူမရဲ့ ပုံအသစ်ကိုတော့ မတ်လ (၂၀) ရက်နေ့က တင်လိုက်တာပါ။အသက် (၃၅)နှစ်ရှိနေတဲ့ သူမ ကတေ့ မွေးလာမယ့် ရင်သွေးလေး အတွက် social distancing လုပ်ပြီး အပြင် ကမ္ဘာနဲ့ အဆက်အသွယ် ဖြတ် ပြီး နေ နေပါတယ်။တင်လိုက်တဲ့ ပုံမှာတော့ ပန်းရောင် ဆွယ်တာရှပ် ကို ၀တ်ထားပြီး မီးဖို ချောင်ထဲကို ရောက် နေတဲ့ သူမရဲ့ ပုံကို တွေ့ရမှာပါ။အနားမှာတော့ ဖန်ဘူးက ဖွင့်ထားပြီး Katy ကတော့ အဝေးကို မျှော်ကြည့် နေပါတယ်။

 

View this post on Instagram

 

wHaT dAy Is It Even #stayhomeclub

A post shared by KATY PERRY (@katyperry) on

Katy Perry ကတော့ သူမရဲ့ ကိုယ်ဝန် အကြောင်းကို သီချင်းသစ် Never Worn White’ MV နဲ့ ကြေညာ ခဲ့တာပါ။Katy Perry တစ်ယောက် ကိုယ်ဝန်ရပြီး နောက်ပိုင်းက စလို့ အရမ်းသတိထား ဂရုစိုက် ပြီး နေ နေ ပါတယ်။ သူမရဲ့ ခင်ပွန်းလောင်း မင်းသား Orlando Bloom က လည်း အိမ်ကို ပြန်လာကြောင်း၊ကျန်းမာရေး  အခြေအနေ လည်း ကောင်းမွန်ပါတယ်။Katy ကိုယ်တိုင် လည်း ကျန်းမာရေး ကောင်းပြီး သူတို့နှစ်ယောက်အတူတူ အိမ်မှာ နေနေ ပြီး အခြေအနေ ကို စောင့်ကြည့်နေတယ်လို့   အနီးကပ်လူတွေ ပြောတဲ့ သတင်းအရ သိရပါတယ်။

READ
တတိယအကြိမ်မြောက် စေ့စပ်ကြောင်းလမ်းလိုက်ပြီဖြစ်တဲ့ Scarlett Johansson
Image:IG/Katy Perry

အမေရိကန်ကို ပြန်လာရလို့ ပျော်နေပြီး လက်တလောမှာ တော့ အလုပ်တွေ  အကုန်နားထားပါတယ်။Katy Perry နဲ့ Orlando Bloom တို့ရဲ့ မင်္ဂလာပွဲကိုတော့ ဂျပန်မှာလုပ်ဖို့ စီစဉ်ထားပေမယ့် လက်ရှိဖြစ်ပေါ် နေတဲ့ ရောဂါ အန္တရာယ်ကြောင့်  ပွဲကို ရွှေ့ဆိုင်း နိုင်ချေ ရှိပါတယ်။

 

View this post on Instagram

 

Let’s just say it’s gonna be a jam packed summer… 🎶♥️🙂 #NeverWornWhite is out now

A post shared by KATY PERRY (@katyperry) on

Source:mirror & Katy Perry ‘s IG

SHARE