ငယ်သူငယ်ချင်းရဲ့ လူမဆန်နဲ့လုပ်ရပ်ကြောင့် မွေးနေ့မှာ ကြွေလွင့်ခဲ့ရတဲ့ သူမ

Twitter- STAFFORDSHIRE POLICE

သူမနာမည်က Kelley Bunker ပါ။ အဲဒီနေ့က သူမရဲ့ အသက် ၂၀ ပြည့်မွေးနေ့မလို့ ညဖက် သူငယ်ချင်းတွေနဲ့ night out မယ်ဆိုပြီး အိမ်ကနေ ထွက်သွားခဲ့တာပါ။ အသက်လည်း ၂၀ ပြည့်ပြီ သူငယ်ချင်းတွေဆိုတာလည်း အိမ်ကပါ သိနေတာကြောင့် စိတ်ချလက်ချနဲ့ပဲ လွှတ်လိုက်ခဲ့ပါတယ်။ ဒါပေမဲ့ Kelley Bunker ဟာ အိမ်ကို ဘယ်တော့မှ ပြန်မရောက်လာတော့ပါဘူး။

ဖခင်ဖြစ်သူက သက်ဆိုင်ရာကို အကြောင်းကြားကာ လူပျောက်တိုင်ဖွင့်ခဲ့ရပါတော့တယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့။ Staffordshire ရဲဌာနကနေ Kelley Bunker ရဲ့ အိမ်ကို ဖုန်းဆက်လာခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ ရုပ်အလောင်းကို လာရောက်အတည်ပြုပေးဖို့ပါပဲ။ အလောင်းကိုတော့ Staffordshire, Tamworth မှာရှိနေတဲ့ ခြုံဘုတ်နဲ့သစ်ကိုင်းတွေအောက်ကနေ ပြန်ရှာတွေ့ခဲ့တာပါတဲ့။

တရားခံကတော့ Wesley Streete ပါ။ Kelley Bunker ရဲ့ ငယ်ငယ်လေးကတည်းက အတူတူခင်ခင်မင်မင် ချစ်ချစ်ခင်ခင်နဲ့ ပေါင်းသင်းလာခဲ့တဲ့ အချစ်ရဆုံးသော ငယ်သူငယ်ချင်းတစ်ဦးပါ။ မွေးနေ့ညတုန်းက အိမ်ကိုလမ်းလျှောက်ပြန်တာ စိတ်မချလို့ လိုက်ပို့ပေးမယ်ဆိုပြီး အတူတူကလပ်ကနေ ပြန်သွားခဲ့ပြီး Kelley Bunker အပေါ် စိတ်ရိုင်းတွေဝင်သွားခဲ့ပြီး ထိန်းမရတာကြောင့် အဓမ္မကြံခဲ့ရင်း သတ်မိခဲ့တယ်လို့ဆိုပါတယ်။ နောက် အလောင်းကိုတော့ ဝှက်လိုက်တယ်ပေါ့။ Kelley Bunker နဲ့တွဲပြီး နောက်ဆုံးတွေ့ခဲ့တဲ့သူက Wesley Streete လို့ မျက်မြင်သက်သေတွေကပြောလို့ ဖုန်းနဲ့စစ်ဆေးတုန်းကတောင် “ခင်ဗျားတို့က ကျွန်တော့်ကို စွပ်စွဲနေတာလား” လို့ ဗြောင်လိမ်ခဲ့ပါသေးတယ်။

READ
ဟာရီကိန်းဟာဗေမုန်တိုင်းကြောင့် ဆုံးရှုံးမှုတန်ဖိုး ပေါင် 120 ဘီလီယံအထိ ရှိခဲ့တဲ့ အမေရိကန်
Twitter- STAFFORDSHIRE POLICE

နောက်ဆုံး ၈ နာရီကြာအောင် စစ်ဆေးပြီးတဲ့အချိန်မှာတော့ ဝန်ခံခဲ့ပေမယ့်လို့ သူက အဓမ္မကျင့်တာမဟုတ်ဘဲ နှစ်ကိုယ်တူ သဘောတူလို့ အတူနေမိကြရင်း လက်လွန်ကာ မတော်တဆ သတ်မိတ်လို့ဆိုသတဲ့။ အမောဖောက်ပြီး မေ့မြောသွားတယ်ပေါ့။ ဒါပေမဲ့ Kelley Bunker ရဲ့ လည်ပင်းပေါ်က အညိုအမည်းတွေ၊ လက်တွေက အညိုအမည်းတွေကတော့ ဘာအမှုလဲဆိုတာ သက်သေကိုဖြစ်နေပါတော့တယ်။

သူမမှာ ဖြောင့်ဖြူးနေတဲ့ အနာဂတ်တစ်ခုရှိနေပြီး အသက် ၂၀ ပြည့်တာနဲ့ ဘဝအတွက် လုပ်ရမယ့်အလုပ်တွေအားလုံးကိုလည်း ကြိုတင်စီစဉ်ချပြီးသားပါ။ ခေတ်မိန်းကလေးတွေလို ဟော့ဟော့ရမ်းရမ်းမရှိဘဲ အရမ်းကို လိမ္မာပြီး လူတိုင်းအပေါ်မှာ ကြင်ကြင်နာနာနဲ့အနစ်နာခံ ပေါင်းသင်းတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ မိသားစုရော၊ သူငယ်ချင်းတွေရဲ့ ချစ်ခြင်းတွေကိုပါ ခံထားရသူတစ်ဦးပါ။ လူလေးပါလှတဲ့အပြင် စိတ်လေးကလည်း လှတာကြောင့် လူချစ်လူခင်သိပ်ပေါပြီး Kelley Bunker လို မိန်းကလေးမျိုး ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ပါဘူးလို့ သူငယ်ချင်းတွေက နှမြောတသစွာပြောခဲ့ကြပါတော့တယ်။

Twitter- STAFFORDSHIRE POLICE

တရားခံကိုတော့ လာမယ့်သောကြာနေ့မှာ အမိန့်ချမှတ်မှာပါလို့ Daily Mail မှာ ဖတ်ခဲ့ရပါတယ်။

READ
ကျောင်းသားနဲ့ ပျော်ပါးခဲ့တဲ့ ကလေး(၃)ယောက်မိခင် ကျောင်းဆရာမ ထောင်(၇)နှစ်ကျ

penny

 

SHARE