Xbox Gamer တွေကို အုပ်အောသောင်းနင်းရင်ခုန်အောင်လုပ်ခဲ့တဲ့ Keanu Reeves

Cyber Haunter 2077

Keanu Reeves ကို အပြင်ကပုံစံကြည့်မယ်ဆိုရင်တော့ ခပ်ရိုးရိုးပုံစံနဲ့ တည်တည်ငြိမ်ငြိမ်အေးအေးလူလူနေတတ်သူကြီးဆိုပြီး သိထားကြမှာပါ။ ဒါပေမဲ့ သူသရုပ်ဆောင်ပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ ဇာတ်ရုပ်တွေကို ကြည့်မယ်ဆိုရင်တော့ Matrix ထဲက Neo တို့လို၊ တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ Speed ရုပ်ရှင်ထဲက Officer Jack Traven တို့ကနေ ယနေ့ခေတ်အောင်မြင်နေတဲ့ John Wick ဇာတ်ရုပ်တွေအထိ တော်တော်လေးကို ကြမ်းကြမ်းရမ်းရမ်းနဲ့ ခပ်မိုက်မိုက်ဘဲကြီးတစ်ပွေအနေနဲ့ လုံးဝပြောင်းလဲပြီးမြင်တွေ့ခဲ့ရပါတယ်။

 

ဒီတစ်ခေါက်မှာလည်း Keanu Reeves ဟာ ရုပ်ရှင်ချစ်ပရိတ်သတ်တွေဖို့မဟုတ်ဘဲ Xbox gamer တွေဖို့ အံ့သြစရာတစ်ခုလုပ်ပေးခဲ့ပါတယ်။ မနေ့က Los Angeles မှာ ကျင်းပခဲ့တဲ့ Xbox နဲ့ ဂိမ်းအသစ်မိတ်ဆက်ပွဲကျင်းပနေစဉ် ရုတ်တရက်ဆိုသလို စင်ပေါ်မှာ တီးလုံးသံတွေဆူညံလာပြီး မီးခိုးငွေ့တွေလည်း မှုတ်ထုတ်လာကာ Keanu Reeves တစ်ယောက် ထွက်လာခဲ့ပါတယ်။ ပရိတ်သတ်တွေကတော့ အောက်မှာ ဆူဆူညံအောင်အားပေးနေခဲ့ပြီး စင်ပေါ်က screen မှာလည်း Cyberpunk 2077 ဆိုတဲ့ စာတန်းကို ပြသထားခဲ့ပါတယ်။ Cyberpunk 2077 ဆိုတာ လတ်ကလော gamer တွေကြားတွေ တော်တော်လေးကို နာမည်ကြီးနေတဲ့ game တစ်ခုပါ။

READ
ချက်ပြုတ်နေရင်းဓားပေါ်ချော်လဲပြီး ကံကောင်းလို့အသက်မသေခဲ့သူ
Cyber Haunter 2077
Cyber Haunter 2077

Keanu Reeves ကို ဒီလို game မိတ်ဆက်တဲ့အချိန်မှာ ပွဲထုတ်လာခဲ့တယ်ဆိုကတည်းက game ထဲက နေရာတစ်ခုခုမှာ ပါနေပြီဆိုတာ ပရိတ်သတ်တွေ ရိပ်မိနေခဲ့ပါတယ်။ တကယ်လည်း Keanu Reeves ဟာ Cyber Punk 2077 ထဲမှာ အသံသရုပ်ဆောင်မှာဖြစ်ပြီး အဲဒီဇာတ်ကောင်ရဲ့ပုံပန်းသဏ္ဍာန်ဟာဆိုရင် လက်ရှိ Keanu Reeves ရဲ့ ပုံစံအတိုင်း ရေးဆွဲဖန်တီးထားတာဖြစ်ပါတယ်။

https://www.facebook.com/UNILADGaming/videos/2069201833103683/

Cyberpunk 2077 ကို လာမယ့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပြီး ဆော့နိုင်မယ့် platform တွေကတော့ Xbox One, PlayStation 4 နဲ့ Microsoft Windows မှာပါ PC game အနေဲ့ ဆင်နွှဲလို့ရသွားမှာပါ။ Game မထွက်ခင်ကတည်းက Keanu Reeves ပါနေတယ်ဆိုတာ ကြေငြာလိုက်တာနဲ့တပြိုင်နက် ဝယ်လိုအားတွေကတော့ မြင့်လျက်ရှိနေပါပြီ။

READ
Steve Jobs ရဲ့ မြင်းစီးချန်ပီယံ သမီးချောလေး Eve Jobs

Cyber Haunter 2077

Penny

SHARE