လူရင်းတွေကတောင် လူမှားနေကြတဲ့ Katy Perry နဲ့ Zooey Deschanel

Instagram- @zoeeydeschanel, YouTube- Katy Perry

မကြာသေးခင်အချိန်တုန်းကပဲ Katy Perry ဟာ music video အသစ်တစ်ခုကို တင်လာခဲ့ပါတယ်။ အဲဒါကတော့ Not the End of the World ဆိုတဲ့ သီချင်းရဲ့ music video ပါ။ ဒီ mv ထဲမှာတော့ Katty Perry အနေနနဲ့ မင်းသမီး Zoeey Deschanel ကို သူနဲ့အတူတူသရုပ်ဆောင်ဖို့အတွက် ဖိတ်ခေါ်ထားခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by KATY PERRY (@katyperry)

ဒါပေမဲ့ အဲဒီ music video ကို ကြည့်တဲ့လူတိုင်း သရုပ်ဆောင်နေတဲ့လူဟာ Zoeey Deschanel သရုပ်ဆောင်ထားတယ်လို့ မထင်ဘဲ Katy Perry ပဲလို့ ထင်နေကြပါတယ်တဲ့လေ။ အဲဒီလိုပြောမှပဲ သေချာကြည့်လိုက်တော့ Katy Perry နဲ့ Zoeey Deschanel တို့နှစ်ယောက်က တော်တော်လေးကို ရုပ်ဆင်ကြတာပဲ။

 

View this post on Instagram

 

A post shared by Zooey Deschanel (@zooeydeschanel)

Zoeey Deschanel ဆိုတာကတော့ နာမည်ကြီးအချစ်ဒရာမာတစ်ကားဖြစ်တဲ့ 500 Days of Summer ထဲက မင်းသမီးလေးပါ။ အောင်မြင်တဲ့ ဒရာမာမင်းသမီးတစ်လက်ဖြစ်ပါတယ်။ ဒီ mv ထွက်ပြီးတော့မှပဲ သူတို့နှစ်ယောက်သား ရုပ်ဆင်တယ်ဆိုတာကိုလည်း အချင်းချင်းသိခဲ့ကြတာဖြစ်ပါတယ်တဲ့လေ။ မသိရင် အမွှာညီအစ်မတွေကျလို့။

တစ်လောကလည်း Katy Perry တစ်ယောက် သူမရဲ့ IG မှာ live လွှင့်နေတုန်း ခင်ပွန်းသည် Orlando Bloom က surprise လုပ်ပြီး ZoeeyDeschanel ကိုပါ live ထဲ ဆွဲခေါ်ခဲ့ပါသေးတယ်။

 

View this post on Instagram

 

A post shared by KATY PERRY (@katyperry)

ပရိတ်သတ်တွေကတော့ Not the End of the World ဟာ Katy ရဲ့ ထွက်ခဲ့သမျှ music video ထဲမှာ အကောင်းဆုံးလို့တောင် ချီးမွမ်းနေခဲ့ကြပါတယ်။ Music video လေးကို ခံစားလိုက်ကြပါဦး။

Penny

SHARE