Keanu Reeves က အသက်ကြီးလာကာမှ စန်းတွေတက်လာသလိုပါပဲ။ ၁၉၉၀ မှ ၂၀၀၀ ခုနှစ်ကျော်လောက်အထိ ကျွန်တော်တို့ရဲ့ရင်ထဲကို Speed မင်းသား၊ The Matrix ရဲ့ Neo တို့ရဲ့ ထိုးဖော်က်ဝင်ရောက်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကျွန်တော့်ကိုယ်ပိုင်စိတ်ခံစားချက်အရ အနုပညာလောကထဲက ပျောက်ချင်းမလှပျောက်သွားခဲ့တယ်လို့မြင်မိပါတယ်။ ကြားထဲ တစ်ကားစနှစ်ကားစ နာမည်ကြီးလာခဲ့ပေမယ့် အရင်ကတော့ ဟုန်းဟုန်းတာက်မဟုတ်တော့ဘူးပေါ့။

နောက် အခုလက်တလော Keanu Reeves အနေနဲ့ အနုပညာလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပါပြီ။ John Wick ကြောင့် Keanu Reeves ဟာ အသက် ၄၀ နှောင်းပိုင်းပိုင်းအရွယ်ကျမှ စန်းတွေ ပိုပွင့်လာခဲ့ပါတော့တယ်။ အခုလည်း Screen Geek ရဲ့ ဖော်ပြချက်အရ စူပါဟီးရိုးရုပ်ရှင်ရိုက်ကူးတော့ပါမယ်ဆိုပြီး ဖတ်လိုက်ရပါတယ်။
Keanue Reeves နဲ့ လက်တွဲလိုက်တဲ့ ဒါရိုက်တာကတော့ The Russo Brothers ပါတဲ့။ သွေးရင်းချာနှစ်ယောက်ပေါင်းထားတဲ့ The Russo Brothers ကတော့ MCU အတွက် Captain America: The Winter Soldier, Captain America: Civil War, Avengers: Infinity War နဲ့ Avengers: Endgame တို့ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာနှစ်ဦးပါ။ ဒါပေမဲ့ အခု Keanu Reeves ကိုတော့ Marvel ရဲ့ MCU အောက်မှာပဲမဟုတ်ဘဲ သူတို့ရဲ့ကိုယ်ပိုင် ထုတ်လုပ်ရေးမှ ရိုက်ကူးသွားမှာဖြစ်ပါတယ်တဲ့။

ထုတ်လုပ်ရေးကုမ္ပဏီသစ်ကနေပြီး ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ဇာတ်ကားကတော့ 21 Bridges ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး အဲဒီဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသားကိုတော့ စူပါဟီးရိုးတစ်ယောက်ဖြစ်တဲ့ Black Panther မင်းသား Chadwick Boseman ကို အသုံးပြုထားခဲ့ပါတယ်။ ထပ်ပြီး Spider-Man မင်းသား Tom Holland ကိုလည်း Cherry ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးဖို့ လုပ်ဆောင်နေပါပြီ။
Keanue Reeves ကိုတော့ Past Midnight ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်စေမှာဖြစ်တယ်လို့ သိထားရပါတယ်။ ဘယ်လိုမျိုးလဲဆိုတာတော့ အသေးစိတ်မသိရသေးပေမယ့်လို့ စူပါဟီးရိုးရုပ်ရှင်တစ်ကားဖြစ်တယ်သာ သိထားရပါတယ်။ ဒါပေမဲ့ fan တွေကတော့ Keanue Reeves ကို စူပါဟီးရိုးဆိုရင် Wolverine အနေနဲ့ မြင်စေချင်ကြပြီး သူကိုယ်တိုင်ကလည်း သရုပ်ဆောင်ချင်ပါတယ်လို့ ပြောခဲ့ဖူးပါသေးတယ်။
Kaenue Reeves ရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ လက်ရှိမှာ အနုပညာခြေလှမ်းအစလို့ပြောနိုင်မယ့် Bill and Ted Face the Music ကို ပြန်အသက်သွင်းတော့မယ်လို့သိရပြီး John Wick ရဲ့နောက်ဆက်တွဲ ရုပ်ရှင်ကားအသစ်နဲ့ Matrix 4 ကိုလည်း ပြန်လည်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။

Penny