LOL ဂိမ်းထဲက Hero တွေနဲ့ ဖွဲ့စည်းထားတဲ့ K/DA အဖွဲ့ရဲ့ရဲ့ Music Video အသစ်

[email protected] kda_music

လက်ရှိအချိန်မှာတော့ K-pop တေးဂီတဟာ တစ်ကမ္ဘာလုံးမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ ဂီတအမျိုးအစားတစ်ခုပါပဲ။ BTS, Black Pink, Big Bang အစရှိတဲ့ ကမ္ဘာကျော် K-pop အဖွဲ့တွေဟာဆိုရင်လည်း ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးတွေမှာပါ သူတို့ရဲ့ ပရိသတ်တွေ ရှိနေပြီပဲ ဖြစ်ပါတယ်။ တစ်ကယ်တမ်းတော့ K-pop သီချင်းတော်တော်များများဟာ သူတို့ရဲ့ စာသားကို နားမလည်ရင်တောင်မှ သူတို့ရဲ့ သီဆိုဟန်၊ MTV ရိုက်ကူးတဲ့ ပုံစံအဆန်းတွေနဲ့ ဖက်ရှင်တွေကြောင့် လူငယ်ပရိသတ်တော်တော်များများရဲ့ အားပေးနှစ်ခြိုက်မှုကို ခံနေရတာပဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က ထွက်ရှိခဲ့တဲ့ ကိုရီးယား အမျိုးသမီး K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ K/DA အဖွဲ့ရဲ့ MTV တစ်ပုဒ်ဟာလည်း ဆိုရှယ်မီဒီယာမှာ တော်တော်လေးနာမည်ကြီးပြီး လူကြိုက်များနေကြောင်း Washingtonpost သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

We’ll never forget these moments. To our amazing BLADES; thank you for sharing them with us. #KDA #WORLDS2020

A post shared by K/DA (@kda_music) on

K/DA အဖွဲ့ရဲ့ MTV တိုင်းဟာ တော်တော်လေး ဆန်းသစ်ပြီး ဖန်တီမှုအားကောင်းတာကြောင့် ပရိသတ်တော်တော်များများ လက်ခံလို့ရတဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က ထွက်ရှိခဲ့တဲ့ More အမည်ရ K/DA အဖွဲ့ရဲ့ MTV ဟာဆိုရင်လည်း Billboard ထဲမှာတောင် ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ K/DA အဖွဲ့ရဲ့ MTV တွေမှာ ပါဝင်နေကျ ဇာတ်ကောင်တွေဟာ Leagud oOf Legends ဂိမ်းထဲမှာ Hero တွေကို ယူသုံးထားတဲ့ Virtual ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။

READ
Hero Fiennes-Tiffin အကြောင်း သင်မသိသေးတဲ့ အချက် (၈)ချက်

အပေါ်မှာတွေ့ရတဲ့ Music Video ကတော့ လက်ရှိ ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ K/DA အဖွဲ့ရဲ့ More အမည်ရ MTV တစ်ပုဒ်ဖြစ်ပြီး အခုဆိုရင် Youtube မှာ ကြည့်ရှု့သူ ၃၅ သန်းကျော် ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ K/DA အဖွဲ့ဟာ အမျိုးသမီး Virtual K-pop အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး KD/A အဖွဲ့ရဲ့ သီချင်းတွေကို အပြင်မှာ သီဆိုနေသူတွေကတော့ Madison Beer, Jeon So-yeon, Cho Mi-yeon နဲ့ Jaira Burns တို့ပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

We see you, Shanghai. 🌙 #KDA #ALLDAY #ALLOUT #SHANGHAI

A post shared by K/DA (@kda_music) on

Pyi Hein Kyaw

SHARE