ဆန်ဒရာဘူးလော့ခ်နဲ့ ပတ်သက်ပြီး ခံစားချက်အမှန်တွေကို ထုတ်ပြလိုက်တဲ့ ကီနူးရိဗ်

ကီနူးရိဗ်ဟာ လူချစ်လူခင်များတဲ့ ဟောလီးဝုဒ်အကျော်အမော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးပါ။ သူနဲ့အတူတွဲလုပ်ဖူးတဲ့ ရုပ်ရှင်လောကသားတွေနဲ့လည်း ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိပါတယ်။ ဒီထဲမှာ နာမည်ကျော်ရုပ်ရှင်မင်းသမီး ဆန်ဒရာဘူးလော့ခ်လည်း တစ်ယောက်အပါအ၀င်ပါ။ ကီနူးနဲ့ ဆန်ဒရာတို့ဟာ (၁၉၉၃) ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Speed ဇာတ်ကားရိုက်ကူးစဉ်မှာ စတင်ခင်မင်ခဲ့ကြတာပါ။ ထိုစဉ်ကတည်းကစပြီး ရင်းနှီးလာခဲ့ရာမှာ သူတို့နှစ်ယောက်ဟာ အခုထက်တိုင် သူငယ်ချင်းကောင်းတွေအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။

Matrix မင်းသား ကီနူးရိဗ်ဟာ Ellen Show မှာတော့ ဆန်ဒရာဘူးလော့ခ်အပေါ်မှာထားတဲ့ သူ့ခံစားချက်ကို ၀န်ခံဖြစ်ခဲ့ပါတယ်။  ကီနူးရဲ့ ၀န်ခံစကားကို ကြားရတဲ့အခါမှာတော့ လူတွေက ဘယ်တုန်းကမှ မဖြစ်လာခဲ့တဲ့ ဆယ်လီနှစ်ယောက်ရဲ့ အချစ်ရေးကိစ္စတစ်ခုလို့ တွေးနေကြပါတယ်။ ကီနူးရိဗ်ဟာ အယ်လန်ရဲ့ ရှိုးပွဲမှာ ရောက်လာခဲ့ပြီး သူ့ရဲ့ အတွင်းကျကျ စိတ်ခံစားချက်တွေကို ထုတ်ဖော်ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

View this post on Instagram

 

Keanu Reeves, Sandra Bullock and Dennis Hopper behind the scenes of ‘Speed’ (1994). Directed by Jan De Bont

A post shared by History of Cinema (@historyofcinema) on

အယ်လန်ဟာ ကီနူးနဲ့ အကြောင်းအရာအမျိုးမျိုးနဲ့ ပတ်သက်ကာ စကားပြောဆိုနေရင်းကနေ ဆန်ဒရာအကြောင်းဆီ ရောက်လာခဲ့ပါတယ်။ အယ်လန်က ဆန်ဒရာဟာ ကီနူးကို (၁၉၉၀) ခုနှစ်တွေက ကြိတ်ကြွေခဲ့ကြောင်း သူ့ဆီ ၀န်ခံစကားပြောထားတဲ့ ဗီဒီယိုကို ဖွင့်ပြခဲ့ပါတယ်။ ဆန်ဒရာက သူမတို့စတွေ့တွေ့ချင်းအချိန်တုန်းက ကီနူးဟာ သူမအပေါ် စိတ်ဝင်စားပုံမရဘူးလို့ စိတ်ထဲတွေးမိကြောင်းတွေကိုပါ အယ်လန်ဆီ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ဆန်ဒရာဟာ လွဲသွားခဲ့ပါပြီ။ ဘာကြောင့်လည်းဆိုတော့ ကီနူးက သူဟာလည်း ထိုအချိန်တုန်းက ဆန်ဒရာအပေါ်မှာ ခံစားချက်တွေရှိခဲ့ကြောင်းကို ၀န်ခံခဲ့တာ ဖြစ်ပါတယ်။

 

View this post on Instagram

 

Keanu y Sandra, química pura en el set de “Speed” (1994) #keanureeves #sandrabullock #speedmovie #behindthescenes #90smovies

A post shared by Planeta Cine (@elplanetacine) on

ကီနူးက အခုလို ပြောလိုက်တဲ့အခါမှာတော့ ပရိသတ်တွေထဲက အချို့ဆိုရင် အံ့သြလွန်းလို့ ထတောင် အော်ကြပါတယ်။ ဒါနဲ့ အယ်လန်က တစ်ယောက်နဲ့ တစ်ယောက်စိတ်ဝင်စားနေရဲ့ သားနဲ့ ဘာလို့ ဒိတ်မလုပ်ကြတာလဲမေးတော့ ကီနူးက ထိုအချိန်တုန်းက သူတို့နှစ်ယောက်စလုံးဟာ အလုပ်,လုပ်နေတာကြောင့်ပါလို့ အဖြေပြန်ပေးခဲ့ပါတယ်။ များသောအားဖြင့် ကီနူးဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးရာဘ၀ကို လျှို့ဝှက်ထားတာ များပါတယ်။ ကီနူးအတွက် အခုလို ရင်တွင်းခံစားချက်တွေကို ထုတ်ပြောတဲ့ ဖြစ်ရပ်မျိုးက ခပ်ရှားရှားရယ်ပါ။ ဒါပေမယ့် ဆန်ဒရာကတော့ တကယ်လို့ သူတို့သာ ချစ်ကြိုက်ပြီး ကွဲကွာခဲ့ကြရင် အခုအချိန်ဆို သူငယ်ချင်းတောင်ဖြစ်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။

 

View this post on Instagram

 

Tomorrow, Keanu Reeves and I meet for the first time.

A post shared by Ellen (@theellenshow) on

လင်းလင်း (ShweMom)

READ
သူငယ်ချင်းအွန်ဆိုင်းနဲ့ ကမ်းခြေက ပုံလေးတွေကို မိုးစက်ဝိုင် ဝေမျှ

Ref: fabiosa

SHARE