ဒစ္စနေမင်းသားနေရာမှာလည်း ခန့်လွန်းတဲ့ အင်တာနက် အချစ်တော် Keanu Reeves

ပန်းချီဆရာမ Crystal Ro ဆိုသူဟာ မင်းသား လူပျိုကြီး Keanu Reeves ကို ဒစ္စနေး ကာတွန်းကားတွေထဲက မင်းသားတွေနေရာမှာပြောင်းလဲရေးဆွဲပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က သူမရဲ့ အင်စတာဂရမ်မှာဖော်ပြခဲ့ပါတယ်။

Ro ဟာ Snow White, Cindrella, Aladdin, Beauty and the Beast နဲ့ The Prince and the Frog တို့ထဲက မင်းသားတွေနေရမှာ Keanu Reeves ကို အမိုက်စား ရေးဆွဲဖန်တီးခဲ့ပါတယ်။ တစ်ချို့ နာမည်ကြီး ရုပ်ရှင်တွေထဲက အဓိကဇာတ်ဆောင်တွေ နေရာမှာလည်း ပြန်လည် ဖန်တီးရေးဆွဲထားသေးတယ်။

တစ်ချိန်က Marvel ရုပ်ရှင်ဇာတ်လမ်းတွေ ရိုက်ဖို့အတွက် ကမ်းလှမ်းခံခဲ့ရဖူးကြောင်း Reeves က ဒီ တစ်ပတ် အစောပိုင်းမှာ ထုတ်ဖော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း  Reeves ကို person of the year အဖြစ် ဖော်ပြပေးဖို့အတွက် Time magazine ကို ပရိတ်သတ်တွေက လက်မှတ်ထိုး စာတင်ခဲ့ကြပြီး အခုဆို လက်မှတ်ပေါင်း ၅၈၀၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။

READ
အိမ်ဇောက်ထိုးဖြစ်အောင် လုပ်နိုင်တဲ့ အစွမ်းတွေကိုယ်စီနဲ့ အိမ်တွင်းလူဆိုးလေးများ
Crystal Ro/Instagram

အခု ဒီလို Keanu Reeves ကို Disney မင်းသားအဖြစ် မြင်ရတာကိုလည်း ပရိတ်သတ်တေတွက တော်တော်လေး နှစ်သက်သဘောကျတာကို တွေ့ရတယ်။ မြင်းစီ ကျွမ်းကျင်ပြီး တိုက်ရည်ခိုက်ရည် စကေးကြမ်းတဲ့ မင်းသားကို Dragon Maleficent ထဲက  Prince Philip နေရာမှာလည်း ထည့်ထားတယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

Snow White

Crystal Ro/Instagram

အင်တာနက်ပေါ်က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် Reeves…

Crystal Ro/Instagram

1989’s “The Little Mermaid”

Crystal Ro/Instagram

1995’s “Pocahontas”

Crystal Ro/Instagram

1992’s Aladdin 

Crystal Ro/Instagram

“Beauty and the Beast”

Crystal Ro/Instagram

“Mulan”

Crystal Ro/Instagram

“The Princess and the Frog”

Crystal Ro/Instagram

Matthew (ShweMOM)

SHARE