မင်းသားကြီး Keanu Reeves ကိုယ်တိုင် ပါဝင်ဖန်တီးထားတဲ့ Comic စာအုပ် အကြောင်း

Facebook- John Wick, Twitter

ဟောလိဝုဒ်အနုပညာရှင်တွေထဲ ဝါရင့်ပြီး အနုပညာဝမ်းစာပြည့်ဝတဲ့ သရုပ်ဆောင်ထဲ မင်းသားကြီး Keanu Reeves လည်း ထိပ်ဆုံးက ပါဝင်လို့နေပါတယ်။ Keanu Reeves ရိုက်လိုက်တဲ့ ရုပ်ရှင်မှန်သမျှ နာမည်မကြီးတဲ့ရုပ်ရှင်ရယ်လို့မရှိဘဲနဲ့ အကုန်လုံးနီးပါး လူကြည့်များတဲ့ ရုပ်ရှင်ကားတွေချည်းပါပဲ။

သရုပ်ဆောင်အပြင် Keanu Reeves ဟာ ဂီတပညာရှင်၊ ရုပ်ရှင်ပရိုဂျူဆာတို့ကိုလည်း လုပ်ခဲ့သေးပြါသေးတယ်။ CNN ရဲ့ဖော်ပြချက်အရ အခုဆိုရင် နောက်ထပ်အနုပညာနယ်ပယ်တစ်ခုကို ချဲ့ထွင်ဦးမှာဖြစ်ပါတယ်တဲ့လေ။ အဲဒါကတော့ comic book မှာ ပါဝင်ကူညီဖန်တီးပေးမှာပါတဲ့။

John Wick

ရုပ်ပြဇာတ်လမ်းဆက်ဝတ္ထုလို့ဆိုရမယ့် comic book နယ်ပယ်ထဲ နယ်ချဲ့လာခဲ့ပါပြီ။ သူ့အနနေဲ့ နာမည်ကျော် comic book တွေကို ရေးသားဖန်တီးခဲ့တဲ့ graphic novelist Matt Kindt နဲ့ အတူပူးပေါင်းကာ BOOM! Studios နဲ့အတူ Keanu Reeves ပုံစံနဲ့ character အသစ်၊ ဇာတ်လမ်းအသစ်တွေကို မိတ်ဆက်တော့မှာပါ။

ဇာတ်လမ်းကတော့ ကမ္ဘာပေါ်ဆင်းသက်လာပြီး သူ့ရဲ့ဖြစ်တည်မှုအတွက် အဖြေလိုက်ရှာနေတဲ့ နတ်ဘုရားတစ်ယောက်ရဲ့ အကြောင်းကို အဓိက ဇာတ်အိမ်တည်ထားမှာပဲဖြစ်ပါတယ်။ နာမည်ကိုတော့ “BRZRKR” ဆိုပြီး ပေးထားပါတယ်။ ဒီဇာတ်ကောင် BRZRKR ဟာ ဆယ်စုနှစ်ပေါင်းများစွာ ယူအက်စ်အစိုးရနဲ့ လျှို့ဝှက်စွာပူးပေါင်းပြီး လူသားတွေအတွက် အန္တရာယ်သိပ်များလွန်းတဲ့ တာဝန်တွေကို ထမ်းဆောင်ပေးရင်းနေလာခဲ့ပြီး ကြုံတွေ့ရတဲ့ ဘဝအကြောင်းတွေကို issue ၁၂ ခုနဲ့ ဖတ်ရမှာဖြစ်ပါတယ်။

https://www.instagram.com/p/CCwfuBtBmbS/?utm_source=ig_embed

READ
မော်ဒယ် ဆုမြတ်နိုးကျော်ရဲ့ အမိုက်စားပုံများ

Keanu Reeves ဟာ John Wick ကို ရိုက်ကူးတုန်းက သူ့ရဲ့ ငယ်ကတည်းကစွဲလန်းခဲ့ရတဲ့ comic book ရောဂါအကြောင်း ပြောဖူးခဲ့ပါသေးတယ်။ သူ့ရဲ့အနုပညာလမ်းကြောင်းကိုလည်း comic book တွေက အရမ်းကိုလွှမ်းမိုးမှုရှိနေခဲ့ပါတယ်တဲ့လေ။ Comic book fan တစ်ယောက်အနေနဲ့ ကိုယ်တိုင် comic book ဖန်တီးဖို့ဆိုတာ အိပ်မက်တစ်ခုပါပဲ။ အခုလို အိပ်မက်ကို အကောင်အထည်ဖော်ရတော့မယ်ဆိုတော့ အရမ်းကိုပီတိဖြစ်မိပါတယ်ဆိုပြီး ပြောလာခဲ့ပါတယ်။

Keanu Reeves ရဲ့ ပထမဆုံးသော ဖန်တီးမှုဖြစ်တဲ့ “BRZRKR” ကိုတော့ လာမယ့် အောက်တိုဘာလ ၇ ရက်နေ့မှာ digital အနေနဲ့ ထုတ်ဝေမယ်လို့ သိထားရပါတယ်။

Penny

SHARE