ဂီတနုတ်စ်တွေကို ပုံနှိပ်ထားသလို ထုတ်ဝေနိုင်ဖို့ တီထွင်ခဲ့တဲ့ လက်နှိပ်စက်

ဂီတဟာ ခေတ်၊ ယဉ်ကျေးမှု၊ သမိုင်းတွေနဲ့ ယှဉ်ပြီး လိုက်ပါတိုးတက် ပြောင်းလဲလာတဲ့အရာဖြစ်ပါတယ်။ အရင်ခေတ်တွေတုန်းက အခုလို နည်းပညာမထွန်းကားသေးတော့ အရာရာကို လက်နဲ့ ဖြစ်အောင် ခက်ခက်ခဲခဲ လုပ်ခဲ့ကြရတယ်။ အဲ့ဒီ့မှာ ဂီတနုတ်စ်တွေကို ရေးသားတဲ့ နေရာမှာလည်း လူတွေအနေနဲ့ အငြင်းပွားစရာတွေဖြစ်ရလောက်တဲ့အထိ စိတ်ဝင်စားဖို့ ကောင်းခဲ့တဲ့ လက်နှိပ်စက်တစ်မျိုးလည်းရှိခဲ့တယ်။

Mass1m01973

၎င်း လက်နှိပ်စက်ကို Keaton Music Typewriter လို့ခေါ်ပါတယ်။ (၁၉၃၆) ခုနှစ်မှာ ပထမဆုံးတီထွင်မှုပြုခဲ့ပြီး တခြား အက္ခရာတွေ၊ ဂဏန်းတွေမပါဝင်ဘဲ ဂီတ သင်္ကေတ အမှတ်အသားတွေ သီးသန့် ရိုက်နှိပ်ဖို့ ဒီဇိုင်းထွင်ခဲ့ပါတယ်။

Etsy

မူလတီထွင်မှုမှာ ကီးခလုတ် (၁၄) ခုသာပါပြီး နောက်ပိုင်း (၁၉၅၃) ခုနှစ်မှာတော့ ကီး (၃၃) ခုနဲ့ တစ်ဆင့်မြှင့်ထုတ်လုပ်ခဲ့ပြီး တော်တော်လေးတွင်ကျယ်ခဲ့ပါတယ်။ (၁၉၅၀) ပြည်နှစ်တွေရဲ့ ဈေးကွက်မှာ ဒီ ကိရိယာကို ဒေါ်လာ (၂၅၅) ကျပ် (ယနေ့ ဒေါ်လာ ၂၄၁၅ ကျပ်) နဲ့ ရောင်းချခဲ့တယ်လို့ သိရတယ်။

READ
ကမ္ဘာပေါ်ရှိ အကောင်းဆုံးအလုပ် (၉) မျိုးကို လုပ်နေတဲ့ ကံထူးရှင်များ

Keaton ကုမ္ပဏီက မျဉ်းဘားလိုင်းတွေပေါ်မှာ သင်္ကေတတွေကို အတိအကျရိုက်နှိပ်နိုင်ဖို့နဲ့ နောက်ထပ် တစ်ခုရိုက်နှိပ်ဖို့ သင့်တော်တဲ့နေရာကိုပါ အတိအကျချိန်ဆပေးထားပြီး ရိုက်နှိပ်မယ်သူ ကြည်ရ ရှုရ လုပ်ရကိုင်ရ အဆင်ပြေအောင် ကီးဘုတ်ကိုလည်း အ၀ိုင်းပုံစံ ဖန်တီးပေးခဲ့တယ်။

Etsy

ပထမဆုံး ထုတ်လုပ်တဲ့ ကီးဘုတ်က ဘားလိုင်းတွေနဲ့ လယ်ဂျာလိုင်းတွေက အစပြန်သွားတဲ့ အခါမှာလည်း အမြဲတမ်း သက်ဆိုင်ရာ နေရာအလိုက် အတိအကျပဲရှိခဲ့တယ်။ အခုနောက်ပို တစ်ဆင့်တိုးမြှင့်ထားတဲ့ ကီးဘုတ်မှာတော့ သင်္ကေတတွေ ပိုစုံလင်လာတဲ့အပြင် တိကျမှုကလည်း နဂိုအတိုင်းပဲဆိုပြီး Keaton ကဖော်ပြခဲ့ပါတယ်။

Etsy

ကီးဘုတ်ရဲ့ ဘယ်ဘက်မှာတော့ စကေးအတိုင်းအတာ ချိန်ဆနိုင်ဖို့ ကိရိယာအကွေးပါဝင်တယ်။ အဲ့ဒါကို Scale  Shift Handle နဲ့ Scale Shift Indicator လို့ ခေါ်ပါတယ်။ ဒီအတိုင်းအတာပြ ကိရိယာက ရိုက်နှိပ်မယ့်သူကို အထက်အောက်ရွေးတဲ့နေရာမှာ အတိအကျဖြစ်စေဖို့ အချိန်အဆတစ်ခုကို ပြသနေတာဖြစ်ပါတယ်။

READ
အံ့သြဖွယ်ကောင်းလောက်အောင် အရွယ်အစားကြီးမားနေတဲ့ ဟင်းသီးဟင်းရွက်များ
Etsy

အရင်ခေတ်ကာလတွေကတည်းက ဂီတလောကကြီး သပ်ရပ်ခဲ့တယ်။  လက်ရေးမူတွေထက် ပုံနှိပ်တဲ့ အရည်အသွေးနဲ့ ဖတ်ရှုနိုင်အောင် အားထုတ်ခဲ့ကြတာ လေးစားဖွယ်မြင်တွေ့ရတယ်။ ဒီလိုနည်းနဲ့ ထုတ်ဝေသူတွေ၊ သင်ကြားရေး ဆရာ ဆရာမတွေ၊ ဂီတ သမားတွေအတွက် မိတ္တူကော်ပီတွေ အမြောက်အမြားထုတ်ဖို့ လွယ်ကူစေခဲ့တယ်။

Etsy

ဒါပေမယ့်လည်း ကိုယ်ပိုင် လက်နဲ့သာ ရေးမှတ်လိုတဲ့ တေးရေးဆရာတွေ အများကြီးပဲရှိနေပါသေးတယ်။ အခုနောက်ပိုင်ကတော့ ကွန်ပျူတာနဲ့လည်း ရေးမှတ်ပြီး ပရင့်ထုတ်လို့ရနေပါပြီ။ ဒီ ဂီတ လက်နှိပ်စက် မူလထုတ်လုပ်တာကတော့ Keaton Music Typewriter က ဖြစ်ပြီး လက်ရှိအချိန်မှာ အလုံးရေနည်းနည်းလောက်သာရှိနိုင်တော့တယ်လို့သိရပါတယ်။ တစ်ခါတစ်လေ အွန်လိုင်း လေလံပေ့ခ်ျတွေမှာ ဒေါ်လာ (၆၀၀၀-၁၂၀၀၀) ကြားဈေးနဲ့ တွေ့ရတတ်ကြောင်းဖော်ပြပေးလိုက်ပါတယ်။

Source: Bored Panda

Matthew (ShweMOM)
SHARE