ကာဇက်ကစတန် ကာယဗလာမောင် Yuri Tolochko နဲ့ သူ့ချစ်သူ အရုပ်မလေး Margo ရဲ့ အကြောင်းကို Shwemom မှာ အရင်က လည်း ဖော်ပြခဲ့ဖူးပါတယ်။အဲ့ ဒီ တုန်းက တော့ ချစ်သူ အရုပ်မလေးကို ရိုမန်တစ်ဆန်ဆန် လက်ထပ် ခွင့် တောင်းခဲ့တဲ့ အကြောင်းေ လးပါ။အခုဆိုရင် တော့ လက်ထပ် မယ်ဆိုတဲ့ သူ့ကတိ အတိုင်း ဧည့်ပရိသတ် အလယ်မှာ ချစ်သူ အရုပ်မလေးကို ခမ်းခမ်းနားနား လက်ထပ် ယူ ခဲ့ပါတယ်။သက်ရှိ မိန်း မေ တွ ပေါ များ နေ ပေမယ့် လည်း အရုပ်မလေးကို မှ ချစ်ခင် တွယ်တာ နေတဲ့ အဲ့ဒီ အမျိုးသား ရဲ့ အကြောင်းကိုတော့ New York Post မှာ ဖော်ပြထားတာပါ။
View this post on Instagram
တခြားသူတွေ အမြင်မှာ တော့ ဒါဟာ sex doll ဆိုပေမယ့် Yuri Tolochko အတွက်က တော့ ဒါက သူ့ အချစ်၊သူ့ဘ၀ ဖြစ် နေပါတယ်။ လက် ထပ်မယူ ခင် ချစ်သူဘ၀ မှာတည်းက သွားလေရာ နေရာကို ခေါ် သွားလေ့ရှိပါတယ်။နောက်ဆုံး Margo ဆိုတဲ့ နာမည် နဲ့ Insta gram အကောင့်ပါ ဖွင့် ထားပါတယ်။တွဲ လာတဲ့ ချစ်သူ သက်တမ်း (၈)လပြည့် လွန်ခဲ့တဲ့ တစ်နှစ် လောက် တုန်းက Yuri Tolochko တစ်ယောက် Margo ကို လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။အရုပ်ဆို ပေမယ့် ပြီးစလွယ် မဟုတ်ပဲ တကယ့် အပြင် စုံတွဲ တွေ ထက် တောင် ပိုပြီး လေးလေး နက်နက် ရှယ်ပြင် ဆင်ပြီးမှ လက်ထပ် ခွင့် တောင်းခဲ့တာပါ။၂၀၁၉ ဒီဇင်ဘာမှာ လက်ထပ် ခွင့် တောင်း ပြီး ၂၀၂၀ ဒီဇင်ဘာမှာ လက်ထပ်ခဲ့တာပါ။
View this post on Instagram
လက်ထပ်ပွဲကိုတော့ နိုဝင်ဘာ လကုန် ပိုင်းလောက်က သူ့ရဲ့ Instagram မှာ တင်ထားတာပါ။အပြင်လူတွေ အဖို့တော့ ဒါက ရူး ကြောင် ကြောင် အလုပ်လို့ ထင် ကြမှာ သေချာပါတယ်။ဒါပေမယ့် Yuri Tolochko ကေ တာ့ လက်ထပ် ခွင့်တောင်း တုန်းကလည်း တကယ့် အတည် ပေါက်ကြီး လုပ်ခဲ့သလို လက်ထပ်ပွဲကို လည်း ဧည့်ပရိသတ်တွေ ကို ပါ ဖိတ်ကြား ပြီး ခမ်းခမ်း နားနား သေချာ ပြင် ဆင် ကျင်း ပ ခဲ့တာပါ။
View this post on Instagram
သတို့သမီးအတွက် မင်္ဂလာ ၀တ်စုံ၊မင်္ဂလာပွဲ အပြင် အဆင် အသေးစိတ်က အစ သေချာ ကို ပြင်ဆင် ကျင်းပ ထားတဲ့ ပွဲ ပါ။ ပွဲ တက်လာတဲ့ ဧည့်ပရိသတ်တွေ ကလည်း တကယ့်ကြီးကိုေ လးလေးနက်နက် ဂုဏ်ပြု ပေးခဲ့ ကြ ပါတယ်။တခြား လက်ထပ်ပွဲ တွေ လိုပဲ မင်္ဂလာ မောင်နှံက ဧည့် ပရိသတ် တွေ အလယ်မှာ က တာ၊သတို့သမီး ကို လက်ထပ် လက်စွပ် စွပ် ပေးတာ မျိုး လည်း အကုန် လုပ် ပေးခဲ့ပါတယ်။
View this post on Instagram
ဇနီး ဖြစ်သူ Margo နဲ့ က တော့ နိုက်ကလပ် တစ်ခုမှာ ဆုံခဲ့တာလို့ Tolochko က ပြောခဲ့ပါတယ်။သူမ မလိုချင်တဲ့ အာရုံစိုက်မှု တွေ ဆီ က နေ ကယ်ဆယ် ပေးခဲ့တာ လို့ ဆိုပါတယ်။အနိုင်ကျင့် ခံနေရတဲ့ အရုပ်မလေးကို ကယ်ဆယ်လာပြီးနောက် အကြင်နာ တွေ ပိုပြီး မခွဲ နိုင် မခွာ နိုင် ဖြစ်တဲ့ အဆင့်ကို ရောက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Margo ကို ဘယ်လို မှ မခွဲနိုင် လောက် အောင် ချစ်မိ သွား ခဲ့တယ်လို့ Tolochko က ပြောခဲ့ပါတယ်။
View this post on Instagram
လက်ထပ် ခွင့် မ တောင်းခင်မှာ အရုပ် မ လေး ရဲ့ မျက်နှာ မှာ လိုအပ် နေတဲ့ တစ်ချို့အရာ တွေကို ပြန်လည် ပြင်ဆင် မှု တွေ တောင်မှ လုပ် ပေးခဲ့ ပါ သေးတယ်။ချစ်သူ အရုပ် မ လေး က သူမရဲ့ အလှ နဲ့ ပတ်သက်ပြီး ယုံကြည်မှု နည်း နေမှာ စိုးလို့ ပြင် ပေးခဲ့တာလို့ Yuri Tolochko က ဆို ပါတယ်။ မတ်လ တည်းက မင်္ဂလာ ဆောင် ကြဖို့ စီစဉ် ထားခဲ့ ပေမယ့်လည်း ကိုဗစ် နဲ့ အောက်တိုဘာ တုန်းက လိင် ပြောင်း လူထု စုရုံးပွဲမှာ တိုက်ခိုက်ခံလိုက်ရတာေ ကြာင့် နှာခေါင်း ရိုး ကျိုး သွားတဲ့ အတွက် နှောင့်နှေးကြန့် ကြာ ခဲ့ရတာပါ။
View this post on Instagram
#SHWEMOM