ကမ္ဘာကျော်သရုပ်ဆောင် မင်းသားကြီး ကီနူးရိဗ်ရဲ့ ချစ်သူသစ်အကြောင်း

instagram/grantalexandra

Speed ၊ The Matrix ၊ John Wick အစရှိတဲ့ ဇာတ်ကားတွေနဲ့ ကျော်ကြားတဲ့ အသက် (၅၅) နှစ်အရွယ် ဟောလီးဝုဒ်စတားကြီး ကီနူးရိဗ်ကတော့ မကြာသေးခင်ကပဲ လက်ရှိတွဲနေတဲ့ ချစ်သူကို ပရိသတ်ရှေ့မှောက် ခေါ်ထုတ်လာခဲ့ပါတယ်။ ကီနူးရိဗ်ကို နိုဝင်ဘာ (၄) ရက်နေ့တုန်းက  လော့စ်အင်ဂျလိစ်မှာ ကျင်းပပြုလုပ်တဲ့ LACMA Art and Film Gala ပွဲမှာ ချစ်သူဖြစ်တဲ့ အသက်(၄၆) နှစ်အရွယ် အလက်စန္ဒရာဂရန့်နဲ့အတူ လက်ချင်းဆုပ်ကိုင်ပြီး ပွဲတက်လာတာကို တွေ့ခဲ့ရတာပါ။

ချစ်သူနှစ်ဦးဟာ အနီရောင်ကော်ဇောထက်မှာ ပြုံးရွှင်စွာ ရှိနေခဲ့ကြတဲ့အပြင် တစ်ဦးနဲ့တစ်ဦးလည်း နွေးနွေးထွေးထွေးရှိကြပုံ ပေါ်ပါတယ်။ ကီနူးရိဗ်ဟာ ဇာတ်ညွှန်းရေးဆရာမ ဆိုဖီယာကော်ပိုလာ၊ အမန်ဒါဒီကာဒီနက်၊ မင်းသမီး ဂျနီဖာဆိုင်မ်တို့နဲ့ ချစ်ကြိုက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဂျနီဖာက အသက်(၂၈) နှစ်အရွယ် (၂၀၀၁) ခုနှစ်မှာပဲ စိတ်မကောင်းဖွယ် ကားတိုက်မှုနဲ့ သေဆုံးသွားခဲ့ပါတယ်။ ကီနူးရိဗ်နဲ့ ဂျနီဖာတို့ဟာ ကလေးရှိခဲ့ပေမယ့်လည်း (၁၉၉၉) ခုနှစ်ကတည်းက သူတို့ရဲ့ ရင်သွေးသမီးကလေးဟာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်ကစလို့ ကီနူးရိဗ်ကို တစ်ကိုယ်တည်းသမားကြီးအဖြစ်နဲ့ တွေ့မြင်နေရာကနေ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ မင်းသားကြီးကို ချစ်သူသစ်နဲ့တွေ့ရအပြီး သူ့ပရိသတ်တွေအားလုံးက တော်တော်လေး ၀မ်းသာနေခဲ့ကြတာပါ။

အခုအခါမှာတော့ ကီနူးရိဗ်ရဲ့ ချစ်သူတစ်ဖြစ်လဲ အလက်စန္ဒရာဂရန့်ရဲ့ အကြောင်းတွေကို asiaone ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

သူတို့နှစ်ဦးဟာ ကာလရှည်ကြာ ခင်မင်လာကြတဲ့ သူငယ်ချင်းတွေဖြစ်သလို စီးပွားဖက်တွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ (၂၀၁၁) ခုနှစ်မတိုင်ခင်ကတည်းက သိကျွမ်းလာခဲ့တာပါ။ (၂၀၁၁) ခုနှစ်မှာတော့ “Ode to Happiness” အမည်ရတဲ့ ရုပ်ပြစာအုပ်ကို ပူးပေါင်းထုတ်ဝေခဲ့ကြပြီး (၂၀၁၆) ခုနှစ်မှာတော့ “Shadows” အမည်ရတဲ့ စာအုပ်အတွက် အတူတကွ အလုပ်လုပ်ခဲ့ကြပါတယ်။ စာအုပ်တွေက အောင်မြင်တဲ့အတွက် (၂၀၁၇) ခုနှစ်မှာတော့ သူတို့နှစ်ယောက် ပူးပေါင်းပြီး X Artists’s Books အမည်ရတဲ့ ပုံနှိပ်တိုက်ကို ထူထောင်ခဲ့ပါတယ်။

READ
ကင်ဂျုံအန်နဲ့ သီချင်းတွေအတူတူဆိုဖူးကြောင်း ဖွင့်ဟခဲ့တဲ့ အမေရိကန် ဘက်စ်ကတ်ဘောသမား

ကီနူးရိဗ်နဲ့ အလက်စန္ဒရာဂရန့်ကို အခုလို အတူတူ လက်တွဲပြီး ပွဲတက်လာတာကို တွေ့မြင်ရတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မာလီဘူမှာ ကျင်းပတဲ့ Saint Laurent Spring/Summer 2020 ဖက်ရှင်ရှိုးမှာ သူတို့က အခုလိုပဲ လက်တွဲပြီး ပွဲတက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အခုတစ်ခေါက် LACMA ပွဲမှာတော့ သူတို့နှစ်ဦးကို ထူးထူးခြားခြား လူတွေ သတိပြုမိခဲ့ကြပြီး အလက်စန္ဒရာဂရန့်ရဲ့ အကြောင်းကို ပိုစိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။

အလက်စန္ဒရာဟာ ပန်းချီပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သမိုင်းဘာသာရပ်နဲ့ စတူဒီယိုဘာသာရပ်မှာ ၀ိဇ္ဇာဘွဲ့ရထားသလို အနုသုခုမပညာရပ်နဲ့ မဟာဘွဲ့ ရရှိထားသူလည်း ဖြစ်ပါတယ်။ သူမရဲ့ ပန်းချီအနုပညာလက်ရာတွေဟာ ကျော်ကြားပြီး ဆုတံဆိပ်ပေါင်းများစွာလည်း ရရှိထားသူ ဖြစ်ပါတယ်။ လော့စ်အင်ဂျလိစ်မြို့က Museum of Contemporary Art (MOCA) နဲ့ ပါရီက Galerie Gradiva ပြတိုက်တွေမှာ သူမရဲ့လက်ရာတွေကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် အလက်စန္ဒရာဟာ ပရဟိတသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ GrantLOVE ဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်သူတစ်ဦးဖြစ်ပြီး သူမရဲ့ အနုပညာလက်ရာတွေနဲ့ ပန်းချီကားတွေကို ရောင်းချကာ လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းနေသူ ဖြစ်ကြောင်းလည်း သိရပါတယ်။

READ
5 Stars ဟော်တယ်မှာ ပေါင်(၄၀၀)ဖိုး စားသောက်ပြီး ငွေမရှင်းဘဲထွက်သွားတဲ့ အိမ်ရာမဲ့

လင်းလင်း (ShweMom)

SHARE