ကိုယ်ဟာ အထီးကျန်ဆန်သူပါလို့ ဆိုလာတဲ့ Kenau Reeves

ဟောလီဝုဒ်က နာမည်ကျော်မင်းသားတွေကို ပွဲတွေ၊ အခမ်းအနားတွေ၊ ရုပ်သံအစီအစဉ် ရှိုးတွေမှာ လူတွေနဲ့ ရယ်မောပျော်ရွှင်နေတာကို တွေမြင်ရပေမယ့် အဲ့ဒါတွေနဲ့ အပြင် တခြားအလုပ်တွေနဲ့ တစ်ချိန်လုံးရှုပ်နေကြရပါတယ်။ အဲ့ဒီ့အတွက်လည်း သူတို့အတွက် ကိုယ်ရေကိုယ်တာတွေ ပြောပြဖို့ဆိုတာလည်း လိုအပ်မနေတာကို တွေ့ရတယ်။

အသက်အရွယ်အားဖြင့် ၅၄ နှစ်ရှိပြီ ဖြစ်တဲ့ Keanu Reeves ဟာဆိုလည်း တစ်ကိုယ်တော်သမားတစ်ယောက်ပဲလို့ သိရတယ်။  မကြာသေးခင်ကပဲ သူနဲ့ မင်းသမီး Halle Berry တို့တွဲဖက်ပြီး သရုပ်ဆောင်ထားတဲ့ John Wick 3: Parabellum ဟာ ထွက်ရှိထားပါတယ်။

Reeves ဟာ The Jakarta Post နဲ့ အင်တာဗျူးမှာ အချစ်နဲ့ ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရာမှာ သူဟာ အထီးကျန်ဆန် သူဖြစ်ကြောင်း၊ ဘ၀ထဲမှာလည်း ဘယ်သူမှ မရှိကြောင်း၊ ရှိလာခဲ့ရင်လည်း သူ့အနေနဲ့ လေးလေးစားစား မြတ်မြတ်နိုးနိုးရှိမှာ ဖြစ်ကြောင်း၊ ရှိလာဖို့အတွက်လည်း မျှော်လင့်ရကြောင်း ပြောဆိုခဲ့ပါတယ်။

READ
Mission: Impossible စီးရီးရဲ့ ရုပ်ရှင်တွေမှာ ထပ်တွေ့ရဦးမယ့် Tom Cruise

Reeves က အောင်မြင်မှုဟာ တစ်ခါတစ်ရံမှာ ပိတ်လှောင်ထားကြောင်းလည်း ပြောခဲ့ပါတယ်။ “ပါပါရာဇီတွေက လိုက်နေမှာ အသေချာပဲလေ… ဒါပေမယ့် ကျွန်တော် အပြင်သိပ်မထွက်ဖြစ်ဘူး၊ ဘာမှလည်း တကယ်မလုပ်ဖြစ်ဘူး၊ ကျွန်တော်ဟာ သိပ် ငြီးငွေ့စရာကောင်းတဲ့လူ” လို့ ပြောပြခဲ့တယ်။

 


Reeves က တစ်ချိန်လုံး John Wick စာညွှန်း၊ စာအုပ်တွေ၊ သူ့ရဲ့ ခွေးတွေနဲ့ပဲ အချိန်ကုန်နေတတ်သူလို့ နီးစပ်ရာရဲ့ ထုတ်ဖော်မှုများအရလည်း သိရတယ်။ သူရဲ့ နောက်ဆုံး ရုပ်ရှင် Parabellum ဟာလည်း ဒီနှစ်အစောပိုင်းကမှ ထွက်ရှိခဲ့ပြီး Avengers: Endgame ကို box office မှာ ဖွင့်ဖွင့်ချင်းပဲ ကျော်တက်ခဲ့ပြီး ၉၈% ခိုင်နှုန်အထိ မှတ်ချက်ကောင်းတွေ ရရှိထားပါတယ်။

READ
ဇာတ်ကားသစ် Rush Hour (4 )က အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ဆိုလာတဲ့ Chris Tucker

Matthew (ShweMOM)

SHARE