ကော်ဇောနီထက် ပထမဆုံးအကြိမ်ချစ်သူကိုလက်တွဲပြီးလျှောက်လာခဲ့တဲ့ Keanu Reeves

Shutterstock-DFree

Keanu Reeves ဟာ Jennifer Maria Syme နဲ့ ၁၉၉၈ ခုနှစ် မှ ၂၀၀၀ ခုနှစ်အထိ လက်တွဲခဲ့ကြပါတယ်။ နှစ်ယောက်သား ရင်သွေးလေးရခဲ့ပေမယ့်လို့ လမစေ့ဘဲ မွေးခဲ့ကြတာကြောင့် အဖက်မတင်ခဲ့ပါဘူး။ နောက်တော့ Jennifer Maria Syme လည်း ကားအက်ဆီးဒန့်တစ်ခုကြောင့် ၂၀၀၁ ခုနှစ်မှာပဲ လူ့လောကထဲက ထွက်ခွာသွားခဲ့ပါတော့တယ်။

အဲဒီနောက်ပိုင်း Keanu Reeves အနေနဲ့ လူမြင်ကွင်းမှာ ဘယ်မိန်းကလေးနဲ့မှ ပေါ်ပေါ်ထင်ထင်မမြင်ခဲ့ရတော့ပါဘူး။ Jennifer Maria Syme နဲ့လည်း ရင်သွေးသာရခဲ့တယ်၊ ပွဲတွေဘာတွေ အတူတူလက်ချိတ်တက်မျိုး မလုပ်ခဲ့ဖူးဘူးလို့ တော်တော်များများ သိထားခဲ့ကြပါတယ်။ Daily Mail မှ ဖောက်ပြချက်အရ Keanu Reeves ဟာ သူ့ရဲ့အနုပညာသက်တမ်း ၃၅ နှစ်ဆိုတဲ့အတွင်းမှာ ကောဇောနီလျှောက်လှမ်းတွေပေါ် ချစ်သူကို တစ်ခါမှခေါ်မလာဖူးခဲ့ပါဘူးတဲ့။

READ
သူမရဲ့အိမ်ကို ပေါင်(၂.၂)သန်းနဲ့ ရောင်းမယ့် Selena Gomez
MEGA

ဒါပေမဲ့ ပြီးခဲ့တဲ့စနေနေ့တုန်းကတော့ ပွဲတစ်ပွဲမှာ Keanu Reeves ဟာ အမျိုးသမီးတစ်ယောက်ကိုလက်ဆွဲကာ မီဒီယာတွေရှေ့ပေါ်ပေါ်တင်တင်ပဲ ချပြခဲ့တယ်ဆိုပြီး ဓာတ်ပုံတွေတက်လာခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့ပြီး Gucci ဦးဆောင်ခဲ့တဲ့ LACMA Art + Film Gala ပွဲမှာ Keanu Reeves တစ်ယောက် အမည်းရောင်ဝမ်းဆက်ဝတ်လာကာ John Wick ထဲကလိုမျိုး ဆံပင်ခပ်ရှည်ရှည်တွေကို ဖြန့်ချပြီး ပွဲတက်လာခဲ့ပါတယ်။

[email protected]
[email protected]

ထူးခြားသွားတာတစ်ခုကတော့ ညာဖက်မှာ Keanu Reeves တစ်ယောက် ဆုတ်ကိုင်ထားတဲ့ လက်တစ်စုံရယ်ပါ။ လက်ပိုင်ရှင်ကတော့ Alexandra Grant ပါတဲ့။ Alexandra Grant ဟာ အသက် ၅၅ နှစ်အရွယ် Keanu Reeves ထက် အသက် ၈ နှစ်ငယ်ပြီး Business Collaborator အဖြစ်လည်း လုပ်ကိုင်ပေးနေသူတစ်ယောက်ပါ။ ပန်းချီဆရာမတစ်ယောက်ဆိုလည်း မမှားပါဘူး။ နှစ်ယောက်သား ပွဲလာကတည်းကိုက တစ်ချိန်လုံးမလွှတ်ဘဲ တစ်ယောက်လက်တစ်ယောက် မြဲမြဲတွဲထားခဲ့ကြပြီး မီဒီယာတွေရှေ့ကိုလည်း ဓာတ်ပုံရိုက်ကူးဖို့ အသာတကြည်လက်ခံခဲ့ကြပါတယ်။ တချို့ဓာတ်ပုံတွေထဲ Alexandra Grant က မင်းသားကြီးကို ချစ်ရည်ရွှန်းလဲ့တဲ့မျက်လုံးလေးတွေနဲ့ ကြင်ကြင်နာနာစိုက်ကြည့်နေခဲ့တာကို မြင်တွေ့ရမှာပါ။

READ
ဘူဆန်မြို့က ရှုခင်းတွေနဲ့အပြိုင်လှနေတဲ့ ပရိသတ် အချစ်တော် ရွှေကစ်

အက်ဖ်အေအဖြစ် အထီးကျန်မှုတွေနဲ့ အမြဲတမ်းနေနေခဲ့ရပြီး သူသဘောကျရင်တောင်မှပဲ “မိတ်ဆွေ” တွေပါလို့ မီဒီယာတွေကို ပြေပြတတ်တဲ့ လူကြီး Keanu Reeves ကတော့ Alexandra Grant နဲ့မှပဲ အရည်ပျော်ကုန်တော့တယ်ထင်ပါရဲ့။

John Wick 2

Penny

 

SHARE